Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်ယောဟန် 12:13

Judson Bible

စွန်​ပ​လွံ​ခက်​များ​ကို ကိုင်​လျက်၊ ကိုယ်​တော်​ကို ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ ထွက်​သွား​ကြ၍၊ ဟော​ရှ​ဏ္ဏ ဖြစ်​စေ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား၏​အ​ခွင့်​နှင့် ကြွ​လာ​တော်​မူ​သော ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု ကြွေး​ကြော်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​အ​မျိုး၏ ရှင်​ဘု​ရင် ထာ​ဝ​ရ​ဘု​ရား၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ရွေး​နုတ်​သော၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် အ​ဦး​ဆုံး​သော​သူ၊ နောက်​ဆုံး​သော​သူ ဖြစ်၏။ ငါ​မှ​တစ်​ပါး အ​ခြား​သော ဘု​ရား​သ​ခင်​မ​ရှိ။

ထို​နောက်​မှ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပြန်​လာ၍၊ သူ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​လည်း​ကောင်း၊ သူ​တို့​ရှင်​ဘု​ရင် ဒါ​ဝိဒ်​ကို​လည်း​ကောင်း​ရှာ၍၊ နောင်​ကာ​လ၌ ကျေး​ဇူး​တော်​ကို​ခံ​အံ့​သော​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ တုန်​လှုပ်​လျက်​ပြေး​ကြ​လိမ့်​မည်။

ပ​ထ​မ​နေ့၌ ကောင်း​မွန်​သော​သစ်​သီး၊ စွန်​ပ​လွံ​ခက်၊ မိုး​မ​ခ​ပင် အ​စ​ရှိ​သော အ​ရွက်​များ​သော​အ​ပင်၏ အ​ကိုင်း​အ​ခက်​တို့​ကို​ယူ၍၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ခု​နစ်​ရက်​ပတ်​လုံး ရွှင်​လန်း​ခြင်း​ကို​ပြု​ရ​ကြ​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​အ​ပြစ်​ဒဏ်​တို့​ကို ပ​ပျောက်​စေ၍၊ သင်၏​ရန်​သူ​တို့​ကို ပယ်​ရှား​တော်​မူ​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး၏ ရှင်​ဘု​ရင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အ​လယ်၌ ရှိ​တော်​မူ၏။ သင်​သည် နောက်​တစ်​ဖန် ဘေး​ဥ​ပဒ်​နှင့် မ​တွေ့​မ​ကြုံ​ရ။

ငါ​ဆို​သည်​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​အ​ခွင့်​နှင့် ကြွ​လာ​သော​သူ​သည် မင်္ဂ​လာ​ရှိ​စေ​သော​ဟု သင်​တို့​မ​ပြော​မီ တိုင်​အောင် ယ​ခု​မှ​စ၍ သင်​တို့​သည် ငါ့​မျက်​နှာ​ကို မ​မြင်​ရ​ကြ​ဟု မိန့်​တော်​မူ၏။

ကိုယ်​ကို မ​ကယ်​တင်​နိုင်​ပါ​တ​ကား။ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​မှန်​လျှင် လက်​ဝါး​ကပ်​တိုင်​မှ ယ​ခု​ဆင်း​ပါ​လေ​စေ။ ဆင်း​လျှင် ငါ​တို့​ယုံ​ကြည်​မည်။-

အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ၏၊ ဣ​သ​ရေ​လ​လူ​တို့၏ ရှင်​ဘု​ရင်​လည်း ဖြစ်​တော်​မူ၏​ဟု နာ​သ​နေ​လ​လျှောက်​လေ၏။-

ကျမ်း​စာ၌​လာ​သည်​ကား၊-

အို ဇိ​အုန်​သ​တို့​သ​မီး၊ မ​စိုး​ရိမ်​နှင့်။ သင်၏​အ​ရှင်​မင်း​ကြီး​သည် မြည်း​က​လေး​ကို​စီး၍ သင်​ရှိ​ရာ​သို့ ကြွ​တော်​မူ​သည်​ကို ကြည့်​ရှု​လော့​ဟု ရေး​ထား​သည်​နှင့်​အ​ညီ၊ ယေ​ရှု​သည်​မြည်း​က​လေး​ကို​တွေ့၍ စီး​တော်​မူ၏။-

ထို​သူ​ကို​ထုတ်​ပါ။ ထုတ်​ပါ။ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ပါ​ဟု လူ​များ​ဟစ်​ကြော်​ကြ၏။ ပိ​လတ်​မင်း​က​လည်း၊ သင်​တို့၏​ရှင်​ဘု​ရင်​ကို လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ရ​မည်​လော​ဟု မေး​ပြန်​လျှင်၊ ယဇ်​ပု​ရာ​ဟိတ်​အ​ကြီး​တို့​က၊ အ​ကျွန်ုပ်​တို့၌ ကဲ​သာ​ဘု​ရင်​မှ​တစ်​ပါး အ​ဘယ်​ရှင်​ဘု​ရင်​မျှ​မ​ရှိ​ဟု ပြန်​ပြော​ကြ၏။-

ထို​သူ​တို့​သည် ဘု​ရား​သ​ခင်၏ ကျွန်​မော​ရှေ၏ သီ​ချင်း​နှင့် သိုး​သ​ငယ်၏​သီ​ချင်း​ကို သီ၍၊ အ​န​န္တ​တန်​ခိုး​နှင့် ပြည့်​စုံ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်၏ အ​ပြု​အ​မူ​တို့​သည် ကောင်း​မြတ်၍ အံ့​ဩ​ဖွယ်​ဖြစ်​ကြ​ပါ၏။ လူ​မျိုး​တို့၏​ဘု​ရင်၊ ကိုယ်​တော်၏ အ​ကျင့်​ဓ​လေ့​တို့​သည် ဖြောင့်​မတ်​ဟုတ်​မှန်​ကြ​ပါ၏။-

ဘု​ရင်​တို့၏​ဘု​ရင်၊ သ​ခင်​တို့၏​သ​ခင်​ဟု ဘွဲ့​နာ​မ​တော်​သည် အ​ဝတ်​တော်၌​လည်း​ကောင်း၊ ပေါင်​တော်၌​လည်း​ကောင်း ရေး​ထား​လျက်​ရှိ၏။

ထို​နောက်​မှ ငါ​ကြည့်​လျှင်၊ အ​သီး​အ​သီး ဘာ​သာ​စ​ကား​ကို ပြော​သော လူ​အ​မျိုး​အ​နွယ်​ခပ်​သိမ်း​တို့ အ​ထဲ​မှ​ထွက်၍၊ အ​ဘယ်​သူ​မျှ မ​ရေ​တွက်​နိုင်​သော လူ​များ​အ​ပေါင်း​တို့​သည် ဖြူ​သော​ဝတ်​လုံ​ကို ဝတ်​ဆင်​လျက်၊ စွန်​ပ​လွံ​ခက်​ကို​ကိုင်​လျက်၊ ပ​လ္လင်​တော်​ရှေ့၊ သိုး​သ​ငယ် ရှေ့​မှာ​ရပ်​နေ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ