Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်မာကု 9:48

Judson Bible

ပိုး​မ​သေ၊ မီး​မ​ငြိမ်း​ရာ၊ င​ရဲ​မီး​ထဲ​သို့ မျက်​စိ​နှစ်​ဖက်​စုံ​နှင့်​ချ​ခြင်း​ကို ခံ​ရ​သည်​ထက်၊ မျက်​စိ​တစ်​ဖက်​နှင့် ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သို့ ဝင်​စား​သော် သာ၍​ကောင်း၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​တို့​သည်၊ ငါ့​ကို​ပြစ်​မှား​သော​သူ​တို့၏ အ​သေ​ကောင်​များ​ကို ထွက်၍ ကြည့်​ရှု​ကြ​လိမ့်​မည်။ သူ​တို့၏ ပိုး​သည် မ​သေ​နိုင်​ရာ။ သူ​တို့၏​မီး​သည်​လည်း မ​ငြိမ်း​နိုင်​ရာ။ လူ​သ​တ္တ​ဝါ​အ​ပေါင်း​တို့၌ ရွံ​ရှာ​ဖွယ် ဖြစ်​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ ပ​ရော​ဖက်​ဟေ​ရှာ​ယ စီ​ရင်​ရေး​ထား​သော အ​နာ​ဂ​တ္တိ​ကျမ်း​ပြီး၏။

အို ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​အ​လို​ငှာ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ၍၊ သင်​တို့​နှ​လုံး​အ​ရေ​ဖျား​ကို လှီး​ဖယ်​ကြ​လော့။ သို့​မ​ဟုတ်၊ သင်​တို့၏​အ​ကျင့် မ​ကောင်း​သော​ကြောင့်၊ ငါ့​အ​မျက်​သည် မီး​ကဲ့​သို့​ထွက်၍၊ အ​ဘယ်​သူ​မျှ မ​ငြိမ်း​နိုင်​အောင် လောင်​လိမ့်​မည်။

ထို​အ​ခါ လက်​ဝဲ​တော်​ဘက်၌​ရှိ​သော​သူ​တို့​အား မင်း​ကြီး​က၊ ကျိန်​ခြင်း​ကို ခံ​ရ​သော​သူ​တို့၊ မာရ်​နတ်​နှင့် သူ၏​တ​မန်​တို့​အ​ဖို့ ပြင်​ဆင်​သော ထာ​ဝ​ရ​မီး​ထဲ​သို့ ငါ့​ထံ​မှ ခွာ​သွား​ကြ​လော့။-

လက်​တော်​တွင် ဆန်​ကော​ပါ​လျက်၊ မိ​မိ​ကောက်​နယ်​တ​လင်း​ကို ရှင်း​လင်း​စေ​သ​ဖြင့်၊ မိ​မိ​ဂျုံ​စ​ပါး​ကို ကျီ၌ စု​သိမ်း​သွင်း​ထား၍၊ အ​ဖျင်း​ကို​ကား မ​ငြိမ်း​နိုင်​သော​မီး​နှင့် ရှို့​တော်​မူ​လ​တ္တံ့​ဟု ယော​ဟန်​ဟော​ပြော၏။

ယဇ်​ကောင်​ရှိ​သ​မျှ​တို့၌ ဆား​ခတ်​ရ​သ​ကဲ့​သို့ ခပ်​သိမ်း​သော​သူ​တို့​သည် မီး​ဆား​ခတ်​ခြင်း​ကို ခံ​ရ​ကြ​မည်။-

လက်​တော်​တွင် ဆန်​ကော​ပါ​လျက် မိ​မိ​ကောက်​နယ်​တ​လင်း​ကို ရှင်း​လင်း​စေ​သ​ဖြင့်၊ ဂျုံ​စ​ပါး​ကို​ကား ကျီ၌ စု​သိမ်း​သွင်း​ထား၍၊ အ​ဖျင်း​ကို​ကား မ​ငြိမ်း​နိုင်​သော​မီး​နှင့် ရှို့​တော်​မူ​လ​တ္တံ့​ဟု ပြော​ဆို၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ