Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 20:23

Judson Bible

အ​ကြင်​သူ၏​အ​ပြစ်​ကို သင်​တို့​လွှတ်​လျှင်၊ ထို​သူ​သည် အ​ပြစ်​လွတ်​လျက်​ရှိ၏။ အ​ကြင်​သူ၏​အ​ပြစ်​ကို သင်​တို့​တည်​စေ​လျှင်၊ ထို​သူ​သည် အ​ပြစ်​တည်​လျက်​ရှိ၏​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ကောင်း​ကင်​နိုင်​ငံ​တော်၏ သော့​တို့​ကို​လည်း သင့်​အား ငါ​ပေး​မည်။ သင်​သည် မြေ​ကြီး​ပေါ်​မှာ ချည်​နှောင်​သ​မျှ​သည် ကောင်း​ကင်​ဘုံ၌ ချည်​နှောင်​လျက် ရှိ​လိမ့်​မည်။ မြေ​ကြီး​ပေါ်​မှာ ဖြည်​လွှတ်​သ​မျှ​သည် ကောင်း​ကင်​ဘုံ၌ ဖြည်​လွှတ်​လျက် ရှိ​လိမ့်​မည်​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊-

ငါ​အ​မှန်​ဆို​သည်​ကား၊ မြေ​ကြီး​ပေါ်​မှာ သင်​တို့ ချည်​နှောင်​သ​မျှ​သည် ကောင်း​ကင်​ဘုံ၌ ချည်​နှောင်​လျက် ရှိ​လိမ့်​မည်။ မြေ​ကြီး​ပေါ်​မှာ ဖြည်​လွှတ်​သ​မျှ​သည် ကောင်း​ကင်​ဘုံ၌ ဖြည်​လွှတ်​လျက် ရှိ​လိမ့်​မည်။-

ထို​သူ​တို့​အ​ပေါ်၌ မှုတ်​လျက်၊ သင်​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ခံ​ကြ​လော့။-

ထို​သ​ခင်​ကို ယုံ​ကြည်​သော​သူ​ရှိ​သ​မျှ​တို့​သည် နာ​မ​တော်​အား​ဖြင့် အ​ပြစ်​လွှတ်​တော်​မူ​ခြင်း ကျေး​ဇူး​ကို ခံ​ရ​ကြ​လ​တ္တံ့​ဟူ၍ ပ​ရော​ဖက်​အ​ပေါင်း​တို့​သည် ထို​သ​ခင်၏ သက်​သေ​ခံ​ဖြစ်​ကြ​သည်​ဟု ပေ​တ​ရု​မြွက်​ဆို၏။

ပေ​တ​ရု​က​လည်း၊ သင်​တို့၏​အ​ပြစ်​ကို​လွတ်​စေ​ခြင်း​ငှာ နောင်​တ​ရ၍ တစ်​ယောက်​မျှ​မ​ကြွင်း၊ ယေ​ရှု​ခ​ရစ်၏​နာ​မ၌ ဗ​တ္တိ​ဇံ​ကို​ခံ​ကြ​လော့။ သို့​ပြု​လျှင် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​တည်း​ဟူ​သော ဆု​ကျေး​ဇူး​တော်​ကို ခံ​ရ​ကြ​လိမ့်​မည်။-

စီ​ရင်​ချက်​ဟူ​မူ​ကား၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ အ​ခွင့်​အား​ဖြင့် သင်​တို့​သည် ငါ့​ဝိ​ညာဉ်​နှင့်​အ​တူ စည်း​ဝေး​ပြီး​မှ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ တန်​ခိုး​တော်​ကို အ​မှီ​ပြု၍၊-

အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ တ​မန်​တော်​တို့​မှ​စ၍ ပ​ရော​ဖက်​များ​တည်း​ဟူ​သော တိုက်​မြစ်​အ​ပေါ်၌ သင်​တို့​သည် ထပ်​ဆင့်၍ တည်​ဆောက်​လျက်​ရှိ​ကြ၏။-

ထို​သူ​တို့​တွင် ဟု​မေ​နဲ​နှင့် အာ​လေ​ဇ​န္ဒြု ပါ​သ​တည်း။ ထို​သူ​တို့​သည် ကဲ့​ရဲ့​သော​စ​ကား​ကို ကြဉ်​ရှောင်​ခြင်း​ငှာ သင်​ရ​မည်​အ​ကြောင်း၊ စာ​တန်၏​လက်​သို့ ငါ​အပ်​လိုက်​ခဲ့​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ