Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်ယောဟန် 1:21

Judson Bible

ထို​သူ​တို့​က​လည်း၊ သို့​ဖြစ်​လျှင် သင်​သည် အ​ဘယ်​သူ​နည်း။ ဧ​လိ​ယ​ဖြစ်​သ​လော​ဟု မေး​မြန်း​ပြန်၏။ ယော​ဟန်​က၊ ငါ​သည် ဧ​လိ​ယ​မ​ဟုတ်​ဟု ဆို၏။ ဤ​မည်​သော ပ​ရော​ဖက်​ဖြစ်​သ​လော​ဟု မေး​ပြန်​လျှင်၊ မ​ဟုတ်​ဟု ဆို​ပြန်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ကြည့်​ရှု​လော့။ ထာ​ဝ​ရ​ဘု​ရား၏ ကြောက်​မက်​ဖွယ်​သော​နေ့​ရက်​ကြီး မ​ရောက်​မီ၊ ပ​ရော​ဖက်​ဧ​လိ​ယ​ကို သင်​တို့​ရှိ​ရာ​သို့ ငါ​စေ​လွှတ်​မည်။

သင်​တို့​သည် ငါ့​စ​ကား​ကို နား​ခံ​နိုင်​လျှင်၊ ဤ​သူ​ကား လာ​လ​တ္တံ့​သော ဧ​လိ​ယ​ဖြစ်​သ​တည်း။-

လူ​အ​ချို့​က၊ ကိုယ်​တော်​သည် ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ အ​ချို့​က၊ ဧ​လိ​ယ​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ အ​ချို့​က၊ ယေ​ရ​မိ​မှ​စ၍ ပ​ရော​ဖက်​တစ်​ပါး​ပါး​ဖြစ်​သည် ဟူ၍​လည်း​ကောင်း ဆို​ကြ​ပါ၏​ဟု လျှောက်​ကြ​သော်၊-

လူ​အ​စု​အ​ဝေး​တို့​က၊ ဤ​သူ​သည် ဂါ​လိ​လဲ​ပြည် နာ​ဇ​ရက်​မြို့၌ ပေါ်​ထွန်း​သော ပ​ရော​ဖက်​ယေ​ရှု​ပေ​တည်း​ဟု ပြော​ဆို​ကြ၏။

အ​ဘ​တို့​နှင့် သား​တို့​ကို အ​သင့်​အ​တင့် ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငြင်း​ဆန်​သော​သူ​တို့​ကို သူ​တော်​ကောင်း​တို့၏ သ​တိ​ပ​ညာ​လမ်း​သို့ ပြောင်း​လဲ​စေ​သော​အား​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​အ​လို​ငှာ ပြင်​ဆင်​သော​လူ​မျိုး ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သူ​သည်​ဧ​လိ​ယ၏ စိတ်​ဝိ​ညာဉ်​တန်​ခိုး​နှင့်​ပြည့်​စုံ​လျက်၊ ဘု​ရား​သ​ခင့်​ရှေ့​တော်​သို့ သွား​လိမ့်​မည်​ဟု ကောင်း​ကင်​တ​မန် ပြော​ဆို၏။-

ထို​သူ​တို့​က​လည်း၊ သင်​သည် အ​ဘယ်​သူ​နည်း။ ငါ​တို့​ကို​စေ​လွှတ်​သော​သူ​တို့​အား ပြန်​လျှောက်​စ​ရာ ရှိ​စေ​ခြင်း​ငှာ၊ သင်​သည်​ကိုယ်​ကို အ​ဘယ်​သို့​ဆို​သ​နည်း​ဟု မေး​ပြန်​ကြ၏။-

ထို​သူ​တို့​က​လည်း၊ သင်​သည် ခ​ရစ်​တော်​မ​ဟုတ်၊ ဧ​လိ​ယ​မ​ဟုတ်၊ ဤ​မည်​သော ပ​ရော​ဖက်​မ​ဟုတ်​သည်​မှန်​လျှင် အ​ဘယ်​ကြောင့် ဗ​တ္တိ​ဇံ​ကို​ပေး​သ​နည်း​ဟု မေး​ပြန်​ကြ၏။-

ထို​သို့​ယေ​ရှု​ပြ​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ​ကို ထို​လူ​များ​တို့​သည်​မြင်​လျှင်၊ ဤ​သူ​ကား ဤ​လော​က​သို့ ကြွ​လာ​ရ​သော ပ​ရော​ဖက်​အ​မှန်​ဖြစ်​သည်​ဟု ဆို​ကြ၏။-

စ​ကား​တော်​ကို ကြား​သော​လူ​အ​များ​တို့​က၊ ဤ​သူ​သည် လာ​လ​တ္တံ့​သော​ပ​ရော​ဖက် အ​မှန်​ဖြစ်​သည်​ဟု ဆို​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ