Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်ယောဟန် 10:31

Judson Bible

ထို​အ​ခါ ယု​ဒ​လူ​တို့​သည် ကိုယ်​တော်​ကို ခဲ​နှင့်​ပစ်​ခြင်း​ငှာ တစ်​ဖန် ကျောက်​ခဲ​တို့​ကို ကောက်​ယူ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ မော​ရှေ​သည် ထာ​ဝ​ရ​ဘု​ရား​အား​အော်​ဟစ်၍၊ ဤ​လူ​တို့​အား အ​ကျွန်ုပ်​သည် အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း။ အ​ကျွန်ုပ်​ကို ခဲ​နှင့်​ပစ်​လု​ကြ​ပါ​ပြီ​ဟု လျှောက်​လေ၏။

ထို​အ​ခါ ဖာ​ရိ​ရှဲ​တို့​သည် ထွက်၍ ကိုယ်​တော်​ကို အ​ဘယ်​သို့ ဖျက်​ဆီး​ရ​အံ့​နည်း​ဟု တိုင်​ပင်​ကြ၏။-

ထို​သူ​တို့​သည် ငယ်​သား​များ​ကို ဖမ်း​ပြီး​လျှင် တစ်​ဦး​ကို​ရိုက်၍၊ တစ်​ဦး​ကို​သတ်၍၊ တစ်​ဦး​ကို ခဲ​နှင့် ပစ်​ကြ၏။-

ထို​ကြောင့် ဖြောင့်​မတ်​သော အာ​ဗေ​လ၏​အ​သွေး​မှ​စ၍၊ အ​တွင်း​ဗိ​မာန်​တော်​နှင့် ယဇ်​ပ​လ္လင်၏​အ​ကြား၌ သင်​တို့​သတ်​ကြ​သော ဗာ​ရ​ခိ​သား ဇာ​ခ​ရိ၏​အ​သွေး​တိုင်​အောင် မြေ​ကြီး​အ​ပေါ်၌ သွန်း​ပြီး​သ​မျှ​သော သူ​တော်​ကောင်း​တို့၏ အ​သွေး​သည် သင်​တို့ ခေါင်း​ပေါ်​သို့​ရောက်​လိမ့်​မည်။-

ယု​ဒ​လူ​တို့​က၊ သင်​သည်​အ​ဘယ်​သူ​နည်း​ဟု ယော​ဟန်​ကို​မေး​မြန်း​စေ​ခြင်း​ငှာ ယဇ်​ပု​ရော​ဟိတ်​နှင့် လေ​ဝိ​လူ​တို့​ကို ယေ​ရု​ရှ​လင်​မြို့​မှ စေ​လွှတ်​သော​အ​ခါ၊ ယော​ဟန်​သည် သက်​သေ​ခံ​လေ​သည်​မှာ၊-

ယု​ဒ​လူ​တို့​သည် ကိုယ်​တော်​ကို​ဝန်း​ရံ၍၊ သင်​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ငါ​တို့​ကို ယုံ​မှား​စေ​မည်​နည်း။ ခ​ရစ်​တော်​မှန်​လျှင် အ​တည့်​အ​လင်း​ပြော​ပါ​ဟု ဆို​ကြ၏။-

ယေ​ရှု​က​လည်း၊ ငါ​သည် ငါ့​ခ​မည်း​တော်၏​အ​ခွင့်​နှင့် ကောင်း​သော​အ​မှု​အ​များ​တို့​ကို သင်​တို့​အား​ပြ​ပြီ။ ထို​အ​မှု​တို့​တွင် အ​ဘယ်​မည်​သော​အ​မှု​ကြောင့် ငါ့​ကို ခဲ​နှင့် ပစ်​ကြ​မည်​နည်း​ဟု မေး​တော်​မူ​လျှင်၊-

တ​ပည့်​တော်​တို့​က၊ အ​ရှင်​ဘု​ရား၊ ယု​ဒ​လူ​တို့​သည် ယ​ခု​ပင် ကိုယ်​တော်​ကို​ခဲ​နှင့်​ပစ်​ခြင်း​ငှာ ရှာ​ကြံ​လျက်​ပင် ထို​အ​ရပ်​သို့ တစ်​ဖန် ကြွ​တော်​မူ​ဦး​မည်​လော​ဟု လျှောက်​ကြ၏။-

သို့​ဖြစ်၍ ဥ​ပုသ်​နေ့​ကို ဖျက်​သည်​သာ​မ​က၊ ဘု​ရား​သ​ခင်​ကို မိ​မိ​အ​ဘ​ဟု​ခေါ်၍ မိ​မိ​ကို​ဘု​ရား​သ​ခင်​နှင့် ပြိုင်​နှိုင်း​တော်​မူ​သော​ကြောင့်၊ ယု​ဒ​လူ​တို့​သည် ကိုယ်​တော်​ကို သတ်​ခြင်း​ငှာ သာ၍​ရှာ​ကြံ​ကြ၏။

ထို​အ​ခါ ကိုယ်​တော်​ကို ခဲ​နှင့်​ပစ်​ခြင်း​ငှာ ကျောက်​ခဲ​တို့​ကို ကောက်​ယူ​ကြ၏။ ယေ​ရှု​သည်​တိမ်း​ရှောင်၍ ထို​သူ​တို့​အ​လယ်၌ လျှောက်​သွား​ပြီး​လျှင် ဗိ​မာန်​တော်​မှ ထွက်​ကြွ​တော်​မူ၏။

သင်​တို့​ဘိုး​ဘေး​များ​သည် အ​ဘယ်​ပ​ရော​ဖက်​ကို​မျှ မ​ညှဉ်း​ဆဲ​ဘဲ နေ​သ​နည်း။ ဖြောင့်​မတ်​သော​သူ ကြွ​လာ​တော်​မူ​မည်​အ​ကြောင်း​အ​ရာ​ကို ဟော​ပြော​ပြ​ညွှန်​သော သူ​တို့​ကို ကွပ်​မျက်​ကြ၏။ ထို​ဖြောင့်​မတ်​သော​သူ​ကို​ပင် ယ​ခု​လည်း သင်​တို့​သည် အပ်​နှံ၍ အ​သေ​သတ်​ကြ​ပြီ။-

ဒါ​ဝိဒ်​သည် အ​လွန်​စိတ်​ငြို​ငြင်​ဆင်း​ရဲ၏။ လူ​များ​တို့​သည် မိ​မိ​တို့ သား​သ​မီး​များ​ကြောင့် စိတ်​ညှိုး​ငယ်​သ​ဖြင့်၊ ဒါ​ဝိဒ်​ကို ကျောက်​ခဲ​နှင့် ပစ်​မည်​ဟု ဆို​ကြ၏။ ဒါ​ဝိဒ်​မူ​ကား မိ​မိ​ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​လျက်​နေ၍၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ