Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်ယောဟန် 6:70

Judson Bible

ယေ​ရှု​က​လည်း၊ တစ်​ကျိပ်​နှစ်​ပါး​သော​သင်​တို့​ကို ငါ​ရွေး​ကောက်​သည် မ​ဟုတ်​လော။ သို့​သော်​လည်း သင်​တို့​တွင် ရန်​သူ​တစ်​ယောက်​ပါ​သည်​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​ရှိ​သ​မျှ​ကို ငါ​ရည်​မှတ်၍ ပြော​သည်​မ​ဟုတ်။ ငါ​ရွေး​ကောက်​သော​သူ​တို့​ကို ငါ​သိ၏။ ကျမ်း​စာ​ချက် ပြည့်​စုံ​စေ​မည်​အ​ကြောင်း ငါ​နှင့်​အ​တူ​စား​သော​သူ​သည် ငါ့​ကို​ခြေ​နှင့်​ကျောက်​သ​တည်း။-

ကိုယ်​တော်​ကို အပ်​နှံ​မည်​အ​ကြောင်း မာရ်​နတ်​သည် ရှိ​မုန်၏​သား ယု​ဒ​ရှ​ကာ​ရုတ်၏ စိတ်​နှ​လုံး၌ အ​ကြံ​ပေး​သွင်း​နှင့်​သ​တည်း။ ထို​အ​ခါ ည​စာ​ကို​စား​ကြ​စဉ်၊-

ထို​သို့​ယေ​ရှု​သည် မိန့်​တော်​မူ​ပြီး​မှ စိတ်​နှ​လုံး​တော်​ပူ​ပန်​ခြင်း​ရှိ၍၊ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ငါ့​ကို​အပ်​နှံ​လိမ့်​မည်​ဟု သက်​သေ​ခံ​လျက်​မိန့်​တော်​မူ၏။-

ထို​သူ​သည် မုန့်​တစ်​လုပ်​စာ​ကို​ခံ​ပြီး​မှ၊ စာ​တန်​သည် သူ့​အ​ထဲ​သို့​ဝင်​လေ၏။ ယေ​ရှု​က​လည်း၊ သင်​ပြု​ရ​သော​အ​မှု​ကို အ​လျင်​အ​မြန်​ပြု​လော့​ဟု ထို​သူ​အား​မိန့်​တော်​မူ၏။-

သင်​တို့​သည် ငါ့​ကို​ရွေး​ကောက်​ကြ​သည်​မ​ဟုတ်။ ငါ​သည် သင်​တို့​ကို ရွေး​ကောက်​သ​ဖြင့်၊ သင်​တို့​သည် သွား၍ တည်​ကြည်​သော​အ​သီး​ကို သီး​မည်​အ​ကြောင်း​နှင့် ငါ့​နာ​မ​ကို​အ​မှီ​ပြု၍ ခ​မည်း​တော်​မှာ​တောင်း​သ​မျှ​တို့​ကို ရ​မည်​အ​ကြောင်း သင်​တို့​ကို ငါ​ခန့်​ထား၏။

သင်​တို့​သည် လော​ကီ​နှင့်​ဆက်​ဆံ​လျှင်၊ လော​ကီ​သား​တို့​သည် မိ​မိ​တို့​နှင့်​ဆက်​ဆံ​သော သင်​တို့​ကို ချစ်​ကြ​လိမ့်​မည်။ သင်​တို့​သည် လော​ကီ​နှင့် မ​ဆက်​ဆံ၊ လော​ကီ​ထဲ​က ငါ​ရွေး​ကောက်​သော​သူ​ဖြစ်​သော​ကြောင့်၊ လော​ကီ​သား​တို့​သည် သင်​တို့​ကို​မုန်း​ကြ၏။-

အ​ကျွန်ုပ်​သည် ဤ​လော​က၌ ဤ​သူ​တို့​နှင့်​တ​ကွ ရှိ​စဉ်​ကာ​လ၊ သူ​တို့​ကို​ကိုယ်​တော်၏​နာ​မ၌ တည်​စေ​ပါ​ပြီ။ အ​ကျွန်ုပ်​အား ပေး​တော်​မူ​သော​သူ​တို့​ကို အ​ကျွန်ုပ်​စောင့်​မ​ပါ​ပြီ။ ထို​သူ​တို့​တွင် ပျက်​စီး​ခြင်း၏​သား​တစ်​ယောက်​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ ပျက်​စီး​ခြင်း​သို့​မ​ရောက်​ပါ။ ထို​သူ​သည် ပျက်​စီး​ခြင်း​သို့ ရောက်​သည်​အ​ကြောင်း​ကား၊ ကျမ်း​စာ ပြည့်​စုံ​မည်​အ​ကြောင်း​တည်း။

ယေ​ရှု​နှင့် တ​ပည့်​တော်​တို့​ကို​လည်း ထို​ပွဲ​သို့ ခေါ်​ပင့်​ကြ၏။-

ထို​သို့ ယေ​ရှု​သည်​ကြွ​လာ​တော်​မူ​သော​အ​ခါ တ​မန်​တော်​တစ်​ကျိပ်​နှစ်​ပါး​အ​ဝင်၊ ဒိ​ဒု​မု​ဟု​အ​မည်​ရှိ​သော သော​မ​သည် ထို​တ​ပည့်​တော်​တို့​နှင့်​အ​တူ​မ​ရှိ။-

သို့​သော်​လည်း သင်​တို့​တွင် မ​ယုံ​ကြည်​သော​သူ​အ​ချို့​ရှိ၏။-

ထို​ကြောင့် ယေ​ရှု​သည် တစ်​ကျိပ်​နှစ်​ပါး​သော​သူ​တို့​အား၊ သင်​တို့​သည်​လည်း ထွက်​သွား​ခြင်း​ငှာ အ​လို​ရှိ​ကြ​သ​လော​ဟု မေး​တော်​မူ​လျှင်၊-

ထို​သို့​မိန့်​တော်​မူ​သော်၊ တစ်​ကျိပ်​နှစ်​ပါး​အ​ဝင်​ဖြစ်၍ ကိုယ်​တော်​ကို​အပ်​နှံ​မည့်​သူ၊ ရှိ​မုန်၏​သား​ယု​ဒ​ရှ​ကာ​ရုတ်​ကို ဆို​လို​သ​တည်း။

သင်​တို့​သည် သင်​တို့​အ​ဘ​တည်း​ဟူ​သော မာရ်​နတ်​မှ​ဆင်း​သက်​ကြ၏။ သင်​တို့​အ​ဘ၏​အ​လို​သို့​လည်း လိုက်​တတ်​ကြ၏။ မာရ်​နတ်​သည် ရှေ့​ဦး​စွာ​မှ​စ​၍ လူ​အ​သက်​ကို​သတ်​သော​သူ ဖြစ်၏။ သူ၌​သ​စ္စာ​တ​ရား​မ​ရှိ​သော​ကြောင့် သ​စ္စာ​တ​ရား၌ မ​တည်​မ​နေ။ သူ​သည် မု​သား​စ​ကား​ကို​ပြော​သော​အ​ခါ မိ​မိ​ပ​က​တိ​အ​တိုင်း​ပြော၏။ မု​သား​စ​ကား၌ ကျင်​လည်​သော​သူ​ဖြစ်၏။ မု​သား​၏​အ​ဘ​လည်း ဖြစ်၏။-

ထို​သူ​သည် ငါ​တို့​နှင့် ရေ​တွက်​ဝင်​ခြင်း​သို့​ရောက်၍ ဓ​မ္မ​ဆ​ရာ၏​အ​ရာ​ကို ခံ​ရ​ပြီ။-

လှည့်​ဖြား​ခြင်း၊ အ​ကျိုး​ကို​ဖျက်​ခြင်း အ​မျိုး​မျိုး​နှင့်​ပြည့်​စုံ​သော မာရ်​နတ်၏​သား၊ ဖြောင့်​မတ်​ခြင်း​တ​ရား၏​ရန်​သူ၊ သင်​သည် ထာ​ဝ​ရ​ဘု​ရား၏ ဖြောင့်​မတ်​သော​လမ်း​ခ​ရီး​တို့​ကို မ​ဖျက်​ဆီး​ဘဲ​မ​နေ​နိုင်​သ​လော။-

ထို​နည်း​တူ၊ မိန်း​မ​တို့​သည် တည်​ကြည်​သော​သူ ဖြစ်​ရ​မည်။ ချော​စား​တတ်​သော​သူ မ​ဟုတ်။ သ​မ္မာ​သ​တိ​ရှိ​သော​သူ၊ အ​ရာ​ရာ၌ သ​စ္စာ​ရှိ​သော​သူ ဖြစ်​ရ​ကြ​မည်။-

ထို​နည်း​တူ၊ အ​သက်​ကြီး​ရင့်​သော​မိန်း​မ​တို့​သည် ကျင့်​ကြံ​ပြု​မူ​ရာ​မှာ ဓ​မ္မ​အ​မှု​နှင့် ထိုက်​တန်​သော​သူ၊ မ​ချော​စား​တတ်​သော​သူ၊ စ​ပျစ်​ရည်၌ မ​လွန်​ကြူး​တတ်​သော​သူ၊ ကောင်း​သော​အ​တတ်​ကို သင်​ပေး​တတ်​သော​သူ ကိုယ်​တိုင်​ဖြစ်၍၊-

မာရ်​နတ်​သည် ရှေ့​ဦး​စွာ​မှ​စ၍ ဒု​စ​ရိုက်​ကို​ပြု​သော​သူ ဖြစ်​သော​ကြောင့်၊ အ​ကြင်​သူ​သည် ဒု​စ​ရိုက်​ကို ပြု၏။ ထို​သူ​သည် မာရ်​နတ်​နှင့် ဆိုင်၏။ မာရ်​နတ်​အ​မှု​တို့​ကို ပယ်​ဖျက်​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်၏ သား​တော်​သည် ထင်​ရှား​ပေါ်​ထွန်း​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ