Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်ယောဟန် 10:35

Judson Bible

ဘု​ရား​သ​ခင်၏​ဗျာ​ဒိတ်​တော်​ကို ခံ​ရ​သော​သူ​တို့​ကို ဘု​ရား​ဟူ၍ ခေါ်​ရ​လျှင်​လည်း​ကောင်း၊ ကျမ်း​စ​ကား​ကို မ​ပယ်​ရ​လျှင်​လည်း​ကောင်း၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

27 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​မှ ဗျာ​ဒိတ်​တော်​အား​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် အာ​ဗြံ​သို့​ရောက်၍၊ အ​ချင်း​အာ​ဗြံ၊ မ​စိုး​ရိမ်​နှင့်။ ငါ​သည် သင်၏​အ​ကွယ်​အ​ကာ​ဖြစ်၏။ သင်၏​အ​ကျိုး​သည်​အ​လွန်​ကြီး​လှ၏​ဟု မိန့်​တော်​မူ​လျှင်၊

ငါ့​ကျွန်​ဒါ​ဝိဒ်​ထံ​သို့ သွား​လော့။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ငါ​နေ​စ​ရာ​ဖို့ အိမ်​ကို​ဆောက်​ရ​မည်​လော။

ထို​သို့ ထာ​ဝ​ရ​ဘု​ရား​က၊ သင်၏​သား​မြေး​လေး​ဆက်​တိုင်​အောင် ဣ​သ​ရေ​လ​နိုင်​ငံ​ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ​ထိုင်​ရ​မည်​ဟု ယေ​ဟု​အား မိန့်​တော်​မူ​သော​စ​ကား​တော်​ပြည့်​စုံ​သ​တည်း။

သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ​သို့​ရောက်​သည်​ကား၊ သင်​သည် များ​စွာ​စစ်​တိုက်၍ လူ​အ​များ​တို့​ကို သတ်​လေ​ပြီ။ မြေ​ကြီး​ပေါ်​မှာ ငါ့​မျက်​မှောက်၌ များ​စွာ​သော​အ​သွေး​ကို သွန်း​သော​ကြောင့်၊ ငါ့​နာ​မ​အ​ဖို့ အိမ်​ကို မ​တည်​မ​ဆောက်​ရ။

ဟာ​နန်​သား ပ​ရော​ဖက်​ယေ​ဟု​သည်၊ ယော​ရှ​ဖတ်​မင်း​ကြီး​ကို ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ ထွက်​သွား၍၊ မင်း​ကြီး​သည် မ​တ​ရား​သော​သူ​တို့​ကို မ​စ​သင့်​သ​လော။ ထာ​ဝ​ရ​ဘု​ရား​ကို မုန်း​သော​သူ​တို့​ကို ချစ်​သင့်​သ​လော။ ယ​ခု​ပြု​သော​အ​မှု​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား၏ အ​မျက်​တော်​သည် မင်း​ကြီး​အ​ပေါ်​သို့ သက်​ရောက်​လေ​ပြီ။

ကောင်း​ကင်​နှင့် မြေ​ကြီး​မ​တည်​သော်​လည်း ငါ့​စ​ကား တည်​လိမ့်​မည်။-

ကိုယ်​တော်​ကို လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ပြီး​လျှင် အ​ဝတ်​တော်​တို့​ကို စာ​ရေး​တံ​ချ၍ ဝေ​ဖန်​ကြ၏။-

ငါ​အ​မှန်​ဆို​သည်​ကား၊ ကောင်း​ကင်​နှင့် မြေ​ကြီး မ​ပျက်​စီး​မီ​တိုင်​အောင်၊ ပ​ည​တ္တိ​ကျမ်း၌ အ​ငယ်​ဆုံး​သော စာ​လုံး​ဗိ​န္ဓု​တစ်​လုံး​မျှ ပြည့်​စုံ​ခြင်း​သို့ မ​ရောက်​မီ မ​ပျက်​စီး​ရ။-

ပ​ည​တ္တိ​ကျမ်း၌ အ​ငယ်​ဆုံး​သော ဗိ​န္ဓု​တစ်​လုံး​ပျက်​စီး​လွယ်​သည်​ထက်၊ ကောင်း​ကင်​နှင့် မြေ​ကြီး ပျက်​စီး​လွယ်၏။-

ယေ​ရှု​က​လည်း၊ သင်​တို့​သည် ဘု​ရား​ဖြစ်​ကြ၏၊ ငါ​ဆို​သည်​ဟု သင်​တို့၏ ပ​ည​တ္တိ​ကျမ်း​စာ၌ လာ​သည်​မ​ဟုတ်​လော။-

ခ​မည်း​တော်​သည်​သန့်​ရှင်း​စေ၍၊ ဤ​လော​က​သို့ စေ​လွှတ်​တော်​မူ​သော​သူ​က၊ ငါ​သည်​ဘု​ရား​သ​ခင်၏ သား​တော်​ဖြစ်​သည်​ဟု​ဆို​သော​ကြောင့်၊ သင်​သည် ဘု​ရား​သ​ခင်​ကို လွန်​ကျူး၍​ပြော​သည်​ဟု ထို​သူ​အား​ဆို​ရာ​သ​လော။-

ထို​နောက်​မှ ကျမ်း​စာ​ပြည့်​စုံ​စေ​ခြင်း​ငှာ အ​မှု​ရှိ​သ​မျှ​ကုန်​စင်​ပြီး​သည်​ကို သိ​တော်​မူ​လျှင်၊ ရေ​ငတ်​သည်​ဟု မိန့်​တော်​မူ၏။-

ညီ​အစ်​ကို​တို့၊ ယေ​ရှု​ကို​ဖမ်း​ဆီး​သော​သူ​တို့​အား လမ်း​ပြ​သော​ယု​ဒ​ရှ​ကာ​ရုတ်​ကို ရည်​မှတ်၍ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ဒါ​ဝိဒ်​မင်း၏​နှုတ်​ဖြင့် ဗျာ​ဒိတ်​ထား​တော်​မူ​နှင့်​သော ကျမ်း​စာ​ချက်​အ​တိုင်း မ​ပြည့်​စုံ​ဘဲ မ​နေ​ရ။-

အ​စိုး​ရ​သော မင်း​အာ​ဏာ​စက်၏ အုပ်​စိုး​ခြင်း​ကို လူ​တိုင်း​ဝန်​ခံ​စေ။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်၏ အ​ခွင့်​မ​ရှိ​လျှင်၊ မင်း​အာ​ဏာ​စက် မ​ရှိ။ အာ​ဏာ​စက်​ရှိ​သ​မျှ​သည် ဘု​ရား​သ​ခင် ခန့်​ထား​တော်​မူ​ရာ ဖြစ်​သ​တည်း။-

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်၏​အ​မျိုး​သား​ချင်း​တို့​အ​ထဲ၌ ငါ​နှင့်​တူ​သော ပ​ရော​ဖက်​တစ်​ပါး​ကို သင့်​အ​ဖို့ ပေါ်​ထွန်း​စေ​တော်​မူ​မည်။ ထို​ပ​ရော​ဖက်၏​စ​ကား​ကို နား​ထောင်​ရ​မည်။

တစ်​ဖန် ရှ​မွေ​လ​က၊ ထာ​ဝ​ရ​ဘု​ရား၏​လူ ဣ​သ​ရေ​လ​အ​မျိုး​ကို အုပ်​စိုး​စေ​ခြင်း​ငှာ သင့်​ကို ဘိ​သိက်​ပေး​မည်​အ​ကြောင်း၊ ငါ့​ကို အ​ထက်​က​စေ​လွှတ်​တော်​မူ​သည်​ဖြစ်၍၊ ယ​ခု​မှာ ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို နား​ထောင်​လော့။

ထာ​ဝ​ရ​ဘု​ရား​ကို မေး​လျှောက်​သော်​လည်း ထာ​ဝ​ရ​ဘု​ရား​သည် ထူး​တော်​မ​မူ။ အိပ်​မက်​အား​ဖြင့်​လည်း​ကောင်း၊ ဥ​ရိမ်​အား​ဖြင့်​လည်း​ကောင်း၊ ပ​ရော​ဖက်​အား​ဖြင့်​လည်း​ကောင်း ထူး​တော်​မ​မူ။

ဒါ​ဝိဒ်​က​လည်း၊ အ​ကျွန်ုပ်​သည် ထို​အ​လုံး​အ​ရင်း​ကို လိုက်​ရ​ပါ​မည်​လော။ လိုက်​လျှင် မီ​နိုင်​ပါ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား​ကို မေး​လျှောက်​သော်၊ လိုက်​လော့။ ဆက်​ဆက်​မီ၍ အ​လုံး​စုံ​တို့​ကို ရ​ပြန်​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ