Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်ယောဟန် 5:39

Judson Bible

ကျမ်း​စာ​အား​ဖြင့် ထာ​ဝ​ရ​အ​သက်​ကို​ရ​မည်​ဟု စိတ်​ထင်​နှင့် သင်​တို့​သည် ကျမ်း​စာ​ကို​စေ့​စေ့​ကြည့်​ရှု​ကြ၏။ ထို​ကျမ်း​စာ​ပင် ငါ၏​သက်​သေ​ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

51 ပူးပေါင်းရင်းမြစ်များ  

လူ​ဆိုး​တို့၏ လမ်း​တွင်​မ​ရပ်​မ​နေ၊ မ​ထီ​မဲ့​မြင်​ပြု​သော သူ​တို့၏ အ​စည်း​အ​ဝေး​၌​မ​ထိုင်၊ ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​တော်​၌ မွေ့​လျော်​၍၊ တ​ရား​တော်​ကို နေ့​ည​မ​ပြတ်​ဆင်​ခြင်​အောက်​မေ့​သော​သူ​သည် မင်္ဂ​လာ​ရှိ​၏။

ကိုယ်​တော်​ကို မ​ပြစ်​မှား​ဘဲ နေ​နိုင်​မည်​အ​ကြောင်း၊ ဗျာ​ဒိတ်​တော်​ကို နှ​လုံး​ထဲ​မှာ သို​ထား​ပါ​ပြီ။

ဟေ​ရ​မုန်​တောင်​နှင့် ဇိ​အုန်​တောင်​ရိုး​ပေါ်​သို့​ကျ​သော နှင်း​ကဲ့​သို့ ဖြစ်၏။ ထို​သို့​နေ​ကြ​သော​အ​ရပ်၌၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​စဉ်​အ​မြဲ​အ​သက်​ရှင်​ခြင်း​အ​ခွင့်​တည်း​ဟူ​သော ကောင်း​ချီး​မင်္ဂ​လာ​ကို စီ​ရင်​တော်​မူ၏။

အ​သက်​ရှင်​ခြင်း​လမ်း​ကို ပြ​ညွှန်​တော်​မူ​လိမ့်​မည်။ အ​ထံ​တော်၌ စုံ​လင်​သော​ဝမ်း​မြောက်​ခြင်း​အ​ခွင့်​နှင့် လက်​ယာ​တော်​နား​မှာ အ​စဉ်​အ​မြဲ​ပျော်​မွေ့​ခြင်း​အ​ခွင့်​ရှိ​ပါ၏။

သူ​သည် အ​သက်​ကို​ဆု​တောင်း၍၊ ကိုယ်​တော်​သည် အ​သက်​မ​က၊ ထာ​ဝ​ရ​အ​သက်​ကို ပေး​သ​နား​တော်​မူ​ပြီ။

အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်​ထံ​မှာ အ​သက်​စမ်း​ရေ​တွင်း​ရှိ​ပါ၏။ အ​လင်း​တော်​ထဲ​မှာ အ​ကျွန်ုပ်​တို့​သည် အ​လင်း​ကို​ရ​ကြ​ပါ၏။

အ​ကြောင်း​မူ​ကား၊ ပ​ညတ်​တော်​သည် မီး​ခွက်​ဖြစ်၏။ တ​ရား​တော်​သည် အ​လင်း​ဖြစ်၏။ အ​ပြစ်​ကို ပြ​တတ်​သော ဩ​ဝါ​ဒ​စ​ကား​သည် အ​သက်​လမ်း​ဖြစ်၏။

ထာ​ဝ​ရ​ဘု​ရား၏​ကျမ်း​စာ​ကို​ကြည့်​ရှု၍ ဖတ်​ကြ​လော့။ ထို​တိ​ရ​စ္ဆာန်​တစ်​ကောင်​မျှ မ​ပေါ်​ဘဲ​မ​နေ​ရ။ အ​မ​တစ်​ကောင်​မျှ မိ​မိ​အ​ဖော်​ကို မ​လို​ရ။ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​တော်​ထွက်​အ​မိန့်​တော်ရှိ၏။ ဝိ​ညာဉ်​တော်​သည်​လည်း သူ​တို့​ကို စု​ဝေး​စေ​တော်​မူ၏။

တ​ရား​တော်​ကို​လည်း​ကောင်း၊ သက်​သေ​ခံ​တော်​မူ​ချက်​ကို​လည်း​ကောင်း နား​ထောင်​ကြ​ကုန်။ သူ​တို့​ပြော​သော​စ​ကား​သည် နှုတ်​က​ပတ်​တော်​နှင့်​မ​ညီ​လျှင်၊ သူ​တို့၌ အ​ရုဏ်​မ​တက်​သေး။

ပ​ညာ​ရှိ​တို့​သည် အ​ရှက်​ကွဲ​ကြ၏။ ထိတ်​လန့်၍ ကျော့​ကွင်း​ထဲ​သို့ ဝင်​ကြ​ပြီ။ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ကို ပယ်​ကြ​ပြီ။ သူ​တို့၌ ပ​ညာ​မည်​မျှ​ရှိ​သ​နည်း။

ထို​ကာ​လ​အ​ခါ မြေ​မှုန့်၌ အိပ်​ပျော်​သော​သူ​များ​တို့​သည် နိုး​ကြ​လိမ့်​မည်။ အ​ချို့​တို့​ကား၊ ထာ​ဝ​ရ အ​သက်​ရှင်​ခြင်း​နှင့်​လည်း​ကောင်း၊ အ​ချို့​တို့​ကား ရှက်​ကြောက်​ခြင်း၊ ထာ​ဝ​ရ​အ​သ​ရေ​ပျက်​ခြင်း​နှင့်​လည်း​ကောင်း နိုး​ကြ​လိမ့်​မည်။

ယေ​ရှု​က​လည်း၊ သင်​တို့​သည် ကျမ်း​စာ​ကို​နား​မ​လည်၊ ဘု​ရား​သ​ခင်၏​တန်​ခိုး​တော်​ကို မ​သိ​သော​ကြောင့် မှား​သော​အ​ယူ​ကို ယူ​ကြ၏။-

ယေ​ရှု​က၊ မော​ရှေ​သည် သင်​တို့​အား အ​ဘယ်​သို့ စီ​ရင်​သ​နည်း​ဟု လှန်၍ မေး​တော်​မူ​လျှင်၊-

တိုက်​ကို တည်​လုပ်​သော​သူ​များ ပယ်​ထား​သော​ကျောက်​သည် နောက်​တစ်​ဖန် တိုက်​ထောင့် အ​ထွဋ်​ဖျား​သို့ ရောက်​ပြန်၏။ ထို​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ​သော​အ​မှု ဖြစ်၏။-

အာ​ဗြ​ဟံ​က၊ သင်၏​ညီ​တို့၌ မော​ရှေ​မှ​စ၍ ပ​ရော​ဖက်​များ ရှိ​ကြ၏။ ပ​ရော​ဖက်​တို့၏ စ​ကား​ကို နား​ထောင်​ကြ​စေ​ဟု ဆို၏။-

အာ​ဗြ​ဟံ​က၊ သူ​တို့​သည် မော​ရှေ၏​စ​ကား၊ ပ​ရော​ဖက်​တို့၏​စ​ကား​ကို နား​မ​ထောင်​လျှင်၊ တစ်​ယောက်​သော​သူ​သည် သေ​ခြင်း​မှ ထ​မြောက်​သော်​လည်း မ​ယုံ​ကြည်​နိုင်​ကြ​ဟု အာ​ဗြ​ဟံ​ဆို​သည်​ဟု မိန့်​တော်​မူ၏။

ကိုယ်​တော်​က​လည်း၊ ပ​ရော​ဖက်​ဟော​ပြော​သော​စ​ကား​များ​ကို ယုံ​နိုင်​အောင် ဉာဏ်​မ​ရှိ၊ စိတ်​ခိုင်​မာ​သော​သူ​တို့၊-

ထို​အ​ခါ မော​ရှေ၏​ကျမ်း​စာ​မှ​စ၍ ပ​ရော​ဖက်​တို့၏ ကျမ်း​စာ​များ၌ ကိုယ်​တော်​ကို​ရည်​မှတ်၍ ရေး​ထား​သ​မျှ​သော ကျမ်း​စာ​ချက်​အ​နက်​ကို ရှင်း​လင်း​စွာ ဖော်​ပြ​တော်​မူ၏။-

တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ မော​ရှေ၏ ပ​ည​တ္တိ​ကျမ်း​စာ၌​လည်း​ကောင်း၊ ပ​ရော​ဖက်​တို့၏ ကျမ်း​စာ၌​လည်း​ကောင်း၊ ဆာ​လံ​ကျမ်း​စာ၌​လည်း​ကောင်း၊ ငါ့​ကို​ရည်​မှတ်၍ ရေး​ထား​သ​မျှ​သော​အ​ချက်​တို့​သည် ပြည့်​စုံ​ရ​မည်​ဟု ငါ​သည် သင်​တို့​နှင့်​အ​တူ ရှိ​စဉ်​အ​ခါ သင်​တို့​အား ဟော​ပြော​သော​အ​ကြောင်း​အ​ရာ​တို့​ကား ဤ​အ​ကြောင်း​အ​ရာ​ပေ​တည်း​ဟု မိန့်​တော်​မူ၏။-

ဖိ​လိ​ပ္ပု​သည် နာ​သ​နေ​လ​ကို​တွေ့​လျှင်၊ မော​ရှေ​သည် ပ​ည​တ္တိ​ကျမ်း၌​လည်း​ကောင်း၊ ပ​ရော​ဖက်​တို့​သည် သူ​တို့​ကျမ်း၌​လည်း​ကောင်း အ​ကြောင်း​ပြု၍ ရေး​ထား​သော​သူ၊ နာ​ဇ​ရက်​မြို့​သား​ဖြစ်​သော ယော​သပ်၏​သား​ယေ​ရှု​ကို ငါ​တို့​သည် တွေ့​ကြ​ပြီ​ဟု​ဆို၏။-

ငါ၏​အ​ကြောင်း​ကို သက်​သေ​ခံ​သော​သူ တစ်​ပါး​ရှိ​သေး၏။ ထို​သူ၏​သက်​သေ​တည်​ကြောင်း​ကို ငါ​သိ၏။-

ယော​ဟန်၏​သက်​သေ​ထက် သာ၍​ကြီး​သော​သက်​သေ​သည် ငါ၌​ရှိ၏။ အ​ကြင်​အ​မှု​တို့​ကို ငါ​ပြီး​စီး​စေ​ခြင်း​ငှာ ခ​မည်း​တော်​သည် ငါ့​လက်​သို့ အပ်​ပေး​တော်​မူ၍၊ ငါ​ပြု​သော ထို​အ​မှု​တို့​သည်​လည်း ငါ့​ဘက်၌​နေ၍၊ ခ​မည်း​တော်​သည် ငါ့​ကို စေ​လွှတ်​တော်​မူ​သည်​အ​ကြောင်း​ကို သက်​သေ​ခံ​ကြ၏။-

သင်​တို့​သည် အ​သက်​ကို​ရ​အောင် ငါ့​ထံ​သို့ လာ​ခြင်း​ငှာ အ​လို​မ​ရှိ​ကြ၊-

သင်​တို့​သည် မော​ရှေ၏​စ​ကား​ကို ယုံ​လျှင် ငါ့​စ​ကား​ကို မ​ယုံ​ဘဲ​မ​နေ​နိုင်​ကြ။ အ​ကြောင်း​မူ​ကား၊ မော​ရှေ​သည် ငါ့​အ​ကြောင်း​ကို ရေး​ထား၏။-

သူ​တို့​က၊ သင်​သည်​လည်း ဂါ​လိ​လဲ​ပြည်​သား ဖြစ်​သ​လော။ စစ်​ဦး​လော့၊ ဂါ​လိ​လဲ​ပြည်၌ အ​ဘယ်​ပ​ရော​ဖက်​မျှ မ​ပေါ်​ထွန်း​သည်​ကို​မှတ်​လော့​ဟု ဆို​ကြ​ပြီး​မှ၊-

ယေ​ရု​ရှ​လင်​မြို့၌ နေ​သော​သူ​တို့​နှင့်​တ​ကွ မင်း​များ​တို့​သည် ထို​သ​ခင်​ကို​လည်း​ကောင်း၊ ဥ​ပုသ်​နေ့​တိုင်း​အ​စဉ်​ဖတ်​ရွတ်​သော ပ​ရော​ဖက်​တို့၏ စ​ကား​ကို​လည်း​ကောင်း၊ မ​သိ​နား​မ​လည်​သော​ကြောင့်၊ ထို​သ​ခင်​ကို​စီ​ရင်​သော​အား​ဖြင့်၊ ထို​ပ​ရော​ဖက်​တို့၏ စ​ကား​ကို​ပြည့်​စုံ​စေ​ကြ​ပြီ။-

ဗေ​ရိ​မြို့​သား​တို့​သည် သက်​သာ​လော​နိတ်​မြို့​သား​တို့​ထက် ထူး​မြတ်​သ​ဖြင့်၊ အ​လွန်​ကြည်​ညို​သော စေ​တ​နာ​စိတ်​နှင့် နှုတ်​က​ပတ်​တ​ရား​တော်​ကို ခံ​ယူ၍ မှန်​သည်​မ​မှန်​သည်​ကို​သိ​ခြင်း​ငှာ၊ ကျမ်း​စာ​ကို​နေ့​တိုင်း အ​စဉ်​စေ့​စေ့​ကြည့်​ရှု​ကြ၏။-

အို အ​ဂြိ​ပ္ပ​မင်း​ကြီး၊ ကိုယ်​တော်​သည် အ​နာ​ဂ​တ္တိ​ကျမ်း​စာ​ကို ယုံ​တော်​မူ​သ​လော။ ယုံ​တော်​မူ​သည်​ကို အ​ကျွန်ုပ်​သိ​ပါ​သည်​ဟု လျှောက်၏။-

သေ​ခြင်း​မှ​ထ​မြောက်​တော်​မူ၍၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​အား​ဖြင့်၊-

အ​ထွေ​ထွေ​သော အ​ကျိုး​များ​စွာ​ရှိ၏။ ထူး​မြတ်​သော အ​ကျိုး​ဟူ​မူ​ကား၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​သော ယု​ဒ​တို့​သည် ဘု​ရား​သ​ခင်၏ ဗျာ​ဒိတ်​တော်​များ​ကို ခံ​ရ​ကြ၏။-

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်၏​အ​မျိုး​သား​ချင်း​တို့​အ​ထဲ၌ ငါ​နှင့်​တူ​သော ပ​ရော​ဖက်​တစ်​ပါး​ကို သင့်​အ​ဖို့ ပေါ်​ထွန်း​စေ​တော်​မူ​မည်။ ထို​ပ​ရော​ဖက်၏​စ​ကား​ကို နား​ထောင်​ရ​မည်။

သူ​တို့ အ​မျိုး​သား​ချင်း​တို့​အ​ထဲ၌ သင်​နှင့်​တူ​သော ပ​ရော​ဖက်​တစ်​ပါး​ကို သူ​တို့​အ​ဖို့ ငါ​ပေါ်​ထွန်း​စေ၍၊ ထို​ပ​ရော​ဖက်​နှုတ်၌ ငါ့​စ​ကား​ကို ငါ​အပ်​သ​ဖြင့် ငါ​မှာ​ထား​သ​မျှ​တို့​ကို သူ​တို့​အား ဆင့်​ဆို​ရ​လိမ့်​မည်။

မ​ထင်​ရှား​သော​အ​ရာ​တို့​သည်၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ အ​ငန်း​အ​တာ​ဖြစ်​ကြ၏။ ဖော်​ပြ​တော်​မူ​သော​အ​ရာ​တို့​သည် ကာ​လ​အ​စဉ်​မ​ပြတ် ငါ​တို့​နှင့် ငါ​တို့​သား​သ​မီး​များ​တို့၏​အ​ငန်း​အ​တာ​ဖြစ်၍၊ ဤ​ပ​ညတ်​တ​ရား​စ​ကား​အ​လုံး​စုံ​တို့​ကို စောင့်​ရှောက်​ရ​မည်​အ​ကြောင်း​တည်း။

ဤ​အ​မှု​သည် သာ​မ​ည​အ​မှု​မ​ဟုတ်။ သင်​တို့ အ​သက်​နှင့်​ဆိုင်​သော အ​မှု​ဖြစ်၏။ ယော်​ဒန်​မြစ်​ကို​ကူး၍ ဝင်​စား​လ​တ္တံ့​သော​ပြည်၌ ဤ​အ​မှု​ကို​စောင့်​ရှောက်​လျှင်၊ ကိုယ်​အ​သက်​တာ ရှည်​ကြ​လိမ့်​မည်​ဟု ပြော​ဆို၏။

ခ​ရစ်​တော်၏ နှုတ်​က​ပတ်​တ​ရား​သည် ပ​ညာ​အ​မျိုး​မျိုး​နှင့် သင်​တို့​အ​ထဲ၌ ကြွယ်​ဝ​စွာ တည်​နေ၍ သင်​တို့​သည် ဆာ​လံ​သီ​ချင်း​မှ​စ​သော ဓ​မ္မ​သီ​ချင်း​အ​မျိုး​မျိုး​အား​ဖြင့်၊ အ​ချင်း​ချင်း​တို့​ကို ဆုံး​မ​သွန်​သင်​ခြင်း၊ သ​တိ​ပေး​ခြင်း​ကို​ပြု၍၊ နူး​ညွတ်​သော​စိတ်​နှ​လုံး​နှင့် ဘု​ရား​သ​ခင်​ရှေ့​တော်၌ တင့်​တယ်​လျောက်​ပတ်​စွာ သီ​ချင်း​ဆို​ကြ​လော့။-

ထို​ပြည်​ကို​မ​အောက်​မေ့​ဘဲ၊ ကောင်း​ကင်​ပြည် တည်း​ဟူ​သော သာ၍​မြတ်​သော​ပြည်​ကို တောင့်​တ​ခြင်း​ရှိ​ကြ၏။ ထို​ကြောင့်၊ ဘု​ရား​သ​ခင်​သည် သူ​တို့၏​ဘု​ရား​ဟူ၍ ခေါ်​ဝေါ်​ခြင်း​ကို​ရှက်​တော်​မ​မူ၊ သူ​တို့​နေ​စ​ရာ​ဖို့ မြို့​ကို တည်​ထောင်​တော်​မူ​ပြီ။

မိန်း​မ​တို့​သည်​လည်း၊ သေ​ခြင်း​မှ ထ​မြောက်​သော မိ​မိ​တို့​သား​ကို ရ​ပြန်​ကြ၏။ အ​ချို့​သော​သူ​တို့​သည်၊ သာ၍​မြတ်​သော ထ​မြောက်​ခြင်း​သို့ ရောက်​လို​သော​ငှာ၊ လွှတ်​ခြင်း​ကို​မ​ခံ​မ​ယူ​ဘဲ ပြင်း​စွာ​သော ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ကြ၏။-

ထို​ပ​ည​တ္တိ​ကျမ်း​စာ၌ ရေး​ထား​သ​မျှ​အ​တိုင်း​ကျင့်​မည်​ဟု စောင့်​ရှောက်​ခြင်း​အ​လို​ငှာ ကျမ်း​စာ​ကို မ​ဖတ်​မ​ရွတ်​ဘဲ​မ​နေ၊ နေ့​ည​မ​ပြတ် ကြည့်​ရှု​ဖတ်​ရွတ်​ရ​မည်။ သို့​ပြု​လျှင် သင်​သည်​အ​ကြံ​ထ​မြောက်၍ အောင်​မြင်​လိမ့်​မည်။

ငါ​သည် ထို​သူ​ကို ကိုး​ကွယ်​ခြင်း​ငှာ သူ၏ ခြေ​ရင်း၌ ပျပ်​ဝပ်၏။ သူ​က​လည်း၊ မ​ပြု​ပါ​နှင့်၊ ငါ​ကား သင်၏ လုပ်​ဘော်​ဆောင်​ဖက် ဖြစ်၏။ ယေ​ရှု၏ သက်​သေ​ခံ​တော်​မူ​ချက်​ကို ဆောင်​သော သင်၏ ညီ​အစ်​ကို​တို့၏ လုပ်​ဘော်​ဆောင်​ဖက်​လည်း ဖြစ်၏။ ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​လော့။ အ​ကြောင်း​မူ​ကား၊ ပ​ရော​ဖက်​ဟော​သော စ​ကား​ချက်​သ​ဘော​သည် ယေ​ရှု၏​သက်​သေ ဖြစ်​သ​တည်း​ဟု ငါ့​အား​ပြော​ဆို၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ