Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်ယောဟန် 14:12

Judson Bible

ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ့​ကို​ယုံ​ကြည်​သော​သူ​သည် ငါ​ပြု​သော​အ​မှု​တို့​ကို ပြု​လိမ့်​မည်။ ထို​အ​မှု​တို့​ထက်​သာ၍ ကြီး​သော​အ​မှု​တို့​ကို​လည်း ပြု​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ခ​မည်း​တော်​ထံ​သို့ သွား၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

28 ပူးပေါင်းရင်းမြစ်များ  

ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​သည် ယုံ​မှား​ခြင်း​နှင့်​ကင်း​သော ယုံ​ကြည်​ခြင်း​ရှိ​လျှင်၊ သင်္ဘော​သ​ဖန်း​ပင်၌ ပြု​သ​ကဲ့​သို့ သင်​တို့​ပြု​နိုင်​သည် သာ​မ​က၊ ထို​တောင်​ကို​ပင် နေ​ရာ​မှ​ရွေ့​လော့၊ ပင်​လယ်၌​ကျ​လော့​ဟု ဆို​လျှင် ဆို​သည်​အ​တိုင်း ဖြစ်​လိမ့်​မည်။-

အ​ရွက်​နှင့်​ပြည့်​စုံ​သော သင်္ဘော​သ​ဖန်း​ပင်​ကို အ​ဝေး​က​မြင်​လျှင်၊ သင်္ဘော​သ​ဖန်း​သီး ဆွတ်​သော​အ​ချိန်​ကာ​လ မ​ရောက်​သေး​သော​ကြောင့်၊ ထို​အ​ပင်၌ အ​သီး​ကို တွေ့​ကောင်း​တွေ့​လိမ့်​မည်​ဟု ကြွ​သွား၍ ရောက်​သော​အ​ခါ၊ အ​ရွက်​ကို​သာ တွေ့​တော်​မူ​သည်​ရှိ​သော်၊-

ယုံ​ကြည်​သော​သူ​တို့၌ ဖြစ်​အံ့​သော နိ​မိတ်​လ​က္ခ​ဏာ ဟူ​မူ​ကား၊ ငါ၏​နာ​မ​ကို အ​မှီ​ပြု၍ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​ကြ​လ​တ္တံ့။ ထူး​ခြား​သော ဘာ​သာ​စ​ကား​မျိုး​တို့​ကို ပြော​ကြ​လ​တ္တံ့။-

ငါ​သည် ယ​ခု​သွား​သော်​လည်း သင်​တို့​ဆီ​သို့ လာ​ဦး​မည်​ဟု ငါ​ပြော​သော​စ​ကား​ကို သင်​တို့​ကြား​ရ​ကြ​ပြီ။ သင်​တို့​သည် ငါ့​ကို​ချစ်​လျှင် ခ​မည်း​တော်​ထံ​သို့ ငါ​သွား​မည်​ကို ဝမ်း​မြောက်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ့​ခ​မည်း​တော်​သည် ငါ့​ထက်​သာ၍ ကြီး​မြတ်​တော်​မူ၏။-

ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ​သွား​လျှင် သင်​တို့​အ​ကျိုး​ရှိ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​မ​သွား​လျှင် ဥ​ပ​ဇ္ဈာယ်​ဆ​ရာ​သည် သင်​တို့​ဆီ​သို့​မ​လာ။ ငါ​သွား​လျှင် ထို​သူ​ကို သင်​တို့​ဆီ​သို့ ငါ​စေ​လွှတ်​မည်။-

တစ်​ဦး​ကား ပျိုး​ကြဲ၏။ တစ်​ဦး​ကား​စ​ပါး​ရိတ်၏​ဟူ​သော စ​ကား​သည် ဤ​အ​ရာ၌​အ​မှန်​ကျ​သ​တည်း။-

ခ​မည်း​တော်​သည် သား​တော်​ကို​ချစ်​တော်​မူ၍ ပြု​တော်​မူ​သ​မျှ​တို့​ကို သား​တော်​အား​ပြ​တော်​မူ၏။ သင်​တို့​သည် အံ့​ဩ​ဖွယ်​ရှိ​စေ​ခြင်း​ငှာ ဤ​မျှ​မ​က သာ၍​ကြီး​စွာ​သော အ​မူ​အ​ရာ​တို့​ကို သား​တော်​အား​ပြ​တော်​မူ​လိမ့်​မည်။-

ယေ​ရှု​က​လည်း၊ ငါ​သည် သင်​တို့​နှင့်​အ​တူ ခ​ဏ​သာ​နေ​ပြီး​လျှင်၊ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော သူ​ထံ​သို့ သွား​ရ​မည်။ သင်​တို့​သည် ငါ့​ကို​ရှာ​ကြ​လိမ့်​မည်။-

ထို​သို့​မိန့်​တော်​မူ​သော်၊ ယုံ​ကြည်​သော​သူ​တို့​သည် ခံ​ရ​လ​တ္တံ့​သော​ဝိ​ညာဉ်​တော်​ကို ရည်​မှတ်၍ မိန့်​တော်​မူ၏။ ယေ​ရှု​သည် ဘုန်း​ပွင့်​တော်​မ​မူ​သေး​သော​ကြောင့် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ပေး​တော်​မ​မူ​သေး။

အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် အ​မျိုး​မျိုး​သော ဘာ​သာ​စ​ကား​အား​ဖြင့်​ပြော၍၊ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​သည်​ကို ကြား​ကြ​လေ၏။-

ထို​သို့ အ​ဖန်​များ​စွာ​ပြု​သော​ကြောင့် ပေါ​လု​သည် စိတ်​မ​သာ​လျက်​လှည့်​ကြည့်၍၊ သင်​သည် သူ၏​အ​ထဲ​မှ ထွက်​သွား​လော့။ ယေ​ရှု​ခ​ရစ်၏​နာ​မ​တော်​ကို အ​မှီ​ပြု၍ ငါ​အ​မိန့်​ရှိ၏​ဟု ထို​နတ်​ကို​ဆို​သော​ခ​ဏ​ချင်း​တွင် နတ်​သည်​ထွက်​သွား၏။-

ပေါ​လု​သုံး​သော​ပ​ဝါ၊ ခါး​ပန်း​တစ်​ခု​ခု​ကို အ​နာ​ရော​ဂါ​ရှိ​သော​သူ​တို့​ဆီ​သို့၊ ပေး​လိုက်၍၊ သူ​တို့​သည် အ​နာ​ရော​ဂါ​နှင့် ကင်း​လွတ်​ကြ၏။ နတ်​ဆိုး​တို့​လည်း ထွက်​သွား​ကြ၏။

ထို​သို့​ဘု​ရား​သ​ခင်​သည် လက်​ယာ​လက်​တော်​နှင့် ချီး​မြှောက်​တော်​မူ​သ​ဖြင့်၊ ထို​သ​ခင်​သည် က​တိ​တော်​နှင့် ယှဉ်​သော သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ခ​မည်း​တော်​ထံ၌ ခံ​ပြီ​ဖြစ်၍ သင်​တို့​သိ​မြင်​ကြား​ရ​သော​အ​ရာ​ကို ညွှန်း​လောင်း​တော်​မူ၏။-

ထို​စ​ကား​ကို အ​သင့်​နှ​လုံး​သွင်း​မိ​သော​သူ​တို့​သည် ဗ​တ္တိ​ဇံ​ကို​ခံ၍၊ ထို​နေ့၌​အ​ရေ​အ​တွက်​အား​ဖြင့် သုံး​ထောင်​မျှ​လောက်​သော သူ​တို့​သည် ဝင်​ကြ၏။-

သူ​တို့​သည် ထင်​ရှား​စွာ​သော နိ​မိတ်​လ​က္ခ​ဏာ​ကို ပြ​ပြီး​သည်​ကို၊ ယေ​ရု​ရှ​လင်​မြို့၌​နေ​သော သူ​အ​ပေါင်း​တို့​သည် သိ​မြင်​ကြ၏။ ငါ​တို့​သည်​လည်း ငြင်း​ခုံ​ခြင်း​ငှာ မ​တတ်​နိုင်​ပြီ။-

သ​ခင်​ယေ​ရှု ထ​မြောက်​တော်​မူ​ခြင်း​အ​ကြောင်း​ကို တ​မန်​တော်​တို့​သည် ကြီး​သော​တန်​ခိုး​နှင့် သက်​သေ​ခံ၍၊ ထို​သူ​အ​ပေါင်း​တို့​သည် ကြီး​သော​ကျေး​ဇူး​တော်​နှင့် ပြည့်​စုံ​ကြ၏။-

တ​ရား​နာ​သော​သူ​အ​များ​တို့​သည် ယုံ​ကြည်​ခြင်း​သို့​ရောက်၍ အ​ရေ​အ​တွက်​အား​ဖြင့် လူ​ငါး​ထောင်​မျှ​လောက် ရှိ​ကြ၏။

ပေ​တ​ရု​သည် လမ်း၌​လျှောက်​သွား​စဉ်၊ အ​နာ​စွဲ​သော​သူ​တို့​တွင် တစ်​ယောက်​ယောက်​ကို သူ၏​အ​ရိပ်​လွှမ်း​မိုး​စေ​ခြင်း​ငှာ၊ လူ​နာ​တို့​ကို လမ်း​နား​သို့​ထုတ်၍ ခု​တင်​မွေ့​ရာ​ပေါ်​မှာ ထား​ကြ၏။-

ဘု​ရား​သ​ခင်၏ သာ​သ​နာ​တော်​သည် တိုး​ပွား​သ​ဖြင့် ယေ​ရု​ရှ​လင်​မြို့၌ တ​ပည့်​တော်​တို့​သည် အ​လွန်​ပွား​များ၍၊ ယဇ်​ပု​ရော​ဟိတ် အ​ပေါင်း​တို့​သည် ယုံ​ကြည်​ခြင်း​တ​ရား​ကို နား​ထောင်​ကြ၏။

အ​ကြောင်း​မူ​ကား၊ နတ်​ဆိုး​စွဲ​သော သူ​များ​တို့၏​အ​ထဲ​မှ နတ်​ဆိုး​တို့​သည် ပြင်း​စွာ​သော​အ​သံ​နှင့် အော်​ဟစ်​လျက် ထွက်​သွား​ကြ၏။ ကိုယ်​မ​လှုပ်​နိုင်​သော​သူ၊ ခြေ​မ​စွမ်း​သော​သူ​အ​များ​တို့​သည်​လည်း ပ​က​တိ​အ​ဖြစ်​သို့ ရောက်​ကြ၏။-

ထ၍​အိပ်​ရာ​ကို​သိမ်း​လော့​ဟု ပေ​တ​ရု​ဆို​သော်၊ ထို​သူ​သည် ချက်​ချင်း​ထ၏။-

ပေ​တ​ရု​သည် ထို​သူ​အ​ပေါင်း​တို့​ကို ပြင်​သို့​ထွက်​စေ​သည်​နောက်၊ ကိုယ်​တိုင်​ဒူး​ထောက်၍ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ပြီး​လျှင်၊ ထို​အ​လောင်း​သို့ မျက်​နှာ​လှည့်၍၊ တ​ဗိ​သ၊ ထ​လော့​ဟု​ဆို​လေ၏။ ထို​မိန်း​မ​သည် မျက်​စိ​ကို​ဖွင့်၍ ပေ​တ​ရု​ကို​မြင်​လျှင် ထ၍​ထိုင်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ