Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်ယောဟန် 11:43

Judson Bible

လာ​ဇ​ရု ထွက်၍​လာ​လော့​ဟု ကြီး​စွာ​သော​အ​သံ​နှင့် ဟစ်​ခေါ်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် အ​လွန်​ကြောက်​ရွံ့၍ ဤ​သူ​ကား အ​ဘယ်​သို့​သော​သူ​နည်း။ လေ​နှင့် ပင်​လယ်​သည် သူ၏​စ​ကား​ကို နား​ထောင်​ပါ​သည်​တ​ကား​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ၏။

ကိုယ်​တော်​သည် အ​ကျွန်ုပ်​စ​ကား​ကို အ​စဉ်​မ​ပြတ်​နား​ထောင်​တော်​မူ​သည်​ကို အ​ကျွန်ုပ်​သိ​ပါ၏။ သို့​သော်​လည်း ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို စေ​လွှတ်​တော်​မူ​သည်​ကို ဝန်း​ရံ​လျက်​ရှိ​သော ဤ​လူ​အ​ပေါင်း​တို့​သည် ယုံ​ကြည်​စေ​ခြင်း​ငှာ သူ​တို့၏​အ​ကျိုး​ကို​ထောက်၍ ဤ​သို့ အ​ကျွန်ုပ်​လျှောက်​ပါ၏​ဟု မိန့်​မြွက်​တော်​မူ​ပြီး​မှ၊-

ထို​အ​ခါ သေ​လွန်​သော​သူ​သည် မိ​မိ​ခြေ​လက်၌ ပု​ဆိုး​နံ​ငယ်​နှင့်​ရစ်​ပတ်​လျက်၊ မျက်​နှာ​ကို​လည်း ပု​ဝါ​နှင့် စည်း​လျက်​ထွက်​လာ၏။ ယေ​ရှု​က​လည်း၊ သူ့​ကို​ဖြည်၍ လွှတ်​ကြ​လော့​ဟု မိန့်​တော်​မူ၏။

ပ​သ​ခါ​ပွဲ​ခံ​ချိန် ခြောက်​ရက်​လို​သေးသော​အ​ခါ၊ အ​ထက်​က​သေ​လွန်၍ သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော လာ​ဇ​ရု​နေ​ရာ​အ​ရပ်၊ ဗေ​သ​နိ​ရွာ​သို့ ယေ​ရှု​သည်​ရောက်​တော်​မူ၏။-

ထို​အ​ရပ်၌ ယေ​ရှု​ရှိ​တော်​မူ​သည်​ကို ယု​ဒ​လူ​များ​အ​ပေါင်း​တို့​သည် သိ​လျှင်၊ ကိုယ်​တော်​ကြောင့်​သာ လာ​သည်​မ​ဟုတ်။ သေ​ခြင်း​မှ​ထ​မြောက်​စေ​တော်​မူ​သော လာ​ဇ​ရု​ကို​မြင်​ခြင်း​ငှာ လာ​ကြ၏။-

ပေ​တ​ရု​သည် မြင်​လျှင်၊ ဣ​သ​ရေ​လ​လူ​တို့ အ​ဘယ်​ကြောင့် ဤ​အ​မှု​ကို အံ့​ဩ​ကြ​သ​နည်း။ ဤ​သူ​သည် လှမ်း​သွား​နိုင်​သော​အ​ခွင့်​ကို ငါ​တို့​သည် ကိုယ်​တန်​ခိုး၊ ကိုယ်​သီ​လ​အား​ဖြင့်​ပေး​ဘိ​သ​ကဲ့​သို့ အ​ဘယ်​ကြောင့် ငါ​တို့​ကို စေ့​စေ့​ကြည့်​ရှု​ကြ​သ​နည်း။-

ပေ​တ​ရု​က​လည်း၊ ငါ၌​ရွှေ​ငွေ​မ​ရှိ။ ရှိ​သည်​အ​ရာ​ကို သင့်​အား​ငါ​ပေး​မည်။ နာ​ဇ​ရက်​မြို့​သား ယေ​ရှု​ခ​ရစ်၏ နာ​မ​တော်​အား​ဖြင့် ထ​၍​လှမ်း​သွား​လော့​ဟု​ဆို​လျက်၊-

ထ၍​အိပ်​ရာ​ကို​သိမ်း​လော့​ဟု ပေ​တ​ရု​ဆို​သော်၊ ထို​သူ​သည် ချက်​ချင်း​ထ၏။-

ပေ​တ​ရု​သည် ထို​သူ​အ​ပေါင်း​တို့​ကို ပြင်​သို့​ထွက်​စေ​သည်​နောက်၊ ကိုယ်​တိုင်​ဒူး​ထောက်၍ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ပြီး​လျှင်၊ ထို​အ​လောင်း​သို့ မျက်​နှာ​လှည့်၍၊ တ​ဗိ​သ၊ ထ​လော့​ဟု​ဆို​လေ၏။ ထို​မိန်း​မ​သည် မျက်​စိ​ကို​ဖွင့်၍ ပေ​တ​ရု​ကို​မြင်​လျှင် ထ၍​ထိုင်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ