Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်ယောဟန် 11:47

Judson Bible

ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် ဖာ​ရိ​ရှဲ​များ​သည် လွှတ်​အ​ရာ​ရှိ​တို့​ကို စည်း​ဝေး​စေ​ပြီး​လျှင်၊ ငါ​တို့​သည် အ​ဘယ်​သို့​ပြု​လျက် နေ​ကြ​သ​နည်း။ ထို​သူ​သည် များ​စွာ​သော နိ​မိတ်​လ​က္ခ​ဏာ​ကို​ပြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး ကျမ်း​ပြု​ဆ​ရာ​တို့​နှင့် လူ​တို့​တွင် အ​ကြီး​အ​ကဲ​ဖြစ်​သော​သူ​တို့​သည်၊ က​ယာ​ဖ​အ​မည်​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​မင်း၏ အိမ်​ဦး၌ စည်း​ဝေး​ကြ​ပြီး​လျှင်၊-

ငါ​ပ​ညတ်​သည်​ကား၊ ညီ​အစ်​ကို​ကို အ​ထောက်​မ​တန် အ​မျက်​ထွက်​သော​သူ​သည် ရုံး၌​အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ထိုက်​ပေ၏။ ညီ​အစ်​ကို​ကို ကဲ့​ရဲ့​သော​သူ​သည် လွှတ်​တော်၌​အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ထိုက်​ပေ၏။ ညီ​အစ်​ကို​ကို ကျိန်​ဆဲ​သော​သူ​သည် ဂေ​ဟင်္နာ​အ​ရပ် ၌ မီး​ရှို့ ခြင်း​ကို ခံ​ထိုက်​ပေ၏။-

ထို​နောက် နှစ်​ရက်​လွန်​လျှင် ပ​သ​ခါ​အ​ဇု​မ​ပွဲ ရှိ၏။ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​သည် ကိုယ်​တော်​ကို အ​ဘယ်​သို့ ပ​ရိ​ယာယ်​အား​ဖြင့် ဖမ်း​ဆီး၍ သတ်​ရ​အံ့​နည်း​ဟု ရှာ​ကြံ​ကြ၏။-

ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​သည် ကိုယ်​တော်​ကို အ​ဘယ်​သို့​သတ်​ရ​အံ့​နည်း​ဟု ရှာ​ကြံ​ကြ၏။ အ​ဘယ်​ကြောင့်​ရှာ​ကြံ​ရ​ကြ​သ​နည်း​ဟူ​မူ​ကား၊ လူ​များ​တို့​ကို ကြောက်​ကြ၏။

ထို​အ​ခါ အ​ဘယ်​သူ​သည် ယေ​ရှု​ရှိ​ရာ​အ​ရပ်​ကို​သိ​လျှင် သူ့​ကို​ဖမ်း​ဆီး​စေ​ခြင်း​ငှာ ပြ​ညွှန်​ရ​မည်​ဟု ယဇ်​ပု​ရာ​ဟိတ်​အ​ကြီး​တို့​နှင့် ဖာ​ရိ​ရှဲ​တို့​သည် မှာ​ခဲ့​ကြ​ပြီ။

ဖာ​ရိ​ရှဲ​အ​ချင်း​ချင်း​တို့​လည်း၊ သင်​တို့​သည် အ​လျှင်း​မ​တတ်​နိုင်။ ဤ​လော​က​သည် ထို​သူ​နောက်​သို့ လိုက်​သွား​ပါ​ပြီ​တ​ကား​ဟု ပြော​ဆို​ကြ၏။

ထို​သို့​ယေ​ရှု​သည် ရှေ့​ဦး​စွာ​သော ဤ​နိ​မိတ်​လ​က္ခ​ဏာ​ကို ဂါ​လိ​လဲ​ပြည်၊ ကာ​န​မြို့၌​ပြ၍ မိ​မိ​ဘုန်း​တော်​ကို ထင်​ရှား​စေ​တော်​မူ၏။ တ​ပည့်​တော်​တို့​သည်​လည်း ယုံ​ကြည်​ကြ၏။

အ​နာ​ရော​ဂါ​စွဲ​သော​သူ​တို့၌ ပြ​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် မြင်​ကြ​သ​ဖြင့် နောက်​တော်​သို့ လိုက်​ကြ၏။-

ထို​သို့​လူ​များ အုတ်​အုတ်​သဲ​သဲ​ဖြစ်​ကြ​သည်​ကို ဖာ​ရိ​ရှဲ​တို့​သည်​ကြား​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် တိုင်​ပင်​ပြီး​မှ ကိုယ်​တော်​ကို ဖမ်း​ဆီး​စေ​ခြင်း​ငှာ မင်း​လု​လင်​တို့​ကို စေ​လွှတ်​ကြ၏။-

ထို​အ​ခါ မင်း​လု​လင်​တို့​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ဖာ​ရိ​ရှဲ​ထံ​သို့​ပြန်၍၊ ထို​မင်း​တို့​က၊ အ​ဘယ်​ကြောင့် သူ့​ကို​မ​ဆောင်​ခဲ့​ကြ​သ​နည်း​ဟု မေး​မြန်း​လျှင်၊-

ယဇ်​ပု​ရော​ဟိတ်​မင်း​နှင့် သူ၏​အ​ပေါင်း​အ​ဖော်​တို့​သည် လာ​ကြ​သ​ဖြင့်၊ လွှတ်​အ​ရာ​ရှိ​မှ​စ၍ ဣ​သ​ရေလ​လူ​တို့​တွင် အ​သက်​ကြီး​သော သူ​အ​ပေါင်း​တို့​ကို စု​ဝေး​စေ​ပြီး​မှ၊ တ​မန်​တော်​တို့​ကို​ခေါ်​စေ​ခြင်း​ငှာ လု​လင်​တို့​ကို ထောင်​သို့ စေ​လွှတ်​ကြ၏။-

ယဇ်​ပု​ရော​ဟိတ်​မင်း​နှင့် ဗိ​မာန်​တော်​မှူး​အ​စ​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​သည် ထို​စ​ကား​ကို ကြား​လျှင်၊ ထို​အ​မှု​သည် အ​ဘယ်​သို့​သော​အ​မှု ဖြစ်​လိမ့်​မည်​နည်း​ဟူ၍ တွေး​တော​ခြင်း​ရှိ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ