Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



လုကာ 1:27

Judson Bible

မ​ယှက်​တင်​သေး​သော သ​တို့​သ​မီး​က​ညာ​ဆီ​သို့ ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​တ​မန်​ဂါ​ဗြေ​လ​ကို စေ​လွှတ်​တော်​မူ၏။ သ​တို့​သ​မီး​က​ညာ​ကား၊ မာ​ရိ​အ​မည်​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

သင်​နှင့် မိန်း​မ​ကို​လည်း​ကောင်း၊ သင်၏​အ​မျိုး​အ​နွယ်​နှင့် မိန်း​မ၏​အ​မျိုး​အ​နွယ်​ကို​လည်း​ကောင်း၊ ငါ​သည်​ရန်​ငြိုး​ဖွဲ့​စေ​မည်။ သူ​သည် သင်၏​ခေါင်း​ကို ကြိတ်​လိမ့်​မည်၊ သင်​သည် သူ၏​ဖ​နောင့်​ကို ကြိတ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​တိုင် နိ​မိတ်​လ​က္ခ​ဏာ​ကို သင်​တို့​အား​ပေး​တော်​မူ​မည်။ ကြည့်​ရှု​လော့။ သ​တို့​သ​မီး​က​ညာ​သည် ပ​ဋိ​သ​န္ဓေ​စွဲ​ယူ၍၊ သား​ယောက်ျား​ကို ဖွား​မြင်​လ​တ္တံ့။ ထို​သား​ကို ဧ​မာ​နွေ​လ​အ​မည်​ဖြင့် မှည့်​ရ​လ​တ္တံ့။

အို ဖောက်​ပြန်​သော သ​တို့​သ​မီး၊ သင်​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး လှည့်​လည်၍ နေ​လိမ့်​မည်​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကြီး​ပေါ်​မှာ ထူး​ဆန်း​သော​အ​မှု​ကို စီ​ရင်​တော်​မူ၍၊ မိန်း​မ​သည် ယောက်ျား​ကို ပတ်​ဝိုင်း​လိမ့်​မည်။

ယာ​ကုပ်​မြင်​သော​သား​ကား၊ မာ​ရိ၏​ခင်​ပွန်း​ယော​သပ်​တည်း။ ထို​မာ​ရိ​သည် ခ​ရစ်​ဟု​ခေါ်​ဝေါ်​သ​မုတ်​သော ယေ​ရှု၏​မယ်​တော်​ဖြစ်၏။

ယေ​ရှု​ခ​ရစ်​သည် ဖွား​မြင်​ခြင်း​ကို​ခံ​တော်​မူ​သော အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ မယ်​တော်​မာ​ရိ​သည် ယော​သပ်​နှင့် ထိမ်း​မြား​ဆောင်​နှင်း၍ မ​ယှက်​တင်​မီ​တွင် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကြောင့် ပ​ဋိ​သ​န္ဓေ​စွဲ​နေ၏။

ဗျာ​ဒိတ်​တော်​အ​ချက်​ဟူ​မူ​ကား ကြည့်​ရှု​လော့။ သ​တို့​သ​မီး​က​ညာ​သည် ပ​ဋိ​သ​န္ဓေ​စွဲ​ယူ၍ သား​ယောက်ျား​ကို ဖွား​မြင်​လ​တ္တံ့။ ထို​သား​ကို ဧ​မာ​နွေ​လ​အ​မည်​ဖြင့် မှည့်​ရ​ကြ​လ​တ္တံ့​ဟု လာ​သ​တည်း။ ဧ​မာ​နွေ​လ​အ​နက်​ကား ငါ​တို့​နှင့်​အ​တူ ရှိ​တော်​မူ​သော​ဘု​ရား​သ​ခင်​ဟု ဆို​လို​သ​တည်း။-

ကောင်း​ကင်​တ​မန်​သည် ရောက်​လာ​လျှင်၊ ကျေး​ဇူး​တော်​ကို​ခံ​ရ​သော မိန်း​မ၊ သင့်​အား​မင်္ဂ​လာ ဖြစ်​စေ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့် အ​တူ​ရှိ​တော်​မူ၏။ သင်​သည် မိန်း​မ​တ​ကာ​တို့​ထက် မြတ်​စွာ​သော မင်္ဂ​လာ​ရှိ​သည်​ဟု ပြော​ဆို၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ