Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်ယောဟန် 8:51

Judson Bible

ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ့​စ​ကား​ကို နား​ထောင်​သော​သူ​သည် သေ​ခြင်း​နှင့် အ​စဉ်​မ​ပြတ်​ကင်း​လွတ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

သေ​ခြင်း​သို့​မ​ရောက်၊ အ​သက်​ရှင်၍ မိ​မိ​ဝိ​ညာဉ်​ကို မ​ရ​ဏာ​နိုင်​ငံ​တန်​ခိုး​မှ ကယ်​နုတ်​နိုင်​သော​သူ​ကား အ​ဘယ်​သူ​နည်း။

ငါ​အ​မှန်​ဆို​သည်​ကား၊ လူ​သား​သည် နိုင်​ငံ​တော်​တည်​လျက် ကြွ​လာ​တော်​မူ​သည်​ကို၊ ဤ​အ​ရပ်၌​ရှိ​သော သူ​အ​ချို့​တို့​သည် မ​မြင်​မီ သေ​ခြင်း​သို့​မ​ရောက်​ရ​ကြ​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ၏။

သူ​သည် ထာ​ဝ​ရ​ဘု​ရား၏ ခ​ရစ်​တော်​ကို​မ​မြင်​မီ မ​သေ​ရ​ဟု ဗျာ​ဒိတ်​တော်​ကို​ရ၏။-

ယေ​ရှု​က​လည်း၊ ငါ့​ကို​ချစ်​သော​သူ​သည် ငါ့​စ​ကား​ကို နား​ထောင်​လိမ့်​မည်။ ငါ့​ခ​မည်း​တော်​သည် ထို​သူ​ကို ချစ်​တော်​မူ​သည်။ ငါ​တို့​သည်​လည်း၊ သူ့​ဆီ​သို့​ကြွ၍ နေ​ရာ​ချ​မည်။-

ကျွန်​သည် မိ​မိ​သ​ခင်​ထက်​သာ၍ ကြီး​မြတ်​သည်​မ​ဟုတ်​ဟု ငါ​ပြော​ခဲ့​ပြီး​သော​စ​ကား​ကို အောက်​မေ့​ကြ​လော့။ သူ​တို့​သည် ငါ့​ကို​ညှဉ်း​ဆဲ​လျှင် သင်​တို့​ကို ညှဉ်း​ဆဲ​ကြ​လိမ့်​မည်။ ငါ့​စ​ကား​ကို​နား​ထောင်​လျှင် သင်​တို့၏​စ​ကား​ကို နား​ထောင်​ကြ​လိမ့်​မည်။-

ဤ​လော​က​ထဲ​မှ​ယူ၍ အ​ကျွန်ုပ်၌ အပ်​ပေး​တော်​မူ​သော​သူ​တို့​အား အ​ကျွန်ုပ်​သည် ကိုယ်​တော်၏ နာ​မ​ကို​ပြ​ပါ​ပြီ။ ထို​သူ​တို့​ကို ကိုယ်​တော်​သည်​ပိုင်​တော်​မူ​သ​ဖြင့် အ​ကျွန်ုပ်​အား ပေး​တော်​မူ၏။ ကိုယ်​တော်၏ နှုတ်​က​ပတ်​တ​ရား​ကို သူ​တို့​သည်​စောင့်​ကြ​ပါ၏။-

ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ့​စ​ကား​ကို နား​ထောင်၍ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​ကို ယုံ​ကြည်​သော​သူ​သည် ထာ​ဝ​ရ​အ​သက်​ကို ရ​သည်​ဖြစ်၍ အ​ပြစ်​စီ​ရင်​ခြင်း​ကို​မ​ခံ​ရ။ သေ​ခြင်း​မှ​အ​သက်​ရှင်​ခြင်း​သို့ ကူး​မြောက်​သော​သူ​ဖြစ်၏။

ကောင်း​ကင်​မှ​ဆင်း​သက်​သော​မုန့်​ကို စား​သော​သူ​သည် သေ​ခြင်း​နှင့်​ကင်း​လွတ်၏။-

တစ်​ဖန်​တုံ​ယေ​ရှု​က၊ ငါ​သည် ဤ​လော​က၏​အ​လင်း​ဖြစ်၏။ ငါ့​နောက်​သို့ လိုက်​သော​သူ​သည် မှောင်​မိုက်၌ မ​သွား​မ​လာ။ အ​သက်၏​အ​လင်း​ကို​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-

ယု​ဒ​လူ​တို့​က​လည်း၊ သင်၌​နတ်​ဆိုး​စွဲ​သည်​ကို ယ​ခု​ငါ​တို့​သိ​ကြ၏။ အာ​ဗြ​ဟံ​မှ​စ၍ ပ​ရော​ဖက်​တို့​သည် သေ​လွန်​ကြ​ပြီ။ သင်​မူ​ကား၊ ငါ့​စ​ကား​ကို နား​ထောင်​သော​သူ​သည် သေ​ခြင်း​နှင့် အ​စဉ်​မ​ပြတ်​ကင်း​လွတ်​လိမ့်​မည်​ဟု ဆို​ပါ​သည်​တ​ကား။-

သို့​သော်​လည်း ထို​ဘု​ရား​သ​ခင်​ကို သင်​တို့​မ​သိ​ကြ။ ငါ​မူ​ကား​သိ၏။ ငါ​မ​သိ​ဟု​ငါ​ဆို​လျှင် သင်​တို့​ကဲ့​သို့ မု​သား​သုံး​သော​သူ​ဖြစ်​လိမ့်​မည်။ ထို​ဘု​ရား​သ​ခင်​ကို ငါ​သိ၏။ ဘု​ရား​သ​ခင်၏​စ​ကား​တော်​ကို​လည်း နား​ထောင်၏။-

ဧ​နောက်​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့် သေ​ခြင်း​နှင့်​လွတ်၍ ဘ​ဝ​ပြောင်း​ရ၏။ ဘု​ရား​သ​ခင်​သည် သူ့​ကို ဘ​ဝ​ပြောင်း​စေ​တော်​မူ​သော​ကြောင့်၊ သူ​သည် နောက်​တစ်​ဖန် မ​ပေါ်​မ​ရှိ။ သူ​သည် ဘ​ဝ​မ​ပြောင်း​မီ ဘု​ရား​သ​ခင်၏ စိတ်​တော်​နှင့် တွေ့​သော​သူ​ဖြစ်​သည်​ဟု သက်​သေ​ခံ​ခြင်း​ကို ရ​လေ၏။-

ယေ​ရှု​သည် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​အား​ဖြင့် လူ​အ​ပေါင်း​တို့​အ​တွက်​ကြောင့် အ​သေ​ခံ​ရ​သော အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ၊ ကောင်း​ကင်​တ​မန်​တို့​အောက်၌ အ​နည်း​ငယ်​နှိမ့်​ပြီး​မှ၊ အ​သေ​ခံ​ရ​သော​ကြောင့် ခေါင်း​တော်၌ ဘုန်း​အ​သ​ရေ ပတ်​ရစ်​လျက်​ရှိ​သည်​ကို ငါ​တို့​မြင်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ