Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်ယောဟန် 6:68

Judson Bible

ရှိ​မုန်​ပေ​တ​ရု​က၊ သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​သူ​ထံ​သို့ သွား​ရ​မည်​နည်း။ ထာ​ဝ​ရ​အ​သက်​နှင့် ယှဉ်​သော​စ​ကား​သည် ကိုယ်​တော်၌ တည်​ပါ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​မှ​တစ်​ပါး၊ ကောင်း​ကင်​ဘုံ​မှာ အ​ကျွန်ုပ်၌ အ​ဘယ်​သူ​ရှိ​ပါ​သ​နည်း။ ကိုယ်တော်ကိုအလိုရှိသည်နှင့်အမျှ မြေကြီးပေါ်မှာအကျွန်ုပ်သည် အဘယ်အလိုရှိပါသနည်း။

ရှိ​မုန်​ပေ​တ​ရု​က၊ ကိုယ်​တော်​သည် ခ​ရစ်​တော်​တည်း​ဟူ​သော အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ​သည်​ဟု လျှောက်​လေ၏။-

သင်​တို့​လည်း ငါ့​ကို အ​ဘယ်​သူ​ဖြစ်​သည် ဆို​ကြ​သ​နည်း​ဟု မေး​မြန်း​တော်​မူ​လျှင်၊ ပေ​တ​ရု​က၊ ကိုယ်​တော်​သည် ခ​ရစ်​တော်​ဖြစ်​တော်​မူ​သည်​ဟု လျှောက်​လေ၏။-

သင်​တို့​လည်း ငါ့​ကို အ​ဘယ်​သူ​ဖြစ်​သည် ဆို​ကြ​သ​နည်း​ဟု မေး​မြန်း​တော်​မူ​လျှင်၊ ပေ​တ​ရု​က၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏ ခ​ရစ်​တော်​ဖြစ်​တော်​မူ​သည်​ဟု လျှောက်​လေ၏။

အ​ကြောင်း​မူ​ကား၊ ငါ​သည် ကိုယ်​အ​လို​အ​လျောက် ဟော​ပြော​သည်​မ​ဟုတ်၊ ငါ့​ကို စေ​လွှတ်​သော​ခ​မည်း​တော်​သည် အ​ဘယ်​သို့ ငါ​ဆုံး​မ​ဟော​ပြော​ရ​မည်​ကို ပ​ညတ်​ပေး​တော်​မူ​ပြီ။ ခ​မည်း​တော်၏​ပ​ညတ်​တော်​သည် ထာ​ဝ​ရ​အ​သက်​ဖြစ်​သည်​ကို ငါ​သိ၏။-

ထို​ကြောင့် ဟော​ပြော​သ​မျှ​တို့​ကို ခ​မည်း​တော်​မှာ​ထား​တော်​မူ​သည်​အ​တိုင်း ငါ​ဟော​ပြော​သည်​ဟု ကြွေး​ကြော်၍​မိန့်​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ အ​ကျွန်ုပ်​အား ပေး​တော်​မူ​သ​မျှ​သော​အ​ရာ​တို့​ကို သူ​တို့​အား​အ​ကျွန်ုပ်​ပေး၍ သူ​တို့​သည် ခံ​ယူ​သ​ဖြင့်၊ အ​ကျွန်ုပ်​သည် အ​ထံ​တော်​မှ​ကြွ​လာ​သည်​ကို အ​တပ်​သိ​ကြ​သည်​နှင့် ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို စေ​လွှတ်​တော်​မူ​သည်​ကို ယုံ​ကြ​ပါ၏။-

ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ့​စ​ကား​ကို နား​ထောင်၍ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​ကို ယုံ​ကြည်​သော​သူ​သည် ထာ​ဝ​ရ​အ​သက်​ကို ရ​သည်​ဖြစ်၍ အ​ပြစ်​စီ​ရင်​ခြင်း​ကို​မ​ခံ​ရ။ သေ​ခြင်း​မှ​အ​သက်​ရှင်​ခြင်း​သို့ ကူး​မြောက်​သော​သူ​ဖြစ်၏။

သား​တော်​ကို ကြည့်​မြင်၍ ယုံ​ကြည်​သော​သူ​ရှိ​သ​မျှ​တို့​သည် ထာ​ဝ​ရ​အ​သက်​ကို ရ​စေ​ခြင်း​ငှာ​လည်း​ကောင်း အ​လို​တော်​ရှိ၏။ ငါ​သည်​လည်း နောက်​ဆုံး​သော​နေ့၌ ထို​သူ​တို့​ကို ထ​မြောက်​စေ​မည်​ဟု မိန့်​တော်​မူ၏။

ဝိ​ညာဉ်​သာ​လျှင် အ​သက်​ရှင်​စေ၏။ ကိုယ်​ကာ​ယ​သည် အ​လျှင်း​မ​တတ်​နိုင်။ ငါ​ပြော​သော​စ​ကား​သည် ဝိ​ညာဉ်​ဖြစ်၏။ အ​သက်​လည်း​ဖြစ်၏။-

အာ​ဗြ​ဟံ​အ​မျိုး​ဖြစ်​သော ညီ​အစ်​ကို​မှ​စ၍ သင်​တို့​တွင် ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ​တို့၊ ဤ​ကယ်​တင်​တော်​မူ​ခြင်း တ​ရား​စ​ကား​ကို သင်​တို့​အား ကြား​လိုက်​တော်​မူ၏။-

ထို​သ​ခင်၏ နာ​မ​တော်​မှ​တစ်​ပါး ငါ​တို့​ကို ကယ်​တင်​နိုင်​သော နာ​မ​တစ်​စုံ​တစ်​ခု​မျှ ကောင်း​ကင်​အောက် လူ​တို့​တွင် မ​ပေါ်​မ​ရှိ​ဟု ပေ​တ​ရု​သည် ထို​သူ​တို့​အား မြွက်​ဆို၏။

ဗိ​မာန်​တော်၌ ရပ်၍ အ​သက်​ရှင်​ခြင်း တ​ရား​စ​ကား​အ​လုံး​စုံ​ကို လူ​များ​တို့​အား ဟော​ပြော​ကြ​လော့​ဟု မှာ​ထား၏။ ထို​စ​ကား​ကို​ကြား​လျှင်၊ နံ​နက်​စော​စော ဗိ​မာန်​တော်​သို့​ဝင်၍ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ကြ၏။

ထို​သူ​သည် တော​တွင်​ရှိ​သော အ​စည်း​အ​ဝေး၌​လည်း​ကောင်း၊ သိ​နာ​တောင်​ပေါ်​မှာ သူ့​ကို​နှုတ်​ဆက်​သော ကောင်း​ကင်​တ​မန်​နှင့်​လည်း​ကောင်း၊ ငါ​တို့​အ​ဘ​များ​နှင့်​လည်း​ကောင်း ရှိ၏။ ထို​သူ​သည် ငါ​တို့​အား အပ်​ပေး​ခြင်း​ငှာ အ​သက်​ရှင်​စေ​သော ဗျာ​ဒိတ်​တော်​ကို ခံ​လေ၏။-

ဖိ​လိ​ပ္ပု​က၊ သင်​သည် စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ယုံ​ကြည်​လျှင် ခံ​ရ​သည်​ဟု​ဆို​လေ၏။ အ​မတ်​က​လည်း၊ ယေ​ရှု​ခ​ရစ်​သည် ဘု​ရား​သ​ခင်၏ သား​တော်​ဖြစ်​တော်​မူ​ကြောင်း​ကို အ​ကျွန်ုပ်​ယုံ​ကြည်​ပါ​သည်​ဟု ဝန်​ခံ၍၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ