Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်ယောဟန် 4:15

Judson Bible

မိန်း​မ​က​လည်း၊ သ​ခင်၊ ကျွန်ုပ်​သည် ရေ​ငတ်​ခြင်း​နှင့်​လည်း​ကောင်း၊ သည်​ကို​လာ၍ ရေ​ခပ်​ခြင်း​နှင့်​လည်း​ကောင်း ကင်း​လွတ်​မည်​အ​ကြောင်း ထို​ရေ​ကို​ပေး​ပါ​ဟု တောင်း​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ကောင်း​မွန်​သော​အ​ရာ​ကို ငါ​တို့​အား အ​ဘယ်​သူ​ပြ​မည်​နည်း​ဟု မေး​တတ်​သော သူ​အ​များ​ရှိ​ပါ​သည်​ဖြစ်၍၊ အို​ထာ​ဝ​ရ​ဘု​ရား၊ မျက်​နှာ​တော်​အ​လင်း​ကို အ​ကျွန်ုပ်​တို့​အ​ပေါ်​မှာ ပေါ်​ထွန်း​စေ​တော်​မူ​ပါ။

ယေ​ရှု​က၊ သွား​လော့။ သင်၏​လင်​ကို​ခေါ်၍ သည်​ကို​လာ​ဦး​လော့​ဟု မိန့်​တော်​မူ၏။-

ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သင်​တို့​သည် နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို မြင်​သော​ကြောင့် ငါ့​ကို​ရှာ​သည်​မ​ဟုတ်။-

သ​ခင်၊ ထို​မုန့်​ကို​အ​ကျွန်ုပ်​တို့​အား အ​စဉ်​မ​ပြတ်​ပေး​တော်​မူ​ပါ​ဟု လျှောက်​ကြ၏။-

ယေ​ရှု​က​လည်း၊ ငါ​သည် အ​သက်​မုန့်​ဖြစ်၏။ ငါ့​ထံ​သို့​လာ​သော​သူ​သည် နောက်​တစ်​ဖန် အ​ဆာ​အ​မွတ်​မ​ခံ​ရ။ ငါ့​ကို ယုံ​ကြည်​သော​သူ​သည် နောက်​တစ်​ဖန် ရေ​ငတ်​မ​ခံ​ရ။-

အ​ပြစ်​တ​ရား၏​အ​ခ​ကား သေ​ခြင်း​ပေ​တည်း။ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော ဆု​ကျေး​ဇူး​တော်​ကား၊ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ထာ​ဝ​ရ​အ​သက်​ပေ​တည်း။

ဇာ​တိ​ပ​က​တိ​ရှိ​သော​သူ​တို့​သည် ဇာ​တိ​ပ​က​တိ​နှင့် စပ်​ဆိုင်​သော​အ​ရာ​တို့​ကို စွဲ​လမ်း​သော စိတ်​သ​ဘော​ရှိ​ကြ၏။ ဝိ​ညာဉ်​ပ​က​တိ​ရှိ​သော သူ​တို့​မူ​ကား၊ ဝိ​ညာဉ်​ပ​က​တိ​နှင့် စပ်​ဆိုင်​သော​အ​ရာ​တို့​ကို စွဲ​လမ်း​သော စိတ်​သ​ဘော​ရှိ​ကြ၏။-

ဇာ​တိ​ပ​က​တိ​လူ​သည် ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​အ​ရာ​တို့​ကို မ​ခံ​မ​ယူ။ ထို​အ​ရာ​တို့​သည် မိုက်​မဲ​သော အ​ရာ​ဖြစ်​သည်​ဟု ထင်​တတ်၏။ ထို​အ​ရာ​တို့​ကို ဝိ​ညာဉ်​အား​ဖြင့်​သာ ပိုင်း​ခြား၍​နား​လည်​နိုင်​သော​ကြောင့်၊ ဇာ​တိ​ပ​က​တိ​လူ​သည် နား​မ​လည်​နိုင်။-

ဆု​တောင်း​လျှင်​လည်း ကာ​မ​ဂုဏ်​ခံ​စား​စ​ရာ​ဖို့ ရှိ​စေ​ခြင်း​ငှာ၊ အ​လွဲ​တောင်း​သော​ကြောင့် မ​ရ​ကြ။-

ဘု​ရား​သ​ခင်၏​သား​တော်​သည် ကြွ​လာ၍၊ မှန်​သော​ဘု​ရား​သ​ခင်​ကို သိ​သော​ဉာဏ်​ကို ငါ​တို့​အား ပေး​တော်​မူ​သည်​ကို​လည်း ငါ​တို့​သိ​ကြ၏။ မှန်​သော​ဘု​ရား​သ​ခင်၌​လည်း​ကောင်း၊ သား​တော်​ယေ​ရှု​ခ​ရစ်၌​လည်း​ကောင်း ငါ​တို့​သည် တည်​လျက်​ရှိ​ကြ၏။ ထို​သူ​သည်​မှန်​သော ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။ ထာ​ဝ​ရ​အ​သက်​လည်း ဖြစ်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ