Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်ယောဟန် 8:31

Judson Bible

ထို​အ​ခါ​ယေ​ရှု​က၊ သင်​တို့​သည် ငါ၏​ဒေ​သ​နာ၌ တည်​လျှင် ငါ့​တ​ပည့်​အ​မှန်​ဖြစ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

25 ပူးပေါင်းရင်းမြစ်များ  

အ​ကြင်​သူ​သည် အ​ဆုံး​တိုင်​အောင် တည်​ကြည်၏။ ထို​သူ​သည် ကယ်​တင်​ခြင်း​သို့ ရောက်​လိမ့်​မည်။-

နာ​သ​နေ​လ​လာ​သည်​ကို ယေ​ရှု​သည် မြင်​တော်​မူ​လျှင်၊ လှည့်​စား​ခြင်း​အ​ပြစ်​နှင့် ကင်း​လွတ်​သော ဣ​သ​ရေ​လ​လူ​စစ်​ကို ကြည့်​လော့​ဟု ထို​သူ​ကို​အ​မှတ်​ပြု၍ မိန့်​တော်​မူ၏။-

ယေ​ရှု​နှင့် တ​ပည့်​တော်​တို့​ကို​လည်း ထို​ပွဲ​သို့ ခေါ်​ပင့်​ကြ၏။-

ငါ၏​အ​သား​သည် စား​စ​ရာ​ကောင်း၏။ ငါ၏​အ​သွေး​လည်း သောက်​စ​ရာ​ကောင်း၏။-

ထို​ကြောင့် သား​သည် သင်​တို့​ကို​လွှတ်​လျှင်၊ သင်​တို့​သည် ဧ​ကန်​အ​မှန်​လွတ်​ကြ​လိမ့်​မည်။-

အ​စည်း​အ​ဝေး​ပြီး၍ ပြန်​ကြ​သော​အ​ခါ ယု​ဒ​လူ​မှ​စ၍ ဘု​ရား​ကို ကိုး​ကွယ်​သော ဘာ​သာ​ဝင်​သူ​များ​တို့​သည် ပေါ​လု​နှင့် ဗာ​န​ဗ​နောက်​သို့ လိုက်​ကြ​သည်​ဖြစ်၍ ထို​သူ​တို့​သည် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်၌ တည်​ကြည်​မည်​အ​ကြောင်း၊ တ​မန်​တော်​တို့​သည် ဖြား​ယောင်း၍ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လေ၏။-

ထို​သို့​ပြန်​ကြ​စဉ်၊ တ​ပည့်​တော်​များ၏​စိတ်​နှ​လုံး​ကို မြဲ​မြံ​ခိုင်​ခံ့​စေ​သ​ဖြင့်၊ ယုံ​ကြည်​ခြင်း၌ တည်​ကြည်​မည်​အ​ကြောင်း နှိုး​ဆော်​ချီ​ပင့်၍၊ ငါ​တို့​သည် များ​ပြား​သော​ဆင်း​ရဲ​ဒု​က္ခ​ကို​ခံ၍ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သို့ ဝင်​ရ​ကြ​မည်​ဟု ဟော​ပြော​ပြ​ညွှန်​ကြ၏။-

သို့​ရာ​တွင် ဘု​ရား​သ​ခင် မ​စ​တော်​မူ​သော ကျေး​ဇူး​တော်​ကို အ​ကျွန်ုပ်​ခံ​ရ၍၊-

သို့​ဖြစ်၍၊ လဲ​သော​သူ​တို့၌ ပြင်း​စွာ စီ​ရင်​တော်​မူ​ခြင်း​ကို​လည်း​ကောင်း၊ ကျေး​ဇူး​တော်၌​သင်​သည် တည်​နေ​လျှင်၊ သင်၌​ပြု​တော်​မူ​သော ကျေး​ဇူး​တော်​ကို​လည်း​ကောင်း၊ ဤ​နှစ်​ပါး​ကို အောက်​မေ့​လော့။ ကျေး​ဇူး​တော်၌ မ​တည်​မ​နေ​လျှင်၊ သင်​သည်​လည်း ခုတ်​ပစ်​ခြင်း​ကို ခံ​ရ​မည်။-

ကောင်း​သော​အ​ကျင့်​ကို အ​မြဲ​ကျင့်၍၊ ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း၊ မ​ဖောက်​ပြန်​သော ဇာ​တိ​ကို​လည်း​ကောင်း၊ ရှာ​သော​သူ​တို့​အား ထာ​ဝ​ရ​အ​သက်​ကို ပေး​တော်​မူ​လ​တ္တံ့၊-

သို့​သော်​လည်း၊ ဣ​န္ဒြေ​စောင့်​ခြင်း​နှင့်​တ​ကွ ယုံ​ကြည်​ခြင်း၊ ချစ်​ခြင်း၊ သန့်​ရှင်း​ခြင်း၌ တည်​လျှင်၊ သား​ဖွား​ခြင်း​အ​မှု၌ ကယ်​တင်​ခြင်း​သို့​ရောက်​လိမ့်​မည်။

ကိုယ်​ကို​လည်း​ကောင်း၊ ကိုယ်​ဆုံး​မ​ဩ​ဝါ​ဒ​ကို​လည်း​ကောင်း သ​တိ​ပြု၍ အ​မြဲ​တည်​နေ​လော့။ ထို​သို့​ပြု​လျှင်၊ ကိုယ်​ကို​လည်း​ကောင်း၊ နား​ထောင်​သော သူ​တို့​ကို​လည်း​ကောင်း ကယ်​တင်​လိမ့်​မည်။

သင်​သည်​အ​ဘယ်​သူ​ထံ၌ နည်း​ခံ​ခဲ့​ပြီး​သည်​ကို​လည်း​ကောင်း၊ ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ကယ်​တင်​ခြင်း​အ​လို​ငှာ ပ​ညာ​ကို​ပေး​နိုင်​သော ဓ​မ္မ​ကျမ်း​စာ​ကို ငယ်​သော​အ​ရွယ်​မှ​စ၍ လေ့​ကျက်​သည်​ကို​လည်း​ကောင်း သိ​မှတ်​သည်​နှင့်၊ အ​ထက်​က​သင်၍ နှ​လုံး​သွင်း​မိ​သော အ​ယူ​ဝါ​ဒ၌ တည်​နေ​လော့။-

ငါ​တို့​သည် စိတ်​စွဲ​လမ်း​ခြင်း​ကို အ​စ​ပြု​သ​ကဲ့​သို့ အ​ဆုံး​တိုင်​အောင် တည်​ကြည်​လျှင်၊ ခ​ရစ်​တော်​နှင့် ဆက်​ဆံ​သော​သူ ဖြစ်​ကြ၏။-

လွှတ်​ခြင်း​နှင့်​စပ်​ဆိုင်၍ စုံ​လင်​သော​တ​ရား၌ စေ့​စေ့​ကြည့်​ရှု၍ တည်​ကြည်​သော​သူ​မူ​ကား၊ တ​ရား​နာ၍ မေ့​လျော့​သော​သူ မ​ဟုတ်၊ အ​ကျင့်​ကျင့်​သော​သူ​ဖြစ်​သ​ဖြင့်၊ မိ​မိ​ကျင့်​သော​အ​ကျင့်၌ မင်္ဂ​လာ​ရှိ​သော​သူ ဖြစ်၏။

ထို​သူ​တို့​သည် ငါ​တို့​ထံ​မှ ထွက်​သွား​ကြ၏။ သို့​သော်​လည်း အ​ထက်​က ငါ​တို့​နှင့်​မ​စပ်​ဆိုင်​ကြ။ ငါ​တို့​နှင့်​စပ်​ဆိုင်​လျှင် ငါ​တို့​နှင့်​အ​တူ နေ​ကြ​လိမ့်​မည်။ ထို​သူ​အ​ပေါင်း​တို့​သည် ငါ​တို့​နှင့်​မ​စပ်​ဆိုင်​ကြောင်း​ကို ထင်​ရှား​စေ​ခြင်း​ငှာ၊ ငါ​တို့​ထံ​မှ ထွက်​သွား​ကြ၏။-

ထို​ကြောင့်၊ သင်​တို့​သည် ရှေ့​ဦး​စွာ​က​ပင် ကြား​ရ​သော ဒေ​သ​နာ​ကို သင်​တို့၌ တည်​စေ​ကြ​လော့။ ထို​ဒေ​သ​နာ​သည် သင်​တို့၌​တည်​လျှင်၊ သင်​တို့​သည် သား​တော်၌​လည်း​ကောင်း၊ ခ​မည်း​တော်၌​လည်း​ကောင်း၊ တည်​ရ​ကြ​လိမ့်​မည်။

ခ​ရစ်​တော်၏​ဒေ​သ​နာ၌ မ​တည်​ဘဲ လွန်​ကျူး​သော​သူ​မည်​သည်​ကား၊ ဘု​ရား​သ​ခင်​ကို​မ​သိ။ ခ​ရစ်​တော်၏​ဒေ​သ​နာ၌ တည်​သော​သူ​သည် ခ​မည်း​တော်​နှင့် သား​တော်​ကို​သိ၏။-

သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့၍ ဝတ်​ပြု​ခြင်း​နှင့်​တ​ကွ အာ​ဏာ​တော်​ကို မ​ဆန်၊ စ​ကား​တော်​ကို နား​ထောင်​လျှင် သင်​တို့​နှင့် သင်​တို့​ကို​အုပ်​စိုး​သော ရှင်​ဘု​ရင်​သည် သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​နောက်​တော်​သို့ အ​မြဲ​လိုက်​ကြ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ