Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်ယောဟန် 8:19

Judson Bible

ထို​သူ​တို့​က​လည်း၊ သင်၏​ခ​မည်း​တော်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု မေး​ကြ၏။ ယေ​ရှု​က​လည်း၊ သင်​တို့​သည် ငါ့​ကို​မ​သိ​ကြ။ ငါ့​ခ​မည်း​တော်​ကို​လည်း မ​သိ​ကြ။ ငါ့​ကို​သိ​လျှင် ငါ့​ခ​မည်း​တော်​ကို​လည်း သိ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

သူ​သည် ဆင်း​ရဲ​ငတ်​မွတ်​သော သူ​တို့​အ​မှု​ကို​စောင့်၍ တ​ရား​သ​ဖြင့် စီ​ရင်၏။ ထို​သို့​ပြု၍ ကောင်း​စား​ခြင်း​ရှိ၏။ ငါ့​ကို​သိ​သော အ​ကျိုး​မ​ဟုတ်​လော။

ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို၊ သူ​တို့​သိ​နိုင်​သော စိတ်​နှ​လုံး​ကို ငါ​ပေး​မည်။ သူ​တို့​သည် ငါ၏​လူ​ဖြစ်​ကြ၍၊ ငါ​သည်​လည်း သူ​တို့၏​ဘု​ရား​သ​ခင် ဖြစ်​လိမ့်​မည်။ ငါ့​ထံ​သို့ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​နှင့် ပြန်​လာ​ကြ​လိမ့်​မည်။

ထို​အ​ခါ ယေ​ရှု​က၊ ကောင်း​ကင်​နှင့် မြေ​ကြီး​ကို အ​စိုး​ရ​တော်​မူ​သော​အ​ဘ၊ ကိုယ်​တော်​သည် ပ​ညာ​အ​လိ​မ္မာ​နှင့် ပြည့်​စုံ​သော​သူ​တို့​အား ဤ​အ​ရာ​များ​ကို ထိမ်​ဝှက်​ကွယ်​ထား​လျက် သူ​ငယ်​တို့​အား ဖော်​ပြ​တော်​မူ​သည်​ဖြစ်၍၊ ကျေး​ဇူး​တော်​ကို အ​ကျွန်ုပ် ချီး​မွမ်း​ပါ၏။-

ထို​သူ​သည် ဤ​လော​က၌​ရှိ​တော်​မူ​ပြီ။ ဤ​လော​က​ကို​လည်း ဖန်​ဆင်း​တော်​မူ​ပြီ။ သို့​သော်​လည်း ဤ​လော​က​သည် ထို​သူ​ကို​မ​သိ။-

ဘု​ရား​သ​ခင်​ကို အ​ဘယ်​သူ​မျှ မ​မြင်​စ​ဖူး​သော်​လည်း၊ ခ​မည်း​တော်၏​ရင်​ခွင်၌​ရှိ​သော တစ်​ပါး​တည်း​သော​သား​တော်​သည် ဘု​ရား​သ​ခင်​ကို ထင်​ရှား​စေ​တော်​မူ​ပြီ။

ထို​သူ​တို့​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​ကို မ​သိ​သည်​ဖြစ်၍၊ ငါ၏​နာ​မ​ကြောင့် သင်​တို့​အား ထို​အ​မှု​ရှိ​သ​မျှ​တို့​ကို ပြု​ကြ​လိမ့်​မည်။-

ခ​မည်း​တော်​ကို​မ​သိ၊ ငါ့​ကို​လည်း မ​သိ​သော​ကြောင့် ထို​သို့​ပြု​ကြ​လိမ့်​မည်။-

ထာ​ဝ​ရ​အ​သက်​ဟူ​မူ​ကား၊ မှန်​သော​ဘု​ရား​သ​ခင် တစ်​ဆူ​တည်း​ဖြစ်​တော်​မူ​သော ကိုယ်​တော်​ကို​လည်း​ကောင်း၊ စေ​လွှတ်​တော်​မူ​သော ယေ​ရှု​ခ​ရစ်​ကို​လည်း​ကောင်း၊ သိ​ကျွမ်း​ခြင်း​တည်း။-

ယေ​ရှု​က​လည်း၊ သင်​တို့​သည် ငါ့​ကို​သိ​ကြ၏။ ငါ​သည် အ​ဘယ်​က ဖြစ်​သည်​ကို​လည်း သိ​ကြ၏။ သို့​သော်​လည်း ငါ​သည် ကိုယ်​အ​လို​အ​လျောက် လာ​သည်​မ​ဟုတ်။ ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ​သည် သ​စ္စာ​နှင့်​ပြည့်​စုံ​တော်​မူ၏။ ထို​သူ​ကို သင်​တို့​မ​သိ​ကြ။-

တ​ရား​သ​ဖြင့် နိုး​ကြ​လော့။ ဒု​စ​ရိုက်​ကို​မ​ပြု​ကြ​နှင့်။ အ​ချို့​သော​သူ​တို့​သည် ဘု​ရား​သ​ခင်​ကို မ​သိ​ကြ။ ထို​သို့​ဆို​သော်၊ သင်​တို့​ကို ရှက်​ကြောက်​စေ​ခြင်း​ငှာ ငါ​ဆို၏။

ယ​ခု​မူ​ကား​သင်​တို့​သည် ဘု​ရား​သ​ခင်​ကို သိ​ပြီး​မှ​ဟူ၍​မ​ဆို၊ ဘု​ရား​သင်​သည် သင်​တို့​ကို သိ​တော်​မူ​ပြီး​မှ၊ အား​မ​ရှိ၊ ချမ်း​သာ​မ​ပေး​နိုင်​သော တ​ရား​နု​ဘက်​သို့ အ​ဘယ်​ကြောင့် တစ်​ဖန် ပြောင်း​လဲ​ကြ​သ​နည်း။ ထို​လော​ကီ တ​ရား၌ တစ်​ဖန် ကျွန်​ခံ​ခြင်း​ငှာ အ​လို​ရှိ​ကြ​ပြီ​တ​ကား။-

ဆု​တောင်း​သော​အ​ချက်​ဟူ​မူ​ကား၊ ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်၏ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သော ဘုန်း​ကြီး​သော အ​ဘ​ခ​မည်း​တော်​သည် ကိုယ်​တော်​မြတ်​ကို သိ​ခြင်း​အ​လို​ငှာ ပ​ညာ​ကို​လည်း​ကောင်း၊ ထိုး​ထွင်း​သော​ဉာဏ်​ကို​လည်း​ကောင်း၊ သင်​တို့​အား ပေး​ပါ​မည်​အ​ကြောင်း၊-

ထို​သား​တော်​သည် မျက်​မြင်​မ​ရ​သော ဘု​ရား​သ​ခင်၏ ပုံ​သ​ဏ္ဌာန်​တော်​ဖြစ်၏။ ဝေ​နေ​ယျ​သ​တ္တ​ဝါ အ​ပေါင်း​တို့​တွင်​လည်း သား​ဦး​ဖြစ်​တော်​မူ၏။-

ထို​သား​တော်​သည် ဘု​ရား​သ​ခင်၏ ဘုန်း​တော်​ရောင်​ခြည်​နှင့် ဇာ​တိ​အ​ဖြစ်​တော်၏ ပုံ​သ​ဏ္ဌာန်​ဖြစ်၍၊ တန်​ခိုး​နှင့် ပြည့်​စုံ​သော မိ​မိ​အ​မိန့်​တော်​အား​ဖြင့် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို မ​စ​တော်​မူ​သော​သူ​ဖြစ်​လျက်၊ ငါ​တို့​အ​ပြစ်​များ​ကို ကိုယ်​တော်​တိုင်​အား​ဖြင့် သုတ်​သင်​ပယ်​ရှင်း​ပြီး​လျှင်၊ မြင့်​သော​အ​ရပ်​မှာ တန်​ခိုး​အာ​နု​ဘော်​တော်၏ လက်​ယာ​ဘက်၌ ထိုင်​တော်​မူ၏။

သား​တော်​ကို ငြင်း​ပယ်​သော​သူ​မည်​သည်​ကား၊ ခ​မည်း​တော်​ကို​မ​သိ။ သား​တော်​ကို ဝန်​ခံ​သော​သူ​မည်​သည်​ကား၊ ခ​မည်း​တော်​ကို​သိ၏။-

ဘု​ရား​သ​ခင်၏​သား​တော်​သည် ကြွ​လာ၍၊ မှန်​သော​ဘု​ရား​သ​ခင်​ကို သိ​သော​ဉာဏ်​ကို ငါ​တို့​အား ပေး​တော်​မူ​သည်​ကို​လည်း ငါ​တို့​သိ​ကြ၏။ မှန်​သော​ဘု​ရား​သ​ခင်၌​လည်း​ကောင်း၊ သား​တော်​ယေ​ရှု​ခ​ရစ်၌​လည်း​ကောင်း ငါ​တို့​သည် တည်​လျက်​ရှိ​ကြ၏။ ထို​သူ​သည်​မှန်​သော ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။ ထာ​ဝ​ရ​အ​သက်​လည်း ဖြစ်​တော်​မူ၏။

ခ​ရစ်​တော်၏​ဒေ​သ​နာ၌ မ​တည်​ဘဲ လွန်​ကျူး​သော​သူ​မည်​သည်​ကား၊ ဘု​ရား​သ​ခင်​ကို​မ​သိ။ ခ​ရစ်​တော်၏​ဒေ​သ​နာ၌ တည်​သော​သူ​သည် ခ​မည်း​တော်​နှင့် သား​တော်​ကို​သိ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ