Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်ယောဟန် 8:33

Judson Bible

ယု​ဒ​လူ​တို့​က​လည်း၊ ငါ​တို့​သည် အာ​ဗြ​ဟံ​အ​မျိုး ဖြစ်​ကြ၏။ အ​ဘယ်​သူ​ထံ၌ တစ်​ရံ​တစ်​ခါ​မျှ ကျွန်​မ​ခံ​ကြ။ လွှတ်​လိမ့်​မည်​ဟူ၍ သင်​သည်​အ​ဘယ်​သို့​ပြော​ဆို​သ​နည်း​ဟု မေး​မြန်း​ကြ၏။ ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်၏​အ​မျိုး​အ​နွယ်​သည်၊ သူ​တစ်​ပါး​ပိုင်​သော​ပြည်၌ ဧည့်​သည်​ဖြစ်​ကြ​သ​ဖြင့်၊ သူ​တစ်​ပါး​တို့၌​ကျွန်​ခံ​ခြင်း၊ နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း​ကို အ​နှစ်​လေး​ရာ​ပတ်​လုံး​ခံ​ရ​ကြ​လိမ့်​မည်​ကို အ​မှန်​သိ​မှတ်​လော့။

အ​ကျွန်ုပ်​တို့​သည် ကျွန်​ခံ​လျက်​နေ​ရ​ပါ၏။ ထို​သို့ ကျွန်​ခံ​လျက် နေ​ရ​သော်​လည်း၊ အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်​သည် စွန့်​ပစ်​တော်​မ​မူ။ အ​ကျွန်ုပ်​တို့ အ​သက်​လွတ်​ခြင်း​ငှာ​လည်း​ကောင်း၊ အ​ကျွန်ုပ်​တို့ ဘု​ရား​သ​ခင်၏ အိမ်​တော်​ကို ထူ​ထောင်၍၊ ပြို​ပျက်​ရာ​တို့​ကို ပြု​ပြင်​ခြင်း​ငှာ​လည်း​ကောင်း၊ ယု​ဒ​ပြည် ယေ​ရု​ရှ​လင်​မြို့၌ ခို​လှုံ​ရာ​အ​ရပ်​ကို အ​ကျွန်ုပ်​အား ပေး​ခြင်း​ငှာ​လည်း​ကောင်း၊ ပေ​ရ​သိ​ရှင်​ဘု​ရင်​တို့​သည် အ​ကျွန်ုပ်​တို့၌ ကျေး​ဇူး​ပြု​ချင်​သော စေ​တ​နာ​စိတ်​ကို ပေး​သ​နား​တော်​မူ​ပြီ။

အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ​ငါ​နုတ်​ဆောင်​သော ငါ၏​အ​မှု​ထမ်း​ဖြစ်၍၊ အ​စေ​ခံ​ကျွန်​ဖြစ်​စေ​ခြင်း​ငှာ၊ မ​ရောင်း​ရ။

အာ​ဗြ​ဟံ​သည် ငါ​တို့​အ​ဘ​ဖြစ်​သည်​ဟူ၍ စိတ်​ထဲ၌ မ​အောက်​မေ့​ကြ​နှင့်။ ဘု​ရား​သ​ခင်​သည် ဤ​ကျောက်​ခဲ​တို့​မှ အာ​ဗြ​ဟံ​သား​တို့​ကို ထုတ်​ဖော်​ဖန်​ဆင်း​နိုင်​တော်​မူ​သည်​ဟု ငါ​အ​မှန်​ဆို၏။

နောင်​တ​ရ​ခြင်း​နှင့် ထိုက်​တန်​သော​အ​ကျင့်​ကို ကျင့်​ကြ​လော့။ အာ​ဗြ​ဟံ​သည် ငါ​တို့​အ​ဘ​ဖြစ်​သည်​ဟူ၍ စိတ်​ထဲ၌ မ​အောက်​မေ့​ကြ​နှင့်။ ဘု​ရား​သ​ခင်​သည် ဤ​ကျောက်​ခဲ​တို့​မှ အာ​ဗြ​ဟံ​သား​တို့​ကို ထုတ်​ဖော် ဖန်​ဆင်း​နိုင်​တော်​မူ​သည်​ဟု ငါ​အ​မှန်​ဆို၏။-

ယေ​ရှု၏ လက်​ဝါး​ကပ်​တိုင်​တော်​နား​မှာ မယ်​တော်​နှင့် မယ်​တော်၏​ညီ​မ​ဖြစ်​သော က​လော​ဖ၏​မ​ယား မာ​ရိ​နှင့် မာ​ဂ​ဒ​လ​မာ​ရိ​တို့​သည် ရပ်​နေ​ကြ၏။-

သင်​တို့​သည် အာ​ဗြ​ဟံ​အ​မျိုး​ဖြစ်​ကြ​သည်​ကို ငါ​သိ၏။ သို့​သော်​လည်း ငါ၏​ဒေ​သ​နာ​သည် သင်​တို့၌ တည်​နေ​ရာ​ကို မ​ရ​သော​ကြောင့် သင်​တို့​သည် ငါ့​ကို သတ်​အံ့​သော​ငှာ ရှာ​ကြံ​ကြ၏။-

ထို​သူ​တို့​က​လည်း၊ အာ​ဗြ​ဟံ​သည် ငါ​တို့​အ​ဘ​ဖြစ်၏​ဟု ဆို​ကြ၏။ ယေ​ရှု​က​လည်း၊ သင်​တို့​သည် အာ​ဗြ​ဟံ၏​သား​မှန်​လျှင် အာ​ဗြ​ဟံ၏​အ​ကျင့်​ကို ကျင့်​ကြ​လိမ့်​မည်။-

အ​ဘယ်​ကြောင့်​ငါ့​စ​ကား​ကို နား​မ​လည်​ကြ​သ​နည်း။ ငါ၏​ဒေ​သ​နာ​ကို နား​မ​ခံ​မ​ယူ​နိုင်​သော​ကြောင့်​သာ သင်​တို့​သည် ငါ့​စ​ကား​ကို နား​မ​လည်​ကြ။-

ထို​နည်း​တူ အာ​ဗြ​ဟံ၏ အ​မျိုး​အ​နွယ်​ဖြစ်​သော သူ​အ​ပေါင်း​တို့​သည် အာ​ဗြ​ဟံ၏​သား​မှန် မ​ဟုတ်။ ဣ​ဇာက်၌​သာ သင်၏​အ​မျိုး တည်​လိမ့်​မည်​ဟု ဗျာ​ဒိတ်​တော်​ရှိ၏။-

ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​သူ​ကြီး​ကို ပေါ်​ထွန်း​စေ​သော​အ​ခါ သူ​နှင့်​အ​တူ​ရှိ၍၊ သူ့​လက်​ထက်​ပတ်​လုံး ဣ​သ​ရေ​လ​လူ​တို့​ကို ရန်​သူ၏​လက်​မှ ကယ်​လွှတ်​တော်​မူ၏။ အ​ကြောင်း​မူ​ကား သူ​တို့​သည် နှောင့်​ယှက်​ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ၍ မြည်​တမ်း​ကြ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် နောင်​တ​ရ​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး၌ ပြင်း​စွာ​အ​မျက်​တော်​ထွက်၍၊ မေ​သော​ပေါ​တာ​မိ​ရှင်​ဘု​ရင်​ခု​ရှံ​ရိ​ရှ​သိမ်၌ ရောင်း​တော်​မူ​သ​ဖြင့်၊ ဣ​သ​ရေ​လ​လူ​တို့​သည် ရှစ်​နှစ်​ပတ်​လုံး ထို​ရှင်​ဘု​ရင်​ထံ၌​ကျွန်​ခံ​ရ​ကြ၏။

ထို​မင်း၌ သံ​ရ​ထား​ကိုး​ရာ​ရှိ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အ​နှစ်​နှစ်​ဆယ်​ပတ်​လုံး အ​လွန်​ညှဉ်း​ဆဲ​သော​ကြောင့်၊ သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို အော်​ဟစ်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ