Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်ယောဟန် 5:24

Judson Bible

ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ့​စ​ကား​ကို နား​ထောင်၍ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​ကို ယုံ​ကြည်​သော​သူ​သည် ထာ​ဝ​ရ​အ​သက်​ကို ရ​သည်​ဖြစ်၍ အ​ပြစ်​စီ​ရင်​ခြင်း​ကို​မ​ခံ​ရ။ သေ​ခြင်း​မှ​အ​သက်​ရှင်​ခြင်း​သို့ ကူး​မြောက်​သော​သူ​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

28 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​တို့​သည် ထာ​ဝ​ရ​အ​ပြစ်​ဒဏ် ခံ​ရာ​သို့​လည်း​ကောင်း၊ ဖြောင့်​မတ်​သော သူ​တို့​မူ​ကား၊ ထာ​ဝ​ရ​အ​သက်​ရှင်​ရာ​သို့​လည်း​ကောင်း သွား​ရ​ကြ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။

ယုံ​ကြည်၍ ဗ​တ္တိ​ဇံ​ကို​ခံ​သော​သူ​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​လ​တ္တံ့။ မ​ယုံ​ကြည်​သော​သူ​မူ​ကား အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ရ​လ​တ္တံ့။-

ငါ့​ကို​ယုံ​ကြည်၍ အ​သက်​ရှင်​သော​သူ ရှိ​သ​မျှ​တို့​သည်​လည်း သေ​ခြင်း​နှင့် အ​စဉ်​မ​ပြတ် ကင်း​လွတ်​ကြ​လိမ့်​မည်။ ငါ့​စ​ကား​ကို​ယုံ​သ​လော​ဟု မေး​တော်​မူ​လျှင်၊ မာ​သ​က၊ ဟုတ်​ပါ၏​သ​ခင်။-

ယေ​ရှု​က​လည်း၊ ငါ့​ကို​ယုံ​ကြည်​သော​သူ​သည် ငါ့​ကို​သာ ယုံ​ကြည်​သည်​မ​ဟုတ်၊ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​ကို ယုံ​ကြည်၏။-

ယေ​ရှု​သည် ခ​ရစ်​တော်​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ​သည်​ကို သင်​တို့​သည် ယုံ​မည်​အ​ကြောင်း၊ ထို​သို့​ယုံ၍ နာ​မ​တော်​အား​ဖြင့် အ​သက်​ကို​ရ​မည်​အ​ကြောင်း၊ ဤ​မျှ​လောက် ရေး​ထား​လျက် ရှိ​သ​တည်း။

ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​သော​သူ​အ​ပေါင်း​တို့​သည်၊ ပျက်​စီး​ခြင်း​သို့​မ​ရောက်၊ ထာ​ဝ​ရ​အ​သက်​ကို ရ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် မိ​မိ၌ တစ်​ပါး​တည်း​သော သား​တော်​ကို စွန့်​တော်​မူ​သည်​တိုင်​အောင် လော​ကီ​သား​တို့​ကို ချစ်​တော်​မူ၏။-

သား​တော်​ကို​ယုံ​ကြည်​သော​သူ​သည် အ​ပြစ်​စီ​ရင်​ခြင်း​ကို မ​ခံ​ရ။ မ​ယုံ​ကြည်​သော​သူ​မူ​ကား၊ ဘု​ရား​သ​ခင်၌ တစ်​ပါး​တည်း​သော​သား​တော်​ကို မ​ယုံ​ကြည်​သော​ကြောင့် ယ​ခု​ပင် အ​ပြစ်​စီ​ရင်​ခြင်း​ကို​ခံ​ရ၏။-

သား​တော်​ကို ယုံ​ကြည်​သော​သူ​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ၏။ သား​တော်​ကို ပယ်​သော​သူ​မူ​ကား အ​သက်​ကို မ​တွေ့​ရ။ ထို​သူ၏​အ​ပေါ်၌ ဘု​ရား​သ​ခင်၏ အ​မျက်​တော်​တည်​နေ​သည်​ဟု ယော​ဟန်​ဟော​လေ၏။

စ​ပါး​ရိတ်​သော​သူ​သည် အ​ခ​ကို​ခံ​ရ၍ ထာ​ဝ​ရ​အ​သက်​ရှင်​ခြင်း​အ​လို​ငှာ အ​သီး​အ​နှံ​ကို စု​သိမ်း၏။ သို့​ဖြစ်​လျှင် ပျိုး​ကြဲ​သော​သူ​နှင့် စ​ပါး​ရိတ်​သော​သူ​တို့​သည် အ​တူ​ဝမ်း​မြောက်​ကြ​လိမ့်​မည်။-

သား​တော်​ကို ကြည့်​မြင်၍ ယုံ​ကြည်​သော​သူ​ရှိ​သ​မျှ​တို့​သည် ထာ​ဝ​ရ​အ​သက်​ကို ရ​စေ​ခြင်း​ငှာ​လည်း​ကောင်း အ​လို​တော်​ရှိ၏။ ငါ​သည်​လည်း နောက်​ဆုံး​သော​နေ့၌ ထို​သူ​တို့​ကို ထ​မြောက်​စေ​မည်​ဟု မိန့်​တော်​မူ၏။

ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ့​ကို ယုံ​ကြည်​သော​သူ​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ၏။-

ကောင်း​ကင်​မှ​ဆင်း​သက်​သော​မုန့်​ကို စား​သော​သူ​သည် သေ​ခြင်း​နှင့်​ကင်း​လွတ်၏။-

ငါ​သည် ကောင်း​ကင်​မှ​ဆင်း​သက်​သော အ​သက်​မုန့်​ဖြစ်၏။ ဤ​မုန့်​ကို စား​သော​သူ​မည်​သည်​ကား၊ အ​စဉ်​မ​ပြတ် အ​သက်​ရှင်​လိမ့်​မည်။ ငါ​ပေး​သော​မုန့်​ကား၊ လော​ကီ​သား​တို့၏ အ​သက်​အ​ဖို့​အ​လို​ငှာ စွန့်​သော ငါ၏​အ​သား​ပေ​တည်း​ဟု မိန့်​တော်​မူ၏။

ဤ​မုန့်​ကား၊ ကောင်း​ကင်​မှ​ဆင်း​သက်​သော မုန့်​ဖြစ်၏။ သင်​တို့​ဘိုး​ဘေး​များ​သည် မ​န္န​ကို​စား​လျက် သေ​ရ​သ​ကဲ့​သို့​မ​ဟုတ်။ ဤ​မုန့်​ကို​စား​သော​သူ​သည် အ​စဉ်​မ​ပြတ် အ​သက်​ရှင်​လိမ့်​မည်​ဟု၊-

ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ့​စ​ကား​ကို နား​ထောင်​သော​သူ​သည် သေ​ခြင်း​နှင့် အ​စဉ်​မ​ပြတ်​ကင်း​လွတ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-

ဘု​ရား​သ​ခင် ကယ်​လွှတ်​တော်​မူ​သော​ကြောင့် ယေ​ရှု​ခ​ရစ်၌​တည်၍၊ ဇာ​တိ​ပ​က​တိ​အ​တိုင်း​မ​ကျင့်၊ ဝိ​ညာဉ်​ပ​က​တိ​အ​တိုင်း ကျင့်​သော​သူ​တို့​သည် အ​ပြစ်​စီ​ရင်​ခြင်း​နှင့် လွတ်​ကြ၏။-

အ​မျက်​တော်​ကို​ခံ​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ခန့်​ထား​တော်​မူ​သည်​မ​ဟုတ်။ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ကယ်​တင်​ခြင်း​ကို ပိုင်​ရ​စေ​ခြင်း​ငှာ ခန့်​ထား​တော်​မူ၏။-

သင်​တို့​သည် ဘု​ရား​သ​ခင်​ကို ထောက်​လျက် ယုံ​ကြည်​ခြင်း၊ မျှော်​လ​င့်​ခြင်း​ရှိ​စေ​ခြင်း​ငှာ၊ ထို​သ​ခင်​ကို ဘု​ရား​သ​ခင်​သည် သေ​ခြင်း​မှ​ထ​မြောက်​စေ၍ ဘုန်း​အ​သ​ရေ​ကို ပေး​သ​နား​တော်​မူ​ပြီ။

ငါ​တို့​သည် ညီ​အစ်​ကို​ချင်း​တို့​ကို ချစ်​သော​ကြောင့်၊ သေ​ခြင်း​မှ အ​သက်​ရှင်​ခြင်း​သို့ ကိုယ်​ကူး​မြောက်​သည်​ကို ကိုယ်​သိ​ရ​ကြ၏။ မိ​မိ ညီ​အစ်​ကို​ကို မ​ချစ်​သော​သူ​သည် သေ​ခြင်း၌​တည်၏။-

ယေ​ရှု​သည် ခ​ရစ်​တော်​ဖြစ်​တော်​မူ​သည်​ကို ယုံ​ကြည်​သော​သူ​မည်​သည်​ကား၊ ဘု​ရား​သ​ခင်​ဖြစ်​ဖွား​စေ​တော်​မူ​သော​သူ​ဖြစ်၏။ အ​ဘ​ကို​ချစ်​သော​သူ​သည် သား​ကို​လည်း ချစ်​တတ်​သည်​နှင့်​အ​ညီ၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ