ငါးလလွန်သောအခါ၊ ဂါလိလဲပြည် နာဇရက်မြို့၌ ဒါဝိဒ်အမျိုးသား၊ ယောသပ်အမည်ရှိသောလူနှင့် ထိမ်းမြားဆောင်နှင်း၍၊-
အခြားသောသူက၊ အိုဂါဗြေလ၊ ထိုသူသည် ယခုမြင်သော ဗျာဒိတ်ရူပါရုံကို နားလည်စေခြင်းငှာ အနက်ကို ပြန်ပြောလော့ဟု၊ ဥလဲမြစ်နားကြားမှာ လူအသံနှင့် ဟစ်၍ ပြောဆိုသည်ကို ငါကြား၏။
ဆုတောင်းသောအမှုမပြီးမီ မြွက်ဆိုစဉ်တွင် ယခင်ဗျာဒိတ် ရူပါရုံ၌ထင်ရှားသောသူ၊ ဂါဗြေလသည် လျင်မြန်စွာပျံ၍ လာသဖြင့် ညဥ့်ဦးယံပူဇော်ချိန်၌ ငါရှိရာသို့ ရောက်၍၊
ခရစ်တော်ကို နာဇရက်လူဟု ခေါ်ဝေါ်ကြလတ္တံ့ဟူသော ပရောဖက်တို့၏ နှုတ်ထွက်နှင့်အညီ၊ နာဇရက်အမည်ရှိသောမြို့သို့ ရောက်၍ အမြဲနေလေ၏။-
ကောင်းကင်တမန်က၊ ငါသည် ဘုရားသခင့်အထံတော်၌ ခစားသော ဂါဗြေလဖြစ်၏။ သင့်ကို နှုတ်ဆက်၍ ဤဝမ်းမြောက်စရာသတင်းကို ကြားပြောစေခြင်းငှာ ငါ့ကိုစေလွှတ်တော်မူ၏။-
မိဘတို့သည် ထာဝရဘုရား၏ ပညတ်တရားအတိုင်း ပြုရသမျှတို့ကို အကုန်အစင်ပြုပြီးမှ၊ ဂါလိလဲပြည်၊ နာဇရက်အမည်ရှိသော မိမိတို့မြို့သို့ ပြန်ကြ၏။-
ယောသပ်သည်လည်း ဒါဝိဒ်အမျိုးအနွယ်ဖြစ်၍၊ ထိမ်းမြားဆောင်နှင်းသော မယားမာရိနှင့်အတူ စာရင်းဝင်ခြင်းငှာ၊ ဂါလိလဲပြည် နာဇရက်မြို့မှ ယုဒပြည်တွင် ဗက်လင်အမည်ရှိသော ဒါဝိဒ်၏မြို့သို့ သွား၏။ ထိုအခါ မာရိသည် ပဋိသန္ဓေအရင့်အမာရှိ၏။-
အချို့ကလည်း၊ ဤသူသည် ခရစ်တော်ဖြစ်သည်ဟု ဆိုကြ၏။ အချို့ကလည်း၊ ခရစ်တော်သည် ဂါလိလဲပြည်သား ဖြစ်ရသလော။-