ကိုယ်တော်ကလည်း၊ ငါပင်ဖြစ်သည်၊ မကြောက်လန့်ကြနှင့်ဟု မိန့်တော်မူလျှင်၊ လှေထဲသို့ ကိုယ်တော်ကို ဝမ်းမြောက်စွာခံယူကြ၏။-
အကျွန်ုပ်ကို လိုက်သောသူတို့ရှေ့၌ လှံတော်ကိုရွယ်၍ ဆီးတားတော်မူပါ။ ငါသည် သင်၌ချမ်းသာပေးသော သူပေတည်းဟု အကျွန်ုပ်၏ဝိညာဉ်အား မိန့်တော်မူပါ။
မစိုးရိမ်နှင့်။ ငါသည် သင့်ဘက်မှာရှိ၏။ မကြောက်နှင့်။ သင်၏ဘုရားသခင် ငါသည် သင့်ကိုခိုင်ခံ့စေမည်။ သင့်ကို စောင့်မမည်။ ငါ့သစ္စာလက်ယာလက်ဖြင့် ထောက်ပင့်မည်။
အို တီကောင်ယာကုပ်၊ အမျိုးငယ်ဣသရေလ၊ မစိုးရိမ်နှင့်။ ငါသည် သင့်ကို မစသောသူဖြစ်၏။ သင့်ကို ရွေးနုတ်သောသူသည်၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားဖြစ်သည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
မစိုးရိမ်ကြနှင့်။ မကြောက်ကြနှင့်။ အထက်က ငါဟောပြောပြသသည် မဟုတ်လော။ သင်တို့သည် ငါ၏သက်သေ ဖြစ်ကြ၏။ ငါမှတစ်ပါး အခြားသော ဘုရားသခင် ရှိသလော။ ငါမှတစ်ပါး အခြားသောမူလအမြစ်မရှိ။ တစ်စုံတစ်ဦးကိုမျှ ငါမသိ။
ထိုသူကလည်း၊ ထိတ်လန့်မိန်းမောခြင်း မရှိကြနှင့်။ လက်ဝါးကပ်တိုင်မှာ သတ်သောနာဇရက်မြို့သား ယေရှုကို သင်တို့ရှာကြ၏။ ထိုသူသည် ထမြောက်တော်မူပြီ။ ဤအရပ်၌ မရှိ။ အလောင်းတော်ထားရာအရပ်ကို ကြည့်ကြလော့။-
ထိုသူအပေါင်းတို့သည် ကိုယ်တော်ကိုမြင်၍ ထိတ်လန့်ခြင်းသို့ ရောက်ကြ၏။ ကိုယ်တော်သည် ချက်ချင်းနှုတ်ဆက်၍ တည်ကြည်သောစိတ် ရှိကြလော့။ ငါပင်ဖြစ်သည်၊ မကြောက်လန့်ကြနှင့်ဟု မိန့်တော်မူ၏။-
ခရီးတစ်တိုင်ခွဲနှစ်တိုင်လောက် တက်ခတ်၍ ရောက်သောအခါ၊ ယေရှုသည် အိုင်ပေါ်မှာ စက်တော်ဖြန့်၍ လှေအနီးသို့ချဉ်းတော်မူသည်ကို သူတို့သည်မြင်၍ ကြောက်လန့်ခြင်းရှိကြ၏။-
လှေသည်လည်း ရောက်လိုသောအရပ်သို့ တစ်ခဏချင်းတွင် ဆိုက်လေ၏။