Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်ယောဟန် 16:14

Judson Bible

ထို​သူ​သည် ငါ့​ဘုန်း​ကို​ထင်​ရှား​စေ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​နှင့်​စပ်​ဆိုင်​သော​အ​ရာ​ကို​ယူ၍ သင်​တို့​အား ဖော်​ပြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ကျေး​ဇူး​တော်​ကို ခံ​သော​သ​ဘော၊ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​သော​သ​ဘော​ကို ဒါ​ဝိဒ်​မင်း​မျိုး၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​အ​ပေါ်​သို့ ငါ​သွန်း​လောင်း​သ​ဖြင့်၊ သူ​တို့​သည် မိ​မိ​တို့ ထိုး​ဖောက်​သော ငါ့​ကို ရှု​မြင်​ရ​ကြ​လိမ့်​မည်။ တစ်​ယောက်​တည်း​သော​သား​အ​တွက် အ​ဘ​သည် ငို​ကြွေး​မြည်​တမ်း​သ​ကဲ့​သို့၊ ထို​သူ​အ​တွက် ငို​ကြွေး​မြည်​တမ်း​ရ​ကြ​လိမ့်​မည်။ သား​ဦး​အ​တွက် အ​ဘ​သည် နာ​ကြည်း​ရ​ကြ​လိမ့်​မည်။

ငါ့​ပ​ညတ်​တို့​ကို​ရ၍ စောင့်​ရှောက်​သော​သူ​သည် ငါ့​ကို​ချစ်​သော​သူ​ဖြစ်၏။ ငါ့​ကို​ချစ်​သော​သူ​ကို ငါ့​ခ​မည်း​တော်​သည် ချစ်​တော်​မူ​မည်။ ငါ​သည်​လည်း ထို​သူ​ကို​ချစ်၍ သူ့​အား​ကိုယ်​တိုင်​ထင်​ရှား​မည်​ဟု မိန့်​တော်​မူ၏။

ခ​မည်း​တော်​ထံ​မှ​ထွက်​လာ၍ သ​မ္မာ​တ​ရား​နှင့်​ပြည့်​စုံ​သော ဝိ​ညာဉ်​တော်​တည်း​ဟူ​သော ခ​မည်း​တော်​ထံ​မှ သင်​တို့​ဆီ​သို့ ငါ​စေ​လွှတ်​လ​တ္တံ့​သော ဥ​ပ​ဇ္ဈာယ်​ဆ​ရာ​သည် ရောက်​လာ​သော​အ​ခါ၊ ငါ၏​အ​ကြောင်း​ကို သက်​သေ​ခံ​လိမ့်​မည်။-

ထို​သို့​မိန့်​တော်​မူ​သော်၊ ယုံ​ကြည်​သော​သူ​တို့​သည် ခံ​ရ​လ​တ္တံ့​သော​ဝိ​ညာဉ်​တော်​ကို ရည်​မှတ်၍ မိန့်​တော်​မူ၏။ ယေ​ရှု​သည် ဘုန်း​ပွင့်​တော်​မ​မူ​သေး​သော​ကြောင့် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ပေး​တော်​မ​မူ​သေး။

ထို​ကြောင့် ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​အား​ဖြင့် ဟော​ပြော၍ အ​ဘယ်​သူ​မျှ ယေ​ရှု​ကို မ​ကျိန်​ဆဲ​နိုင်​သည်​ကို​လည်း​ကောင်း၊ ယေ​ရှု​သည် သ​ခင်​ဘု​ရား ဖြစ်​တော်​မူ၏​ဟု သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို အ​မှီ​မ​ပြု​လျှင်၊ အ​ဘယ်​သူ​မျှ မ​ပြော​နိုင်​သည်​ကို​လည်း​ကောင်း၊ သင်​တို့​သည် သိ​နား​လည်​စေ​ခြင်း​ငှာ ငါ​သ​တိ​ပေး၏။-

မှောင်​မိုက်​ထဲ​က အ​လင်း​ထွန်း​လင်း​မည်​အ​ကြောင်း မိန့်​တော်​မူ​သော​ဘု​ရား​သ​ခင်​သည်၊ ယေ​ရှု​ခ​ရစ်၏ မျက်​နှာ၌​ထွန်း​လင်း​သော ဘု​ရား​သ​ခင်၏​ဘုန်း​တော်​ကို​သိ​သော ဉာဏ်၏​အ​ရောင်​ကို ပေး​လို​သော​ငှာ၊ ငါ​တို့​စိတ်​နှ​လုံး​ထဲ၌ အ​လင်း​ကို ထွန်း​လင်း​စေ​တော်​မူ၏။

ငါ​တို့​မူ​ကား၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​မည်​ဟု မျှော်​လ​င့်​သော​ကျေး​ဇူး​တော်​ကို ဝိ​ညာဉ်​တော်​အား​ဖြင့် ငံ့​လင့်၍​နေ​ကြ၏။-

သို့​ဖြစ်၍ ယုံ​ကြည်​ခြင်း​ရှိ​သော သင်​တို့၌​ကား ဘုန်း​အ​သ​ရေ​ရှိ၏။ နား​မ​ထောင်​သော သူ​တို့၌​ကား၊ တိုက်​ကို​တည်​လုပ်​သော​သူ​များ ပယ်​ထား​သော ကျောက်​သည် နောက်​တစ်​ဖန် တိုက်​ထောင့်​အ​ထွတ်​ဖျား​သို့ ရောက်​ပြန်၏။-

ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​ဟူ​မူ​ကား၊ သား​တော်​ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​ရ​မည်။ သား​တော် ပ​ညတ်​တော်​မူ​သည်​အ​တိုင်း၊ အ​ချင်း​ချင်း ချစ်​ရ​မည်​ဟူ​သော ပ​ညတ်​တော်​ပေ​တည်း။-

ဘု​ရား​သ​ခင်၏​သား​တော်​သည် ကြွ​လာ၍၊ မှန်​သော​ဘု​ရား​သ​ခင်​ကို သိ​သော​ဉာဏ်​ကို ငါ​တို့​အား ပေး​တော်​မူ​သည်​ကို​လည်း ငါ​တို့​သိ​ကြ၏။ မှန်​သော​ဘု​ရား​သ​ခင်၌​လည်း​ကောင်း၊ သား​တော်​ယေ​ရှု​ခ​ရစ်၌​လည်း​ကောင်း ငါ​တို့​သည် တည်​လျက်​ရှိ​ကြ၏။ ထို​သူ​သည်​မှန်​သော ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။ ထာ​ဝ​ရ​အ​သက်​လည်း ဖြစ်​တော်​မူ၏။

ထို​သ​ခင်​ကား၊ ရေ​အား​ဖြင့်​လည်း​ကောင်း၊ အ​သွေး​အား​ဖြင့်​လည်း​ကောင်း ကြွ​လာ​သော​သူ​တည်း​ဟူ​သော ယေ​ရှု​ခ​ရစ်​ပေ​တည်း။ ရေ​အား​ဖြင့်​သာ​မ​ဟုတ်၊ ရေ​အား​ဖြင့်​လည်း​ကောင်း၊ အ​သွေး​အား​ဖြင့်​လည်း​ကောင်း ကြွ​လာ​တော်​မူ၏။ သက်​သေ​ခံ​ဟူ​မူ​ကား၊ ဝိ​ညာဉ်​တော်​သည် သ​မ္မာ​တ​ရား​ဖြစ်၍ သက်​သေ​ခံ​တော်​မူ၏။-

ငါ​သည် ထို​သူ​ကို ကိုး​ကွယ်​ခြင်း​ငှာ သူ၏ ခြေ​ရင်း၌ ပျပ်​ဝပ်၏။ သူ​က​လည်း၊ မ​ပြု​ပါ​နှင့်၊ ငါ​ကား သင်၏ လုပ်​ဘော်​ဆောင်​ဖက် ဖြစ်၏။ ယေ​ရှု၏ သက်​သေ​ခံ​တော်​မူ​ချက်​ကို ဆောင်​သော သင်၏ ညီ​အစ်​ကို​တို့၏ လုပ်​ဘော်​ဆောင်​ဖက်​လည်း ဖြစ်၏။ ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​လော့။ အ​ကြောင်း​မူ​ကား၊ ပ​ရော​ဖက်​ဟော​သော စ​ကား​ချက်​သ​ဘော​သည် ယေ​ရှု၏​သက်​သေ ဖြစ်​သ​တည်း​ဟု ငါ့​အား​ပြော​ဆို၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ