Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



လုကာ 10:14

Judson Bible

တ​ရား​ဆုံး​ဖြတ်​တော်​မူ​သော​အ​ခါ သင်​တို့​သည် တု​ရု​မြို့​နှင့်​ဇိ​ဒုန်​မြို့​ထက် သာ၍​ခံ​ရ​ကြ​လ​တ္တံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

အို​တု​ရု​မြို့၊ ဇိ​ဒုန်​မြို့၊ ပါ​လေ​တ္တိ​န​ပြည်​နှင့် နီး​စပ်​သော​အ​ရပ်​ရှိ​သ​မျှ​တို့၊ သင်​တို့​သည် ငါ​နှင့်​အ​ဘယ်​သို့ ဆိုင်​ကြ​သ​နည်း။ ငါ့​ကို ရန်​တုံ့​ပြု​ကြ​မည်​လော။ ငါ့​ကို ရန်​တုံ့​ပြု​ကြ​လျှင်၊ ထို​ရန်​ကို သင်​တို့​ခေါင်း​ပေါ်​သို့ အ​လျင်​အ​မြန် ငါ​ပြန်​ရောက်​စေ​မည်။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ တု​ရု​မြို့​သည် ညီ​အစ်​ကို​ချင်း​ဖွဲ့​သော မိတ်​သ​ဟာ​ယ​ကို မ​စောင့်၊ ချုပ်​ထား​သော သူ​အ​ပေါင်း​တို့​ကို ဧ​ဒုံ​မင်း၌​အပ်​သော အ​ပြစ်​သုံး​ပါး​မ​က၊ အ​ပြစ်​လေး​ပါး​ကြောင့် ငါ​သည် ဒဏ်​မ​ပေး​ဘဲ​မ​နေ။

မြေ​ကြီး​ပေါ်​မှာ​နေ​သော အ​မျိုး​သား​အ​ပေါင်း​တို့​တွင် သင်​တို့ တစ်​မျိုး​တည်း​ကို​သာ ငါ​လက်​ခံ​သော​ကြောင့်၊ သင်​တို့​အ​ပြစ် ရှိ​သ​မျှ​တို့​ကို ငါ​စစ်​ကြော​မည်။

ငါ​အ​မှန်​ဆို​သည်​ကား၊ တ​ရား​ဆုံး​ဖြတ်​သော​နေ့၌ ထို​မြို့​သည် သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​ထက် သာ၍ ခံ​ရ​လ​တ္တံ့။-

အို ခေါ​ရာ​ဇိန်​မြို့၊ သင်​သည် အ​မင်္ဂ​လာ​ရှိ၏။ အို ဗက်​ဇဲ​ဒ​မြို့၊ သင်​သည် အ​မင်္ဂ​လာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​တွင်​ပြ​သော တန်​ခိုး​ကို တု​ရု​မြို့​နှင့် ဇိ​ဒုန်​မြို့​တို့​တွင်​ပြ​ဖူး​လျှင်၊ ထို​မြို့​တို့​သည် ရှေး​ကာ​လ၌ လျှော်​တေ​အ​ဝတ်​ကို ဝတ်၍၊ ပြာ​နှင့်​လူး​လျက် နောင်​တ ရ​ကြ​လိမ့်​မည်။-

အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြောင်း​ကား၊ အ​လင်း​သည် ဤ​လော​က​သို့​ဝင်၍၊ လူ​တို့​သည် မ​ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​ကြောင့်၊ အ​လင်း​ထက် မှောင်​မိုက်​ကို သာ၍​နှစ်​သက်​ကြ၏။-

သူ​တစ်​ပါး​ကို စစ်​ကြော​စီ​ရင်​တတ်​သော​သူ၊ သင်​သည် ကိုယ်​အ​ပြစ်​ကို မ​ဖုံး​နိုင်​ရာ။ အ​ကြောင်း​မူ​ကား၊ သင်​သည်​စစ်​ကြော​စီ​ရင်​သော အ​မှု​ကို​ပင် ကိုယ်​တိုင်​ပြု​သည်​ဖြစ်၍၊ သူ​တစ်​ပါး​ကို စစ်​ကြော​စီ​ရင်​သည်​တွင် ကိုယ်​အ​ပြစ်​ရှိ​ကြောင်း​ကို စီ​ရင်​ဆုံး​ဖြတ်​ရာ​ရောက်၏။-

အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​သူ​သည်​လည်း ကိုယ်​အ​လို​အ​လျောက် ပ​ညတ်​တ​ရား​ကို ကျင့်​လျှင်၊ ကျမ်း​စာ​နှင့် အ​ရေ​ဖျား​လှီး​ခြင်း​ရှိ​လျက်​ပင် ပ​ညတ်​တ​ရား​ကို လွန်​ကျူး​သော​သင်​ကို တ​ရား​တွေ့၍ အ​ရှုံး​ခံ​စေ​မည်​မ​ဟုတ်​လော။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ