Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်ယောဟန် 15:14

Judson Bible

သင်​တို့​သည် ငါ​ပ​ညတ်​သ​မျှ​တို့​ကို ကျင့်​ဆောင်​လျှင် ငါ၏​အ​ဆွေ​ဖြစ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

နာ​သန်​သား​အာ​ဇ​ရိ​သည် ဝန်​စာ​ရေး​အုပ်​ဖြစ်၏။ နာ​သန်​သား​ဇာ​ဗုဒ်​သည် မင်း​သား​အ​ရာ​နှင့် တိုင်​ပင်​မတ်​ဖြစ်၏။

ထာ​ဝ​ရ​ဘု​ရား၌​ဆည်း​ကပ်၍ နောက်​တော်​သို့ အ​စဉ်​အ​မြဲ​လိုက်​သ​ဖြင့် မော​ရှေ၌ ထာ​ဝ​ရ​ဘု​ရား​ထား​တော်​မူ​သော ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​လေ၏။

ဤ​ပြည်၌​နေ​ဖူး​သော သူ​တို့​ကို ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​ရှေ့​မှ နှင်​ထုတ်၍၊ ကိုယ်​တော်​အ​ဆွေ အာ​ဗြ​ဟံ၏​သား​မြေး​တို့​အား၊ ဤ​ပြည်​ကို အ​စဉ်​ပေး​တော်​မူ​သော အ​ကျွန်ုပ်​တို့၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​သည် မ​ဟုတ်​လော။

မော​ရှေ​နှင့်​အာ​ရုန်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​အ​တိုင်း​ပြု​ကြ၏။

အ​ပေါင်း​အ​ဖော်​များ​သော​သူ​သည် အ​ကျိုး​နည်း​ရှိ​တတ်၏။ မိတ်​ဆွေ​မူ​ကား၊ ညီ​အစ်​ကို​စွဲ​ကပ်​သည်​ထက် သာ၍ စွဲ​ကပ်​တတ်၏။

ငါ​နှ​မ၊ ငါ့​ခင်​ပွန်း၊ ငါ့​ဥ​ယျာဉ်​ထဲ​သို့ ငါ​ဝင်​လာ​ပြီ။ ငါ့​မု​ရန်​နှင့် နံ့​သာ​မျိုး​ကို ခံ​ယူ​ပြီ။ ငါ့​ပျား​ရည်​နှင့် ပျား​လ​ပို့​ကို စား​ရ​ပြီ။ ငါ့​နို့​နှင့် စ​ပျစ်​ရည်​ကို သောက်​ရ​ပြီ။ ငါ့​အ​ဆွေ​တို့၊ စား​ကြ​လော့။ ငါ့​မိတ်​ဆွေ​တို့၊ သောက်​ကြ။ ဝ​စွာ​သောက်​ကြ​လော့။

ငါ့​ကျွန်​ဣ​သ​ရေ​လ၊ ငါ​ရွေး​ချယ်​သော​သူ ယာ​ကုပ်၊ ငါ့​အ​ဆွေ​အာ​ဗြ​ဟံ၏​သား၊

သူ​တို့​သည် ဝင်၍ သိမ်း​ယူ​ကြ​သော်​လည်း၊ အ​မိန့်​တော်​ကို နား​မ​ထောင်၊ တ​ရား​တော်​လမ်း​သို့ မ​လိုက်၊ မှာ​ထား​တော်​မူ​သော အ​ကျင့်​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ကျင့်​ဘဲ​နေ​သော​ကြောင့်၊ ယ​ခု​ခံ​ရ​သ​မျှ​သော ဘေး​ဥ​ပဒ်​တို့​ကို သူ​တို့​အ​ပေါ်​သို့ ရောက်​စေ​တော်​မူ​ပြီ။

ငါ​သည် သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော​သူ၏ ဥ​စ္စာ​ပ​ရိ​ကံ​များ​ကဲ့​သို့၊ ငါ၏​ဥ​စ္စာ​ပ​ရိ​ကံ​များ​ကို နေ့​အ​ချိန်၌​ထုတ်၍၊ ည​အ​ချိန်​၌ အုတ်​ရိုး​ကို ကိုယ်​လက်​နှင့် တူး​ဖောက်​ပြီး​မှ၊ ညဉ့်​ဦး​ယံ​အ​ချိန်၌ သူ​တို့​မျက်​မှောက်​တွင် ပ​ခုံး​ပေါ်​မှာ​ထမ်း​သွား၏။

ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော ငါ့​အ​ဘ၏​အ​လို​တော်​ကို ဆောင်​သော​သူ​သည် ငါ့​ညီ၊ ငါ့​နှ​မ၊ ငါ့​အ​မိ ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။

ငါ့​အ​ဆွေ​တို့၊ သင်​တို့​အား ငါ​ဆို​သည်​ကား၊ ကိုယ်​ခ​န္ဓာ​ကို​သတ်၍ နောက်​တစ်​ဖန် အ​လျှင်း​မ​ပြု​နိုင်​သော သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။-

ဤ​အ​ရာ​များ​ကို သင်​တို့​သိ၍ သိ​သည်​အ​တိုင်း​ကျင့်​လျှင် မင်္ဂ​လာ​ရှိ​ကြ၏။-

ငါ့​ကို​ချစ်​လျှင် ငါ့​ပ​ညတ်​တို့​ကို စောင့်​ရှောက်​ကြ​လော့။ ငါ​သည် ခ​မည်း​တော်​ကို​တောင်း၍၊-

ငါ့​ပ​ညတ်​တို့​ကို​ရ၍ စောင့်​ရှောက်​သော​သူ​သည် ငါ့​ကို​ချစ်​သော​သူ​ဖြစ်၏။ ငါ့​ကို​ချစ်​သော​သူ​ကို ငါ့​ခ​မည်း​တော်​သည် ချစ်​တော်​မူ​မည်။ ငါ​သည်​လည်း ထို​သူ​ကို​ချစ်၍ သူ့​အား​ကိုယ်​တိုင်​ထင်​ရှား​မည်​ဟု မိန့်​တော်​မူ၏။

ငါ​သည် ယ​ခု​သွား​သော်​လည်း သင်​တို့​ဆီ​သို့ လာ​ဦး​မည်​ဟု ငါ​ပြော​သော​စ​ကား​ကို သင်​တို့​ကြား​ရ​ကြ​ပြီ။ သင်​တို့​သည် ငါ့​ကို​ချစ်​လျှင် ခ​မည်း​တော်​ထံ​သို့ ငါ​သွား​မည်​ကို ဝမ်း​မြောက်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ့​ခ​မည်း​တော်​သည် ငါ့​ထက်​သာ၍ ကြီး​မြတ်​တော်​မူ၏။-

မယ်​တော်​က​လည်း၊ သူ​စေ​ခိုင်း​သ​မျှ​တို့​ကို ပြု​ကြ​လော့​ဟု အ​စေ​ခံ​တို့​အား​ဆို​လေ၏။-

အာ​ဗြ​ဟံ​သည် ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​သည်​ဖြစ်၍၊ သူ၏ ယုံ​ကြည်​ခြင်း​ကို ဖြောင့်​မတ်​ခြင်း​ကဲ့​သို့ မှတ်​တော်​မူ၏​ဟူ​သော ကျမ်း​စ​ကား ပြည့်​စုံ​လေ၏။ အာ​ဗြ​ဟံ​သည်​လည်း၊ ဘု​ရား​သ​ခင်၏​အ​ဆွေ​ဟူ၍ ခေါ်​ဝေါ်​ခြင်း​ကို​ခံ​ရ၏။-

ပ​ညတ်​တော်​တို့​ကို စောင့်​ခြင်း​အ​ရာ​သည် ဘု​ရား​သ​ခင်​ကို ချစ်​ရာ​ရောက်၏။ ပ​ညတ်​တော်​တို့​ကို စောင့်​ခဲ​သည်​မ​ဟုတ်။-

ကောက်​နယ်​တ​လင်း​သို့ သွား၍ ယော​က္ခ​မ​မှာ​ထား​သ​မျှ​အ​တိုင်း ပြု​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ