Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်ယောဟန် 1:15

Judson Bible

ယော​ဟန်​သည် ထို​သ​ခင်၏​အ​ကြောင်း​ကို သက်​သေ​ခံ၍ ကြွေး​ကြော်​သည်​ကား၊ ငါ့​နောက်​ကြွ​လာ​သော​သူ​သည် ငါ​မ​ရှိ​မီ ရှိ​နှင့်​သည်​ဖြစ်၍၊ ငါ့​ထက်​သာ၍ ကြီး​မြတ်​သည်​ဟု ငါ​ဆို​ရာ၌၊ ထို​သူ​ကို​ဆို​လို​သည်​ဟု သက်​သေ​ခံ​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည် ရှေး​အ​မှု​တော်​ကို​မ​ပြု​မီ ထွက်​ကြွ​တော်​မူ​စ​က​ပင် ငါ့​ကို​ပိုင်​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ ငါ​တို့​အ​ဖို့ သူ​ငယ်​ကို​ဖွား​မြင်၏။ ငါ​တို့​အား သား​ကို​သ​နား​တော်​မူ၏။ ထို​သူ​သည် အုပ်​စိုး​ခြင်း​အာ​ဏာ​စက်​ရှိ​လိမ့်​မည်။ နာ​မ​တော်​မူကား အံ့​ဩ​ဖွယ်၊ တိုင်​ပင်​ဘက်၊ တန်​ခိုး​ကြီး​သော​ဘု​ရား​သ​ခင်၊ ထာ​ဝ​ရ​အ​ဘ၊ ငြိမ်​သက်​ခြင်း​အ​ရှင်​ဟု ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို ခံ​တော်​မူ​လိမ့်​မည်။

အို ဗက်​လင်​ဧ​ဖ​ရတ်​မြို့၊ အ​စိုး​ရ​သော ယု​ဒ​မြို့​တို့​တွင် သင်​သည် မြို့​ငယ်​မြို့​ယုတ်​ဖြစ်​သော်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကို အုပ်​စိုး​ရ​သော သ​ခင်​သည် ငါ့​အ​ဖို့ သင်၏​အ​ထဲ​မှာ ပေါ်​ထွန်း​လ​တ္တံ့။ ထို​သ​ခင်​သည် ရှေး​ကပ်​က​မ္ဘာ​မှ​စ၍ ပေါ်​ထွန်း​သော​သ​ခင် ဖြစ်၏။

ငါ​သည် နောင်​တ​အ​ဖို့​အ​လို​ငှာ သင်​တို့​ကို ရေ​နှင့်​ဗ​တ္တိ​ဇံ​ပေး၏။ ငါ့​နောက် ကြွ​လာ​သော​သူ​သည် ငါ့​ထက် တတ်​စွမ်း​နိုင်၏။ ထို​သူ၏​ခြေ​နင်း​တော်​ကို​မျှ ဆောင်​ခြင်း​ငှာ ငါ​မ​ထိုက်။ ထို​သူ​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ မီး​နှင့်​လည်း​ကောင်း၊ သင်​တို့​ကို ဗ​တ္တိ​ဇံ​ပေး​မည်။

ဟော​ချက်​စ​ကား​ဟူ​မူ​ကား၊ ငါ့​ထက် တတ်​စွမ်း​နိုင်​သော​သူ​သည် ငါ့​နောက်​ကြွ​လာ၏။ ထို​သူ၏ ခြေ​နင်း​တော်​ကြိုး​ကို​မျှ ငုံ့၍​ဖြည်​ခြင်း​ငှာ ငါ​မ​ထိုက်။-

ယော​ဟန်​သည် လူ​အ​ပေါင်း​တို့​အား ပြန်​ပြော​သည်​ကား၊ ငါ​သည် သင်​တို့​အား ရေ၌ ဗ​တ္တိ​ဇံ​ကို​ပေး၏။ ငါ့​ထက်​တတ်​စွမ်း​နိုင်​သော​သူ​သည် ကြွ​လာ​သေး၏။ ထို​သူ၏ ခြေ​နင်း​တော်​ကြိုး​ကို​မျှ ဖြည်​ခြင်း​ငှာ ငါ​မ​ထိုက်။ ထို​သူ​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်၌​လည်း​ကောင်း၊ မီး၌​လည်း​ကောင်း သင်​တို့​ကို ဗ​တ္တိ​ဇံ​ပေး​မည်။-

ထို​သူ​သည် ငါ့​နောက်​ကြွ​လာ​သော်​လည်း ငါ့​ထက်​သာ၍​ကြီး​မြတ်၏။ ထို​သူ၏​ခြေ​နင်း​တော်​ကြိုး​ကို​မျှ ဖြည်​ခြင်း​ငှာ ငါ​မ​ထိုက်​ဟု ပြန်​ပြော၏။-

အို အ​ဘ၊ ဤ​က​မ္ဘာ​မ​တည်​မ​ရှိ​မီ အ​ထံ​တော်၌ အ​ကျွန်ုပ်​ခံ​စား​သော ဘုန်း​အ​သ​ရေ​နှင့် ယ​ခု​တွင်​လည်း အ​ကျွန်ုပ်​ကို​အ​ထံ​တော်၌ ချီး​မြှောက်​တော်​မူ​ပါ။

ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ အာ​ဗြ​ဟံ​မ​ဖြစ်​မီ ငါ​ဖြစ်၏​ဟု မိန့်​တော်​မူ၏။-

သား​တော်​သည်​လည်း ခပ်​သိမ်း​သော​အ​ရာ မ​ဖြစ်​မီ ဖြစ်​တော်​မူ၍ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် တန်​ခိုး​တော်​အား​ဖြင့်​သာ တည်​ကြ၏။-

ယေ​ရှု​ခ​ရစ်​သည် မ​နေ့၊ ယ​နေ့၊ နောင်​ကာ​လ အ​စဉ်​အ​မြဲ မ​ပြောင်း​မ​လဲ နေ​တော်​မူ၏။-

မြည်​သော​အ​ချက်​ဟူ​မူ​ကား၊ သင်​သည် မြင်​သော​အ​ရာ​ကို စာ​စောင်၌​ရေး​ထား၍၊ ဧ​ဖက်​မြို့၊ စ​မု​ရ​န​မြို့၊ ပေ​ရ​ဂံ​မြို့၊ သွာ​တိ​ရ​မြို့၊ သာ​ဒိ​မြို့၊ ဖိ​လ​ဒေ​လ​ဖိ​မြို့၊ လော​ဒိ​ကိ​မြို့၌​ရှိ​သော အ​သင်း​တော်​ခု​နစ်​ပါး​ထံ​သို့ ပေး​လိုက်​လော့​ဟု ဆို​သ​တည်း။

စ​မု​ရ​န​မြို့၌​ရှိ​သော အ​သင်း​တော်၏ တ​မန်​ကို ဤ​သို့​ရေး၍ မှာ​လိုက်​လော့။ အ​ဦး​ဆုံး​သော​သူ၊ နောက်​ဆုံး​သော သူ​တည်း​ဟူ​သော၊ အ​ရင်​သေ၍ အ​သက်​ရှင်​လျက်​ရှိ​သော သူ၏ အ​မိန့်​တော်​ကား၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ