Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်ယောဟန် 8:47

Judson Bible

ဘု​ရား​သ​ခင်​နှင့်​စပ်​ဆိုင်​သော​သူ​သည် ဘု​ရား​သ​ခင်၏​စ​ကား​တော်​ကို နား​ထောင်​တတ်၏။ သင်​တို့​သည် ဘု​ရား​သ​ခင်​နှင့်​မ​စပ်​ဆိုင်​သော​ကြောင့် နား​မ​ထောင်​ကြ​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

လူ​အ​များ​တို့​သည် သန့်​ရှင်း​ဖြူ​စင်​ခြင်း​သို့​ရောက်၍ စုံ​စမ်း​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ မ​တ​ရား​သော​သူ​တို့​သည် မ​တ​ရား​သ​ဖြင့် ပြု၍ တစ်​ယောက်​မျှ နား​မ​လည်​ရ။ ပ​ညာ​ရှိ​သော သူ​တို့​မူ​ကား၊ နား​လည်​ကြ​လိမ့်​မည်။

ငါ့​ကို​ပယ်၍ ငါ့​စ​ကား​ကို နား​မ​ခံ​သော​သူ​အား အ​ပြစ်​စီ​ရင်​သော​သူ​ရှိ​သေး၏။ ငါ​ဟော​ပြော​သော​စ​ကား​ပင် နောက်​ဆုံး​သော​နေ့၌ ထို​သူ​အား​အ​ပြစ်​စီ​ရင်​လိမ့်​မည်။-

ပိ​လတ်​မင်း​က​လည်း၊ သို့​ဖြစ်​လျှင် သင်​သည် ရှင်​ဘု​ရင်​မှန်​သ​လော​ဟု မေး​သော်၊ ယေ​ရှု​က၊ မင်း​ကြီး​မေး​သည်​အ​တိုင်း ငါ​သည်​ရှင်​ဘု​ရင်​မှန်၏။ သ​မ္မာ​တ​ရား​ဘက်၌ သက်​သေ​ခံ​ခြင်း​ငှာ ငါ​သည်​မွေး​ဖွား​ခြင်း​ကို​ခံ၍ ဤ​လော​က​သို့​ကြွ​လာ​ပြီ။ သ​မ္မာ​တ​ရား​နှင့်​စပ်​ဆိုင်​သ​မျှ​သော သူ​တို့​သည် ငါ့​စ​ကား​ကို​နား​ထောင်​ကြ​သည်​ဟု မိန့်​တော်​မူ၏။-

ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သေ​လွန်​သော​သူ​တို့​သည် ဘု​ရား​သ​ခင်​သား​တော်၏ စ​ကား​သံ​ကို​ကြား၍၊ ကြား​သော​အား​ဖြင့် အ​သက်​ရှင်​ရ​မည့်​အ​ချိန်​ကာ​လ​သည် လာ၍ ယ​ခု​ပင်​ရောက်​လျက်​ရှိ၏။-

ထို​ကြောင့် ငါ၏​ခ​မည်း​တော်​သည် အ​ခွင့်​ပေး​တော်​မ​မူ​လျှင်၊ အ​ဘယ်​သူ​မျှ ငါ​ထံ​သို့​မ​လာ​နိုင်​ဟု အ​ထက်​က ငါ​ဆို​ခဲ့​ပြီ​ဟု မိန့်​တော်​မူ၏။ ထို​သို​မိန့်​တော်​မူ​သည် အ​ကြောင်း​ဟူ​မူ​ကား၊ အ​ဘယ်​သူ​မ​ယုံ​ကြည်​သည်​ကို​လည်း​ကောင်း၊ အ​ဘယ်​သူ​သည် ကိုယ်​တော်​ကို အပ်​နှံ​မည်​ကို​လည်း​ကောင်း၊ ယေ​ရှု​သည် အ​စ​အ​ဦး၌ သိ​တော်​မူ၏။

သင်​တို့​သည် အာ​ဗြ​ဟံ​အ​မျိုး​ဖြစ်​ကြ​သည်​ကို ငါ​သိ၏။ သို့​သော်​လည်း ငါ၏​ဒေ​သ​နာ​သည် သင်​တို့၌ တည်​နေ​ရာ​ကို မ​ရ​သော​ကြောင့် သင်​တို့​သည် ငါ့​ကို သတ်​အံ့​သော​ငှာ ရှာ​ကြံ​ကြ၏။-

အ​ဘယ်​ကြောင့်​ငါ့​စ​ကား​ကို နား​မ​လည်​ကြ​သ​နည်း။ ငါ၏​ဒေ​သ​နာ​ကို နား​မ​ခံ​မ​ယူ​နိုင်​သော​ကြောင့်​သာ သင်​တို့​သည် ငါ့​စ​ကား​ကို နား​မ​လည်​ကြ။-

ငါ​သည်​သ​စ္စာ​စ​ကား​ကို ပြော​သော​ကြောင့် သင်​တို့​မ​ယုံ​ကြ။-

ထို​သို့​သော​လ​က္ခ​ဏာ​အား​ဖြင့် ဘု​ရား​သ​ခင်၏​သား​တို့​နှင့် မာရ်​နတ်၏​သား​တို့​သည် ထင်​ရှား​ကြ၏။ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို မ​ကျင့်​သော​သူ၊ မိ​မိ​ညီ​အစ်​ကို​ကို မ​ချစ်​သော​သူ မည်​သည်​ကား၊ ဘု​ရား​သ​ခင်​နှင့်​မ​ဆိုင်။

ယေ​ရှု​သည် ခ​ရစ်​တော်​ဖြစ်​တော်​မူ​သည်​ကို ယုံ​ကြည်​သော​သူ​မည်​သည်​ကား၊ ဘု​ရား​သ​ခင်​ဖြစ်​ဖွား​စေ​တော်​မူ​သော​သူ​ဖြစ်၏။ အ​ဘ​ကို​ချစ်​သော​သူ​သည် သား​ကို​လည်း ချစ်​တတ်​သည်​နှင့်​အ​ညီ၊-

ခ​ရစ်​တော်၏​ဒေ​သ​နာ၌ မ​တည်​ဘဲ လွန်​ကျူး​သော​သူ​မည်​သည်​ကား၊ ဘု​ရား​သ​ခင်​ကို​မ​သိ။ ခ​ရစ်​တော်၏​ဒေ​သ​နာ၌ တည်​သော​သူ​သည် ခ​မည်း​တော်​နှင့် သား​တော်​ကို​သိ၏။-

အ​ချင်း​ချစ်​သူ၊ မ​ကောင်း​သော​နည်း​ကို မ​လိုက်​နှင့်၊ ကောင်း​သော​နည်း​ကို​သာ လိုက်​လော့။ ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ​သည် ဘု​ရား​သ​ခင်​နှင့် စပ်​ဆိုင်၏။ မ​ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ​မူ​ကား၊ ဘု​ရား​သ​ခင်​ကို မ​သိ​မ​မြင်​ရ​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ