Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်ယောဟန် 8:39

Judson Bible

ထို​သူ​တို့​က​လည်း၊ အာ​ဗြ​ဟံ​သည် ငါ​တို့​အ​ဘ​ဖြစ်၏​ဟု ဆို​ကြ၏။ ယေ​ရှု​က​လည်း၊ သင်​တို့​သည် အာ​ဗြ​ဟံ၏​သား​မှန်​လျှင် အာ​ဗြ​ဟံ၏​အ​ကျင့်​ကို ကျင့်​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြ​ဟံ​သည် ငါ​တို့​အ​ဘ​ဖြစ်​သည်​ဟူ၍ စိတ်​ထဲ၌ မ​အောက်​မေ့​ကြ​နှင့်။ ဘု​ရား​သ​ခင်​သည် ဤ​ကျောက်​ခဲ​တို့​မှ အာ​ဗြ​ဟံ​သား​တို့​ကို ထုတ်​ဖော်​ဖန်​ဆင်း​နိုင်​တော်​မူ​သည်​ဟု ငါ​အ​မှန်​ဆို၏။

အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည်၊ ကောင်း​သော​သူ မ​ကောင်း​သော​သူ​တို့​အ​ပေါ်၌ ကိုယ်​တော်၏​နေ​ကို ထွက်​စေ​တော်​မူ၏။ ဖြောင့်​မတ်​သော​သူ မ​ဖြောင့်​မတ်​သော​သူ​တို့ အ​ပေါ်၌ မိုး​ကို ရွာ​စေ​တော်​မူ၏။-

ယု​ဒ​လူ​တို့​က​လည်း၊ ငါ​တို့​သည် အာ​ဗြ​ဟံ​အ​မျိုး ဖြစ်​ကြ၏။ အ​ဘယ်​သူ​ထံ၌ တစ်​ရံ​တစ်​ခါ​မျှ ကျွန်​မ​ခံ​ကြ။ လွှတ်​လိမ့်​မည်​ဟူ၍ သင်​သည်​အ​ဘယ်​သို့​ပြော​ဆို​သ​နည်း​ဟု မေး​မြန်း​ကြ၏။ ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊-

သင်​တို့​သည် အာ​ဗြ​ဟံ​အ​မျိုး​ဖြစ်​ကြ​သည်​ကို ငါ​သိ၏။ သို့​သော်​လည်း ငါ၏​ဒေ​သ​နာ​သည် သင်​တို့၌ တည်​နေ​ရာ​ကို မ​ရ​သော​ကြောင့် သင်​တို့​သည် ငါ့​ကို သတ်​အံ့​သော​ငှာ ရှာ​ကြံ​ကြ၏။-

အ​ဘယ်​ကြောင့်​ငါ့​စ​ကား​ကို နား​မ​လည်​ကြ​သ​နည်း။ ငါ၏​ဒေ​သ​နာ​ကို နား​မ​ခံ​မ​ယူ​နိုင်​သော​ကြောင့်​သာ သင်​တို့​သည် ငါ့​စ​ကား​ကို နား​မ​လည်​ကြ။-

သင်​တို့​အ​ဘ အာ​ဗြ​ဟံ​သည် ငါ​ကြွ​လာ​မည့်​အ​ချိန်​ကာ​လ​ကို မြော်​မြင်​ခြင်း​ငှာ အ​လွန်​အ​လို​ရှိ၏။ မြင်​ရ​သော​အ​ခါ ဝမ်း​မြောက်​ခြင်း​သို့ ရောက်​သည်​ဟု မိန့်​တော်​မူ၏။-

ငါ​တို့​အ​ဘ​အာ​ဗြ​ဟံ​သည် ထို​သူ​အ​ပေါင်း​တို့၏ အ​ဘ​ဖြစ်​အံ့​သော​ငှာ​လည်း​ကောင်း၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သည်​သာ​မ​က၊ ငါ​တို့​အ​ဘ​အာ​ဗြ​ဟံ​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို​မ​ခံ​မီ ရှိ​သော ယုံ​ကြည်​ခြင်း​လမ်း​သို့​လိုက်​သော သူ​တို့၏​အ​ဘ ဖြစ်​အံ့​သော​ငှာ​လည်း​ကောင်း၊ အာ​ဗြ​ဟံ​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​မီ​ရှိ​သော ယုံ​ကြည်​ခြင်း၏​ဖြောင့်​မတ်​ခြင်း တံ​ဆိပ်​တည်း​ဟူ​သော အ​ရေ​ဖျား​လှီး​ခြင်း၏ လ​က္ခ​ဏာ​ကို ခံ​ရ​သ​တည်း။

ထို​ကြောင့်၊ က​တိ​တော်​သည် ပ​ညတ်​တ​ရား​နှင့်​ဆိုင်​သော အ​မျိုး​အ​နွယ်​တို့၌ ပြည့်​စုံ​သည်​သာ​မ​က၊ အာ​ဗြ​ဟံ၏ ယုံ​ကြည်​ခြင်း​တ​ရား​နှင့် ဆိုင်​သော​သူ​တို့၌ ပြည့်​စုံ​လျက်၊ အာ​ဗြ​ဟံ၏ အ​မျိုး​အ​နွယ်​အ​ပေါင်း​တို့၌ ပြည့်​စုံ​မည်​အ​ကြောင်း၊ ကျေး​ဇူး​တော်​ကြောင့် ဖြောင့်​မတ်​ရာ​သို့​ရောက်​စေ​ခြင်း​ငှာ၊ ယုံ​ကြည်​ခြင်း​တ​ရား​ကို​သာ အ​မှီ​ပြု၍ ရောက်​နိုင်၏။-

ထို​နည်း​တူ အာ​ဗြ​ဟံ၏ အ​မျိုး​အ​နွယ်​ဖြစ်​သော သူ​အ​ပေါင်း​တို့​သည် အာ​ဗြ​ဟံ၏​သား​မှန် မ​ဟုတ်။ ဣ​ဇာက်၌​သာ သင်၏​အ​မျိုး တည်​လိမ့်​မည်​ဟု ဗျာ​ဒိတ်​တော်​ရှိ၏။-

ခ​ရစ်​တော်​နှင့်​စပ်​ဆိုင်​လျှင်​အာ​ဗြ​ဟံ၏ အ​မျိုး​အ​နွယ်​ပင်​ဖြစ်၍၊ က​တိ​တော်​အ​တိုင်း အ​မွေ​ခံ၏​အ​ရာ၌ တည်​ကြ၏။

ယုံ​ကြည်​ခြင်း​ရှိ​သော​သူ​သည် အာ​ဗြ​ဟံ၏​သား ဖြစ်​သည်​ဟု အ​မှန်​သိ​မှတ်​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ