Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်ယောဟန် 21:25

Judson Bible

သူ၏​သက်​သေ​ခံ​ချက် မှန်​သည်​ကို ငါ​တို့​သိ​ကြ၏။ ယေ​ရှု​ပြု​တော်​မူ​သော အ​ခြား​အ​မှု​အ​ရာ​အ​များ ရှိ​သေး၏။ ထို​အ​မှု​အ​ရာ​ရှိ​သ​မျှ​တို့​ကို အ​သီး​အ​ခြား​ရေး​ထား​လျှင်၊ မြေ​ကြီး​မ​ဆံ့​နိုင်​အောင် ကျမ်း​စာ​များ​ပြား​လိမ့်​မည်​ဟု ထင်​မှတ်​ခြင်း​ရှိ၏။ ရှင်​ယော​ဟန်​ခ​ရစ်​ဝင်​ပြီး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ဤ​ရွေ့​ကား၊ အ​မှု​တော်​အ​ရိပ်​အ​မြွက်​သာ ဖြစ်၏။ စ​ကား​တော် အ​သံ​အ​နည်း​ငယ်​ကို​သာ နား​ကြား​ရ၏။ တန်​ခိုး​တော်​မိုး​ကြိုး​သံ​ကို အ​ဘယ်​သူ​နား​လည်​နိုင်​သ​နည်း​ဟု မြွက်​ဆို၏။

အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​အ​ဖို့ ပြု​တော်​မူ​သော အံ့​ဩ​ဖွယ်​အ​မှု​တို့​နှင့် ကြံ​စည်​တော်​မူ​သော အ​ကြံ​အ​စည်​တို့​သည် များ​လှ​ပါ၏။ ရှေ့​တော်၌ အ​စဉ်​အ​တိုင်း လျှောက်၍​မ​ကုန်​နိုင်​ပါ။ အ​ကျွန်ုပ် ထုတ်​ဖော်​ကြား​ပြော​မည်​ဟု ဆို​သော်၊ ရေ​တွက်၍ မ​ကုန်​နိုင်​အောင်​များ​လှ​ပါ၏။

ဖြောင့်​မတ်​တော်​မူ​ခြင်း​နှင့် ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို အ​ကျွန်ုပ်​သည် နေ့​တိုင်း​အ​စဉ် ညွှန်​ကြား​ပါ​မည်။ ကျေး​ဇူး​တော်​တို့​ကို ရေ​တွက်၍ မ​ကုန်​နိုင်​ပါ။

တစ်​ဖန်​တုံ၊ ငါ့​သား၊ ထို​သို့​သော​စ​ကား​အား​ဖြင့် ဆုံး​မ​ခြင်း​ကို ခံ​လော့။ စာ​များ​ကို​စီ​ရင်၍ မ​ကုန်​နိုင်။ စာ​ကို ကြိုး​စား၍ ကြည့်​ရှု​ခြင်း​အ​မှု​သည်၊ ကိုယ်​ကို နှောင့်​ယှက်​သော​အ​မှု​ဖြစ်၏။

ထို​အ​ခါ ဗေ​သ​လ​ယဇ်​ပု​ရော​ဟိတ် အာ​မ​ဇိ​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယေ​ရော​ဗောင်​ထံ​သို့​စေ​လွှတ်၍၊ အာ​မုတ်​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​လယ်​တွင် ကိုယ်​တော်​တစ်​ဖက်၌ မ​ကောင်း​သော​အ​ကြံ​ကို ကြံ​စည်​ပါ​ပြီ။ သူ၏​စ​ကား​အ​လုံး​စုံ​တို့​ကို ပြည်​တော်​သည် မ​ခံ​နိုင်​ပါ။

မျက်​စိ​ကန်း​သော သူ​တို့​သည် မျက်​စိ​မြင်​ရ​ကြ၏။ ခြေ​မ​စွမ်း​သော သူ​တို့​သည် လှမ်း​သွား​ရ​ကြ၏။ နူ​နာ​စွဲ​သော သူ​တို့​သည် သန့်​ရှင်း​ခြင်း​သို့ ရောက်​ရ​ကြ၏။ နား​ပင်း​သော သူ​တို့​သည် နား​ကြား​ရ​ကြ၏။ သေ​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​သို့ ရောက်​ရ​ကြ၏။ ဆင်း​ရဲ​သား​တို့​သည်​လည်း ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ရ​ကြ၏။-

တစ်​ဖန် ငါ​ဆို​သည်​ကား၊ ကု​လား​အုတ်​သည် အပ်​န​ဖား​ကို လျှို​လွယ်၏။ ငွေ​ရ​တတ်​သော​သူ​သည် ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သို့ ဝင်​ခဲ​သည်​ဟု တ​ပည့်​တော်​တို့​အား​မိန့်​တော်​မူ၏။-

နတ်​ဆိုး​စွဲ​သော​သူ၌​လည်း​ကောင်း၊ ဝက်​တို့၌​လည်း​ကောင်း၊ အ​ဘယ်​သို့​ဖြစ်​သည်​ကို သိ​မြင်​သော​သူ​တို့​သည် နောက်​လာ​သော​သူ​တို့​အား ပြန်​ကြား​ပြီး​မှ၊-

ထို​အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ တန်​ခိုး​တော်​နှင့်​လည်း​ကောင်း၊ နာ​ဇ​ရက်​မြို့​သား ယေ​ရှု​ကို ဘိ​သိက်​ပေး​တော်​မူ​သ​ဖြင့်၊ ထို​သူ​သည် ဘု​ရား​သ​ခင်၏​အ​ခွင့်​တော်​နှင့် ကျေး​ဇူး​ပြု​လျက်၊ မာရ်​နတ်​ညှဉ်း​ဆဲ​သော သူ​အ​ပေါင်း​တို့​အား ချမ်း​သာ​ကို​ပေး​လျက် လှည့်​လည်​တော်​မူ၏။-

ထို​သို့​သင်​တို့​သည်​လည်း အ​လုပ်​လုပ်၍ အား​နည်း​သော သူ​တို့​ကို မ​စ​ရ​မည်​ကို​လည်း​ကောင်း၊ အ​စွန့်​အ​ကြဲ​ခံ​ခြင်း​အ​ရာ​ထက် စွန့်​ကြဲ​ခြင်း အ​ရာ​သည်​သာ၍ မင်္ဂ​လာ​ရှိ​သည်​ဟု သ​ခင်​ယေ​ရှု​မိန့်​တော်​မူ​သော စ​ကား​တော်​ကို အောက်​မေ့​ရ​မည်​ကို​လည်း​ကောင်း၊ အ​ရာ​ရာ၌ သင်​တို့​အား ငါ​ပြ​သ​ပြီ​ဟု၊-

ထို​မှ​တစ်​ပါး၊ အ​ဘယ်​သို့ ပြော​စ​ရာ​ရှိ​သေး​သ​နည်း။ ဂိ​ဒေါင်၊ ဗာ​ရက်၊ ရှံ​ဆုံ၊ ယေ​ဖ​သ၊ ဒါ​ဝိဒ်၊ ရှ​မွေ​လ​မှ​စ၍ ပ​ရော​ဖက်​တို့​အ​ကြောင်း​များ​ကို ပြော၍​မ​ကုန်​နိုင်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ