Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်ယောဟန် 12:16

Judson Bible

ထို​အ​ကြောင်း​အ​ရာ​ကို တ​ပည့်​တော်​တို့​သည် အ​စ​အ​ဦး၌​နား​မ​လည်​သော်​လည်း၊ ကိုယ်​တော်​ကို ရည်​မှတ်၍ ထို​သို့​ရေး​ထား​သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​အား ထို​သို့​ပြု​ကြ​သည်​ကို​လည်း​ကောင်း၊ ဘုန်း​ပွင့်​တော်​မူ​သည်​နောက် သ​တိ​ရ၍ မှတ်​မိ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ထို​သို့ သ​ခင်​ဘု​ရား​သည် တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​ပြီး​မှ၊ ကောင်း​ကင်​ဘုံ​သို့ ဆောင်​ယူ​ခြင်း​ကို ခံ​တော်​မူ၍၊ ဘု​ရား​သ​ခင်၏ လက်​ယာ​တော်​ဘက်၌ ထိုင်​နေ​တော်​မူ၏။-

ခံ​ပြီး​မှ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟူ​သော အ​ကြောင်း​များ​ကို တ​ပည့်​တော်​တို့​အား ပြ​တော်​မူ၏။ ထို​အ​ကြောင်း​များ​ကို သူ​တို့​သည် နား​မ​လည်​သော်​လည်း၊ ကိုယ်​တော်​ကို မ​မေး​မ​လျှောက်​ဝံ့​ကြ။

ထို​စ​ကား​တော်​တစ်​ခွန်း​ကို​မျှ တ​ပည့်​တော်​တို့​သည် နား​မ​လည်​ကြ။ ထို​အ​ကြောင်း​အ​ရာ​သည် ဝှက်​ထား​လျက်​ရှိ​သည်​ဖြစ်၍ မိန့်​တော်​မူ​ချက်​အ​နက်​ကို မ​ရိပ်​မိ​ကြ။

ကိုယ်​တော်​က​လည်း၊ ပ​ရော​ဖက်​ဟော​ပြော​သော​စ​ကား​များ​ကို ယုံ​နိုင်​အောင် ဉာဏ်​မ​ရှိ၊ စိတ်​ခိုင်​မာ​သော​သူ​တို့၊-

ထို​အ​ခါ ကျမ်း​စာ​ကို နား​လည်​စေ​ခြင်း​ငှာ တ​ပည့်​တော်​တို့၏ ဉာဏ်​ကို ဖွင့်​တော်​မူ​လျှင်၊-

ထို​စ​ကား​တော်၏ အ​နက်​မ​ထင်​ရှား​သ​ဖြင့် တ​ပည့်​တော်​တို့​သည် နား​မ​လည် မ​ရိပ်​မိ​ဘဲ​နေ​ကြ၏။ အ​နက်​ကို​လည်း မ​မေး​မ​လျှောက်​ဝံ့​ကြ။

ယေ​ရှု​က​လည်း၊ လူ​သား​သည် ဘုန်း​ပွင့်​ရ​သော​အ​ချိန်​ရောက်​ပြီ။-

ခ​မည်း​တော်​သည် ငါ့​အ​တွက်​ကြောင့် စေ​လွှတ်​တော်​မူ​သော ဥ​ပ​ဇ္ဈာယ်​ဆ​ရာ​တည်း​ဟူ​သော သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သင်​တို့​အား ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ပြ​သ​သွန်​သင်​တော်​မူ၍၊ ငါ​ပြော​ခဲ့​သ​မျှ​သော စ​ကား​တို့​ကို မှတ်​မိ​သော​ဉာဏ်​ကို သင်​တို့​အား ပေး​တော်​မူ​မည်။-

ထို​အ​ချိန်​ကာ​လ​ရောက်​သော​အ​ခါ၊ ငါ​သည်​အ​ထက်​က ဤ​သို့​ပြော​ပြီး​သည်​ကို သင်​တို့​အောက်​မေ့​စေ​ခြင်း​ငှာ ယ​ခု​ပင် ငါ​ဟော​ပြော၏။ အ​စ​အ​ဦး၌ သင်​တို့​နှင့်​အ​တူ ငါ​ရှိ​သော​ကြောင့် ဤ​သို့​မ​ပြော​ဖူး​သေး။

အို အ​ဘ၊ ဤ​က​မ္ဘာ​မ​တည်​မ​ရှိ​မီ အ​ထံ​တော်၌ အ​ကျွန်ုပ်​ခံ​စား​သော ဘုန်း​အ​သ​ရေ​နှင့် ယ​ခု​တွင်​လည်း အ​ကျွန်ုပ်​ကို​အ​ထံ​တော်၌ ချီး​မြှောက်​တော်​မူ​ပါ။

ထို​ကြောင့် သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​သည်​နောက် ထို​စ​ကား​တော်​ကို တ​ပည့်​တော်​တို့​သည် မှတ်​မိ​ကြ​သ​ဖြင့်၊ ကျမ်း​စာ​ကို​လည်း​ကောင်း၊ ယေ​ရှု၏ နှုတ်​က​ပတ်​တော်​ကို​လည်း​ကောင်း ယုံ​ကြ၏။

ထို​သို့​မိန့်​တော်​မူ​သော်၊ ယုံ​ကြည်​သော​သူ​တို့​သည် ခံ​ရ​လ​တ္တံ့​သော​ဝိ​ညာဉ်​တော်​ကို ရည်​မှတ်၍ မိန့်​တော်​မူ၏။ ယေ​ရှု​သည် ဘုန်း​ပွင့်​တော်​မ​မူ​သေး​သော​ကြောင့် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ပေး​တော်​မ​မူ​သေး။

ထို​သို့​ဘု​ရား​သ​ခင်​သည် လက်​ယာ​လက်​တော်​နှင့် ချီး​မြှောက်​တော်​မူ​သ​ဖြင့်၊ ထို​သ​ခင်​သည် က​တိ​တော်​နှင့် ယှဉ်​သော သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ခ​မည်း​တော်​ထံ၌ ခံ​ပြီ​ဖြစ်၍ သင်​တို့​သိ​မြင်​ကြား​ရ​သော​အ​ရာ​ကို ညွှန်း​လောင်း​တော်​မူ၏။-

ထို​ကြောင့် သင်​တို့​သည်​လက်​ဝါး​ကပ်​တိုင်​မှာ ကွပ်​မျက်​သော​ယေ​ရှု​ကို ဘု​ရား​သ​ခင်​သည် ခ​ရစ်​တော်​အ​ရာ​၌​လည်း​ကောင်း၊ အ​စိုး​ရ​သော အ​ရှင်​အ​ရာ၌​လည်း​ကောင်း ခန့်​ထား​တော်​မူ​သည်​အ​ကြောင်း​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့ အ​တပ်​အ​မှန် သိ​မှတ်​ကြ​လော့​ဟု ပေ​တ​ရု​ဟော​လေ၏။

အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့၏​ဘု​ရား​သ​ခင်၊ ငါ​တို့​ဘိုး​ဘေး​များ၏ ဘု​ရား​သ​ခင်​သည် မိ​မိ​သား​တော်၏ ဘုန်း​ကို​ထင်​ရှား​စေ​တော်​မူ​ပြီ။ ထို​သ​ခင်​ကို သင်​တို့​သည် ပိ​လတ်​မင်း​လက်​သို့​အပ်​နှံ၍၊ ထို​မင်း​သည် လွှတ်​မည်​အ​ကြံ​ရှိ​သော်​လည်း သင်​တို့​သည် ထို​သ​ခင်​ကို​ငြင်း​ပယ်​ကြ၏။-

ယုံ​ကြည်​ခြင်း​ကို အ​စ​အ​ဦး​စီ​ရင်၍ စုံ​လင်​စေ​တော်​မူ​သော သ​ခင်​ယေ​ရှု​ကို စေ့​စေ့​ထောက်​ရှု​ကြ​ကုန်​အံ့။ ထို​သ​ခင်​သည် မိ​မိ​ရှေ့၌​ထား​သော ဝမ်း​မြောက်​ခြင်း အ​ကြောင်း​ကြောင့်၊ ရှက်​ကြောက်​သော​အ​ရာ​ကို မ​မှတ်​ဘဲ လက်​ဝါး​ကပ်​တိုင်၌ ခံ​ပြီး​မှ၊ ဘု​ရား​သ​ခင်၏ ပ​လ္လင်​တော် လက်​ယာ​ဘက်၌ ထိုင်​နေ​တော်​မူ၏။-

ယ​ခု​ဆို​ခဲ့​ပြီး​သော အ​ကြောင်း​အ​ရာ​တို့၏ အ​ချုပ်​အ​ခြာ​ဟူ​မူ​ကား၊ ထို​သို့​သော ယဇ်​ပု​ရော​ဟိတ်​မင်း​သည် ငါ​တို့၌​ရှိ၏။ ကောင်း​ကင်​ဘုံ၌ တန်​ခိုး​အာ​နု​ဘော်​တော်၏ ပ​လ္လင်​လက်​ယာ​ဘက်​မှာ ထိုင်​နေ​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ