ယေရှုထံသို့ရောက်၍ အသက်မရှိကြောင်းကိုမြင်လျှင် ခြေကိုမချိုးဘဲ၊-
ထင်းကိုစီ၍ နွားကိုလည်း အပိုင်းပိုင်းဖြတ်ပြီးလျှင် ထင်းပေါ်မှာတင်လေ၏။
သူ၏အရိုးရှိသမျှတို့ကို စောင့်ရှောက်တော်မူသည်ဖြစ်၍၊ တစ်ချောင်းမျှ မကျိုးမပဲ့ရ။
တစ်အိမ်တည်း၌တစ်ကောင်ကိုစားရ၏။ အသားကိုအိမ်ပြင်သို့ယူမသွားရ။ အရိုးကိုလည်းမချိုးရ။
သူငယ်သေကြောင်းကို ထိုသူတို့သည်သိသဖြင့် ကိုယ်တော်ကို ပြက်ရယ်ပြုကြ၏။-
ထိုအခါစစ်သူရဲတို့သည် သွား၍ ကိုယ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောသူနှစ်ယောက်တို့၏ ခြေကိုချိုးလေ၏။-
စစ်သူရဲတစ်ယောက်သည် နံဘေးတော်ကို လှံနှင့်ထိုးဖောက်၍ သွေးနှင့် ရေသည် ချက်ချင်းထွက်လာ၏။-