Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်ယောဟန် 17:20

Judson Bible

ထို​သူ​တို့​အ​ဖို့​ကို​သာ အ​ကျွန်ုပ်​ဆု​တောင်း​သည် မ​ဟုတ်​ပါ၊ သူ​တို့ ဟော​ပြော​ခြင်း​အား​ဖြင့် အ​ကျွန်ုပ်​ကို ယုံ​ကြည်​သော​သူ​တို့​အ​ဖို့​ကို​လည်း ဆု​တောင်း​ပါ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ဤ​သိုး​ခြံ​သို့​မ​ဝင်​သော အ​ခြား​သိုး​တို့​ကို​လည်း ငါ​ပိုင်​သေး၏။ ထို​သိုး​တို့​ကို ငါ​ဆောင်​ခဲ့​ရ​မည်။ သူ​တို့​သည်​လည်း ငါ့​စ​ကား​သံ​ကို နား​ထောင်​သ​ဖြင့်၊ သိုး​ခြံ​တစ်​ခု သိုး​ထိန်း​တစ်​ပါး​တည်း ရှိ​ရ​လိမ့်​မည်။-

သ​မ္မာ​တ​ရား​အား​ဖြင့် သူ​တို့​ကို သန့်​ရှင်း​စေ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​သည် သူ​တို့​အ​ဖို့​အ​လို​ငှာ ကိုယ်​ကို သန့်​ရှင်း​စေ​ပါ၏။

ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​စေ​လွှတ်​တော်​မူ​သည်​ကို လော​ကီ​သား​တို့​သည် ယုံ​ကြ​မည်​အ​ကြောင်း ထို​သူ​အ​ပေါင်း​တို့​သည် တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​လျက်၊ အ​ဘ၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၌​ရှိ​တော်​မူ၍ အ​ကျွန်ုပ်​သည်​လည်း ကိုယ်​တော်၌​ရှိ​သ​ကဲ့​သို့၊ ထို​သူ​အ​ပေါင်း​တို့​သည် ငါ​တို့၌ တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​စေ​ခြင်း​ငှာ ဆု​တောင်း​ပါ၏။-

ထို​စ​ကား​ကို အ​သင့်​နှ​လုံး​သွင်း​မိ​သော​သူ​တို့​သည် ဗ​တ္တိ​ဇံ​ကို​ခံ၍၊ ထို​နေ့၌​အ​ရေ​အ​တွက်​အား​ဖြင့် သုံး​ထောင်​မျှ​လောက်​သော သူ​တို့​သည် ဝင်​ကြ၏။-

တ​ရား​နာ​သော​သူ​အ​များ​တို့​သည် ယုံ​ကြည်​ခြင်း​သို့​ရောက်၍ အ​ရေ​အ​တွက်​အား​ဖြင့် လူ​ငါး​ထောင်​မျှ​လောက် ရှိ​ကြ၏။

လူ​မျိုး​အ​ပေါင်း​တို့​သည် ယုံ​ကြည်​နား​ထောင်​ကြ​မည်​အ​ကြောင်း ပ​ရော​ဖက်​တို့၏ ကျမ်း​စာ​များ​လာ​သည်​နှင့်​အ​ညီ၊ ထာ​ဝ​ရ​ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​အ​တိုင်း ထို​သူ​တို့​အား ဖော်​ပြ​ရ​သော နက်​နဲ​ရာ​ကို​ဖွင့်​ထား​ခြင်း ကျေး​ဇူး​တော်​နှင့်​လျော်​စွာ၊ ငါ​ဟော​သော ဧ​ဝံ​ဂေ​လိ​တ​ရား​တည်း​ဟူ​သော ယေ​ရှု​ခ​ရစ်၏​အ​ကြောင်း​ကို ဟော​ပြော​ခြင်း​အား​ဖြင့်၊ သင်​တို့​ကို မြဲ​မြံ​ခိုင်​ခံ့​စေ​ခြင်း​ငှာ တတ်​နိုင်​တော်​မူ​သော​အ​ရှင်၊-

ခ​ရစ်​တော်၏​ကိုယ်​တော်​ကို တည်​ဆောက်၍ ဓ​မ္မ​ဆ​ရာ၏​အ​မှု​ကို ပြု​တတ်​မည်​အ​ကြောင်း၊-

ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်​နှင့် ခ​မည်း​တော်​ဘု​ရား​သ​ခင့်​အ​ထံ​တော်​က ကျေး​ဇူး၊ က​ရု​ဏာ၊ ငြိမ်​သက်​ခြင်း​ရှိ ပါ​စေ​သော။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ