Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်မာကု 9:25

Judson Bible

ထို​အ​ခါ လူ​များ​တို့​သည် စု​ဝေး​လျက် ပြေး​လာ​ကြ​သည်​ကို ယေ​ရှု​သည်​မြင်​လျှင်၊ နား​ပင်း၍ စ​ကား​အ​သော​နတ်၊ သူ​ငယ်​မှ​ထွက်​လော့၊ နောက်​တစ်​ဖန်​မ​ဝင်​နှင့် ငါ​အ​မိန့်​ရှိ၏​ဟု ထို​ညစ်​ညူး​သော​နတ်​ကို ဆုံး​မ၍ မိန့်​တော်​မူ​သ​ဖြင့်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​က​လည်း၊ အို စာ​တန်၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို ဆုံး​မ​တော်​မူ​ပါ​စေ​သော။ ယေ​ရု​ရှ​လင်​မြို့​ကို ရွေး​ချယ်​ပြီး​သော ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို ဆုံး​မ​တော်​မူ​ပါ​စေ​သော။ ဤ​သူ​သည် မီး​ထဲ​က နုတ်​သော​ထင်း​စ​ဖြစ်​သည် မ​ဟုတ်​လော​ဟု စာ​တန်​အား ဆို၏။

ထို​အ​ခါ နတ်​ဆိုး​စွဲ​သော လူ​ကန်း​လူ​အ​တစ်​ယောက်​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့​ကြ​လျှင်၊ ထို​လူ​ကန်း​လူ​အ​သည် မျက်​စိ​မြင်၍ စ​ကား​ပြော​နိုင်​အောင် ကယ်​မ​တော်​မူ၏။-

ယေ​ရှု​သည် သူ့​ကို​ဆုံး​မ​တော်​မူ​လျှင်၊ နတ်​ဆိုး​သည် သူ​မှ​ထွက်​သွား​သ​ဖြင့်၊ ထို​ခ​ဏ​မှ​စ၍ သူ​ငယ်​သည် ကျန်း​မာ​ပ​က​တိ ဖြစ်​လေ၏။

စု​ဝေး​လျက်​ရှိ​သော လူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​မြင်​လျှင် ချက်​ချင်း အံ့​ဩ​မိန်း​မော​ခြင်း​ရှိ​လျက် အ​ထံ​တော်​သို့ ပြေး၍ နှုတ်​ဆက်​ကြ၏။-

သူ​ငယ်၏​အ​ဘ​သည် ချက်​ချင်း​ဟစ်​ကြော်၍ အ​ကျွန်ုပ်​ယုံ​ကြည်​ပါ၏ သ​ခင်။ မ​ယုံ​ကြည်​သည်​ကို မ​စ​တော်​မူ​ပါ​ဟု မျက်​ရည်​နှင့် လျှောက်​ပြန်​လေ၏။-

နတ်​သည် အော်​ဟစ်၍ အ​လွန်​တောင့်​မာ​စေ​ပြီး​မှ ထွက်​သွား၏။ သူ​ငယ်​သည် သေ​သ​ကဲ့​သို့​ဖြစ်၏။ သေ​ပြီ​ဟု လူ​များ​ဆို​ကြ၏။-

တစ်​ရံ​ရော​အ​ခါ စ​ကား​အ​သော​နတ်​ဆိုး​ကို နှင်​ထုတ်​တော်​မူ၍၊ နတ်​ဆိုး​ထွက်​သည်​နောက် အ​သော​သူ​သည် စ​ကား​ပြော၏။ အ​စု​အ​ဝေး​တို့​သည်​လည်း အံ့​ဩ​ကြ၏။-

ယေ​ရှု​က​လည်း၊ တိတ်​ဆိတ်​စွာ​နေ​လော့။ ထို​သူ၏​အ​ထဲ​က ထွက်​သွား​လော့​ဟု ဆုံး​မ​တော်​မူ​လျှင်၊ နတ်​ဆိုး​သည် ထို​သူ​ကို လူ​အ​များ​အ​လယ်၌ လှဲ​ချ၍ ဘေး​ဥ​ပဒ်​မ​ပြု​ဘဲ ထွက်​သွား၏။-

နတ်​ဆိုး​တို့​လည်း၊ ကိုယ်​တော်​သည် ခ​ရစ်​တော်​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ၏​ဟု ဟစ်​ကြော်​လျက် လူ​များ​မှ ထွက်​သွား​ကြ၏။ ကိုယ်​တော်​သည် ခ​ရစ်​တော်​ဖြစ်​ကြောင်း​ကို သူ​တို့​သိ​ကြ​သော​ကြောင့် စ​ကား​တစ်​ခွန်း​ကို​မျှ မ​ပြော​စေ​ခြင်း​ငှာ မြစ်​တား​တော်​မူ၏။

လျှောက်​သည်​အ​ကြောင်း​ကား၊ နတ်​ဆိုး​သည် ထို​လူ​ကို အ​ဖန်​များ​စွာ​ဖမ်း​ဆီး​လှ​ပြီ။ ခြေ​ချင်း​သံ​ကြိုး​နှင့် အ​ကျဉ်း​ထား​သော်​လည်း ခြေ​ချင်း​သံ​ကြိုး​ကို​ဆွဲ​ဖြတ်၍ နတ်​ဆိုး​သည် တော​အ​ရပ်​သို့ နှင်​မြဲ​ရှိ​ကြောင်း​ကို ကိုယ်​တော်​သည်​ထောက်၍၊ ညစ်​ညူး​သော​နတ်၊ ထို​လူ​မှ ထွက်​သွား​လော့​ဟု မိန့်​တော်​မူ​ခဲ့​ပြီ။-

သူ​ငယ်​လာ​စဉ်​ပင် နတ်​ဆိုး​သည် မြေ​ပေါ်​မှာ​လှဲ၍ တောင့်​မာ​စေ၏။ ယေ​ရှု​သည် ညစ်​ညူး​သော​နတ်​ကို ဆုံး​မ၍ ထို​သူ​ငယ်​ကို ချမ်း​သာ​စေ​ပြီး​မှ အ​ဘ​အား အပ်​ပေး​တော်​မူ၏။-

ထို​သို့ အ​ဖန်​များ​စွာ​ပြု​သော​ကြောင့် ပေါ​လု​သည် စိတ်​မ​သာ​လျက်​လှည့်​ကြည့်၍၊ သင်​သည် သူ၏​အ​ထဲ​မှ ထွက်​သွား​လော့။ ယေ​ရှု​ခ​ရစ်၏​နာ​မ​တော်​ကို အ​မှီ​ပြု၍ ငါ​အ​မိန့်​ရှိ၏​ဟု ထို​နတ်​ကို​ဆို​သော​ခ​ဏ​ချင်း​တွင် နတ်​သည်​ထွက်​သွား၏။-

ကောင်း​ကင်​တ​မန် မင်း​မိ​က္ခေ​လ​မူ​ကား၊ မော​ရှေ၏ ကိုယ်​ကို အ​ကြောင်း​ပြု၍ မာရ်​နတ်​နှင့် ငြင်း​ခုံ​သော​အ​ခါ၊ ကဲ့​ရဲ့​စွာ​သော ပြစ်​တင်​ခြင်း​ကို​မ​ပြု​ဝံ့​ဘဲ၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို ဆုံး​မ​တော်​မူ​စေ​သ​တည်း​ဟူ၍ သာ​ပြော​ဆို၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ