ကိုယ်တော်ကလည်း၊ ဤသို့ဖြစ်သည်ကား၊ အဘယ်မျှလောက် ကြာပြီနည်းဟု သူငယ်၏အဘအား မေးတော်မူလျှင်၊ အဘက၊ ငယ်သော အရွယ်ကပင် ဖြစ်ပါ၏။-
လူသည် မိန်းမဖွားသောသူ ဖြစ်သဖြင့်၊ အသက်တို၍ ဒုက္ခနှင့်ပြည့်စုံပါ၏။
မီးပွားတို့သည် အထက်သို့ ပျံတက်သည်နည်းတူ၊ လူသည် ဒုက္ခ၌ကျင်လည်ခြင်းငှာ မွေးဖွား၏။
အကျွန်ုပ်သည် မွေးစကပင် အပြစ်ပါလျက်ရှိ၏။ အမိဝမ်းထဲမှာ ပဋိသန္ဓေယူစဉ်ပင် အပြစ်စွဲပါ၏။
ထိုအခါ တစ်ဆယ်နှစ်နှစ်ပတ်လုံး သွေးသွန်အနာ စွဲသောကြောင့်၊-
ယူခဲ့ကြ၏။ ထိုနတ်သည် ကိုယ်တော်ကိုမြင်လျှင် ချက်ချင်း သူငယ်ကို တောင့်မာစေသဖြင့် သူငယ်သည် မြေပေါ်မှာလဲ၍ အမြှုပ်ထွက်လျက် ကိုယ်ကို လှိမ့်လျက်နေ၏။-
သူငယ်ကို သေစေခြင်းငှာ မီး၌လည်းကောင်း၊ ရေ၌လည်းကောင်း အကြိမ်ကြိမ် လဲစေတတ်၏။ သို့သော်လည်း ကိုယ်တော်သည် တတ်နိုင်တော်မူလျှင် အကျွန်ုပ်တို့ကို သနား၍ ကယ်မတော်မူပါဟု လျှောက်လေ၏။-
တစ်ဆယ်ရှစ်နှစ်ပတ်လုံး စာတန်ချည်နှောင်သော အာဗြဟံ၏သမီးဖြစ်သော ဤမိန်းမကို ဤချည်နှောင်ခြင်းမှ ဥပုသ်နေ့၌ မလွှတ်ရသလောဟု မိန့်တော်မူ၏။-
ထိုအခါ တစ်ဆယ်နှစ်နှစ်ပတ်လုံး သွေးသွန်အနာစွဲသောကြောင့်၊ ဥစ္စာရှိသမျှကို ဆေးသမားတို့အားပေး၍ ကုန်သော်လည်း၊ အဘယ်ဆေးသမားလက်၌မျှ ချမ်းသာမရနိုင်သော မိန်းမတစ်ယောက်သည်၊-
လမ်း၌သွားတော်မူစဉ်၊ အမိဝမ်းတွင်းကပင် မျက်စိကန်းသောသူတစ်ယောက်ကို တွေ့မြင်သော်မူ၏။-
အမိဝမ်းတွင်းကပင်ခြေမစွမ်းသဖြင့်၊ တစ်ခါမျှ မသွားဖူးသော လူတစ်ယောက်သည် လုတ္တရမြို့၌ ထိုင်လျက်၊-
အမိဝမ်းတွင်းကပင်ခြေမစွမ်းသော သူတစ်ယောက်ကို သူတစ်ပါးတို့သည် ထမ်းလျက်လာကြ၏။ ဗိမာန်တော်သို့ ဝင်သောသူတို့မှာ စွန့်ကြဲခြင်းကိုခံစေခြင်းငှာ၊ တင့်တယ်အမည်ရှိသော တံခါးနားမှာ ထိုသူကိုထားလေ့ရှိ၏။-
အကြောင်းမူကား၊ အနာကင်းခြင်း နိမိတ်လက္ခဏာကို ခံရသောသူသည် အသက်လေးဆယ်ကျော်ရှိသည်ဖြစ်၍ လူအပေါင်းတို့သည် ထိုအမှုကိုထောက်လျက် ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းကြ၏။
ထိုအရပ်၌ အဲနေအမည်ရှိသော လက်ခြေသေ၍ရှစ်နှစ်ပတ်လုံး အိပ်ရာ၌တုံးလုံးနေသော သူတစ်ယောက်ကို တွေ့လျှင်၊ အဲနေ၊ ယေရှုခရစ်သည် သင့်အားချမ်းသာပေးတော်မူ၏။-