Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်ယောဟန် 16:30

Judson Bible

အ​လုံး​စုံ​တို့​ကို သိ​တော်​မူ​သည်​ကို​လည်း​ကောင်း၊ အ​ဘယ်​သူ​မျှ​ကိုယ်​တော်​ကို မေး​မြန်း​စေ​ခြင်း​ငှာ အ​လို​တော်​မ​ရှိ​သည်​ကို​လည်း​ကောင်း၊ ယ​ခု​တွင် အ​ကျွန်ုပ်​တို့​သိ​ကြ​ပါ၏။ အ​ကျွန်ုပ်​တို့​သည် ဤ​အ​ကြောင်း​ကို​ထောက်၍ ကိုယ်​တော်​သည် ဘု​ရား​သ​ခင့်​အ​ထံ​တော်​မှ ကြွ​တော်​မူ​သည်​ကို ယုံ​ပါ​သည်​ဟု လျှောက်​ကြ၏-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

မိန်း​မ​က​လည်း၊ ဤ​အ​မှု​ကို​ထောက်၍ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏​လူ ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ ကိုယ်​တော်​ဆင့်​ဆို​သော ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော် ဟုတ်​မှန်​ကြောင်း​ကို​လည်း​ကောင်း၊ ကျွန်​မ​သိ​ပါ​သည်​ဟု ဧ​လိ​ယ​အား​ဆို၏။

တ​ပည့်​တော်​အ​ချို့​က​လည်း၊ ခ​ဏ​ကြာ​ပြီး​မှ သင်​တို့​သည်​ငါ့​ကို မ​မြင်​ရ​ကြ။ တစ်​ဖန် ခ​ဏ​ကြာ​ပြီး​မှ ငါ့​ကို မြင်​ပြန်​ကြ​လိမ့်​မည်​ဟူ၍​လည်း​ကောင်း၊ အ​ကြောင်း​မူ​ကား၊ ငါ​သည် ခ​မည်း​တော်​ထံ​သို့ သွား​မည်​ဟူ၍​လည်း​ကောင်း၊ မိန့်​တော်​မူ​သော​စ​ကား​သည် အ​ဘယ်​သို့​နည်း။-

ထို​နေ့၌ သင်​တို့​သည် ငါ့​ကို​အ​လျှင်း​မ​မေး​မြန်း​ရ​ကြ။ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သင်​တို့​သည် ငါ၏​နာ​မ​ကို အ​မှီ​ပြု၍ ခ​မည်း​တော်​မှာ ဆု​တောင်း​သ​မျှ​တို့​ကို ခ​မည်း​တော်​သည် ပေး​တော်​မူ​မည်။-

ထို​ကာ​လ၌ သင်​တို့​သည် ငါ၏​နာ​မ​ကို​အ​မှီ​ပြု၍ ဆု​တောင်း​ကြ​လိမ့်​မည်။ သင်​တို့​အ​ဖို့​အ​လို​ငှာ ငါ​သည် ခ​မည်း​တော်​ကို တောင်း​မည်​ဟု​မ​ဆို။-

ယေ​ရှု​က​လည်း၊ ယ​ခု​တွင်​ယုံ​ကြ​ပြီ​လော။-

အ​ကြောင်း​မူ​ကား၊ အ​ကျွန်ုပ်​အား ပေး​တော်​မူ​သ​မျှ​သော​အ​ရာ​တို့​ကို သူ​တို့​အား​အ​ကျွန်ုပ်​ပေး၍ သူ​တို့​သည် ခံ​ယူ​သ​ဖြင့်၊ အ​ကျွန်ုပ်​သည် အ​ထံ​တော်​မှ​ကြွ​လာ​သည်​ကို အ​တပ်​သိ​ကြ​သည်​နှင့် ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို စေ​လွှတ်​တော်​မူ​သည်​ကို ယုံ​ကြ​ပါ၏။-

ထို​သို့​ယေ​ရှု​သည် ရှေ့​ဦး​စွာ​သော ဤ​နိ​မိတ်​လ​က္ခ​ဏာ​ကို ဂါ​လိ​လဲ​ပြည်၊ ကာ​န​မြို့၌​ပြ၍ မိ​မိ​ဘုန်း​တော်​ကို ထင်​ရှား​စေ​တော်​မူ၏။ တ​ပည့်​တော်​တို့​သည်​လည်း ယုံ​ကြည်​ကြ၏။

ယေ​ရှု​က​လည်း၊ ယော​န၏​သား​ရှိ​မုန်၊ သင်​သည် ငါ့​ကို​ချစ်​သ​လော​ဟု တ​တိ​ယ​အ​ကြိမ်​မေး​တော်​မူ​လျှင်၊ သင်​သည်​ငါ့​ကို​ချစ်​သ​လော​ဟု သုံး​ကြိမ်​မြောက်​အောင် မေး​တော်​မူ​သော​ကြောင့် ပေ​တ​ရု​သည်​စိတ်​နာ​သ​ဖြင့်၊ သ​ခင်၊ ကိုယ်​တော်​သည် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သိ​တော်​မူ၏။ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ချစ်​သည်​ကို ကိုယ်​တော်​သိ​တော်​မူ၏​ဟု လျှောက်​သော်၊ ယေ​ရှု​က၊ ငါ၏​သိုး​တို့​ကို ကျွေး​မွေး​လော့။-

ခ​မည်း​တော်​သည် သား​တော်​ကို​ချစ်​တော်​မူ၍ ပြု​တော်​မူ​သ​မျှ​တို့​ကို သား​တော်​အား​ပြ​တော်​မူ၏။ သင်​တို့​သည် အံ့​ဩ​ဖွယ်​ရှိ​စေ​ခြင်း​ငှာ ဤ​မျှ​မ​က သာ၍​ကြီး​စွာ​သော အ​မူ​အ​ရာ​တို့​ကို သား​တော်​အား​ပြ​တော်​မူ​လိမ့်​မည်။-

ယေ​ရှု​က​လည်း၊ ဘု​ရား​သ​ခင်​သည် သင်​တို့​အ​ဘ​မှန်​လျှင် သင်​တို့​သည် ငါ့​ကို​ချစ်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ဘု​ရား​သ​ခင့်​အ​ထံ​တော်​မှ ထွက်​ကြွ​ရောက်​လာ၏။ ကိုယ်​အ​လို​အ​လျောက် လာ​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ၏။-

ငါ​တို့​ကို စစ်​ကြော​စီ​ရင်​တော်​မူ​သော​သူ​ရှေ့၌ မ​ထင်​ရှား​သော အ​ရာ​တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ၊ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် အ​ကွယ်​အ​ကာ မ​ရှိ​ဘဲ၊ မျက်​မှောက်​တော်၌ လှန်​ထား​လျက် ရှိ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ