Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်ယောဟန် 19:40

Judson Bible

ထို​သူ​တို့​သည် ယေ​ရှု၏​အ​လောင်း​တော်​ကို​ယူ၍၊ ယု​ဒ​လူ​တို့၏ သင်္ဂြိုဟ်​ခြင်း​နှင့်​ဆိုင်​သော​ပြင်​ဆင်​ခြင်း ထုံး​စံ​ရှိ​သည်​အ​တိုင်း နံ့​သာ​မျိုး​နှင့်​တ​ကွ ပိတ်​ပု​ဆိုး​ဖြင့် အ​လောင်း​တော်​ကို ပတ်​ရစ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

အ​ဘ၏​အ​လောင်း​ကို နံ့​သာ​မျိုး​နှင့်​ပြင်​ဆင်​စေ​ခြင်း​ငှာ၊ မိ​မိ​ကျွန်​ဆေး​သ​မား​တို့​ကို အ​မိန့်​ရှိ၍၊ သူ​တို့​သည်​နံ့​သာ​မျိုး​နှင့် ပြင်​ဆင်​ကြ၏။

ဒါ​ဝိဒ်​မြို့​မှာ မိ​မိ​အ​ဖို့ မိ​မိ​လုပ်​နှင့်​သော သင်္ချိုင်း၌၊ ပြည်​သား​တို့​သည် သင်္ဂြိုဟ်​သော​အ​ခါ၊ မွှေး​ကြိုင်​သော နံ့​သာ​မျိုး​တို့​ကို၊ ဆေး​သ​မား​အ​တတ်​ဖြင့်​ဖော်၍၊ တ​လား၌ အ​ပြည့်​ထည့်​ပြီး​လျှင်၊ အ​လောင်း​တော်​ကို တင်​ထား​ကြ၏။ အ​လွန်​ကြီး​သော မီး​ရှို့​ပွဲ​ကို​လည်း ခံ​ကြ၏။

ဤ​ဆီ​မွှေး​ကို ငါ့​ကိုယ်​အ​ပေါ်၌ သွန်း​လောင်း​သည်​မှာ ငါ့​အ​လောင်း​ကို သင်္ဂြိုဟ်​မည်​ဟု ပြင်​ဆင်​ခြင်း​ငှာ ပြု​သ​တည်း။-

ဤ​မိန်း​မ​သည် တတ်​နိုင်​သ​မျှ​ပြု​ပြီ။ ငါ့​အ​လောင်း​ကို သင်္ဂြိုဟ်​မည်​ဟု ပြင်​ဆင်​ခြင်း​ငှာ၊ ငါ့​ကိုယ်​ကို ဆီ​မွှေး​နှင့် လူး​နှင့်​သ​တည်း။-

သို့​သော်​လည်း ပေ​တ​ရု​သည်​ထ၍ သင်္ချိုင်း​တော်​သို့ ပြေး​လေ၏။ ရောက်​သော​အ​ခါ ငုံ့​ကြည့်၍ ပိတ်​ပု​ဆိုး​သာ​ရှိ​ရစ်​သည်​ကို မြင်​လျှင်၊ ထို​အ​ကြောင်း​အ​ရာ​ကို အံ့​ဩ၍ မိ​မိ​အိမ်​သို့ ပြန်​သွား၏။

ထို​အ​ခါ သေ​လွန်​သော​သူ​သည် မိ​မိ​ခြေ​လက်၌ ပု​ဆိုး​နံ​ငယ်​နှင့်​ရစ်​ပတ်​လျက်၊ မျက်​နှာ​ကို​လည်း ပု​ဝါ​နှင့် စည်း​လျက်​ထွက်​လာ၏။ ယေ​ရှု​က​လည်း၊ သူ့​ကို​ဖြည်၍ လွှတ်​ကြ​လော့​ဟု မိန့်​တော်​မူ၏။

ယေ​ရှု​သည်​လည်း၊ ထို​မိန်း​မ​ကို​ရှိ​စေ​တော့။ ငါ၏​အ​လောင်း​ကို​သင်္ဂြိုဟ်​ခြင်း​ငှာ ပြင်​ဆင်​သော​နေ့​တိုင်​အောင် သူ​သည် ဤ​ဆီ​မွှေး​ကို သို​ထား​ပြီ။-

လု​လင်​တို့​သည်​လည်း​ထ၍ အ​လောင်း​ကောင်​ကို အ​ဝတ်​နှင့် ပတ်​ရစ်​ပြီး​လျှင် ဆောင်​သွား၍ သင်္ဂြိုဟ်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ