Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်မာကု 8:33

Judson Bible

ကိုယ်​တော်​သည် မျက်​နှာ​တော်​ကို​လှည့်၍ တ​ပည့်​တော်​တို့​ကို ကြည့်​ရှု​လျက်၊ အ​ချင်း​ရန်​သူ၊ ငါ့​နောက်​သို့ ဆုတ်​လော့။ သင်​သည် ဘု​ရား​သ​ခင်၏​အ​ရာ​ကို စိတ်​မ​စွဲ​လမ်း၊ လူ​တို့၏​အ​ရာ​ကို​သာ စွဲ​လမ်း​သည်​ဟူ၍ ပေ​တ​ရု​ကို ဆုံး​မ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​က၊ အို​ဇေ​ရု​ယာ​သား​တို့၊ သင်​တို့​သည် ယ​နေ့ ငါ့​ရန်​သူ​လုပ်​မည်​အ​ကြောင်း ငါ​နှင့်​အ​ဘယ်​သို့ ဆိုင်​ကြ​သ​နည်း။ ဣ​သ​ရေ​လ​အ​မျိုး​သား တစ်​စုံ​တစ်​ယောက်​သည် ယ​နေ့​အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​မည်​လော။ ငါ​သည် ယ​နေ့ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ဖြစ်​သည်​ကို ငါ​သိ​သည်​မ​ဟုတ်​လော​ဟု မိန့်​တော်​မူ၍၊

ယော​ဘ​က​လည်း၊ မိန်း​မ​မိုက်​ပြော​တတ်​သ​ကဲ့​သို့ သင်​သည်​ပြော၏။ အ​ဘယ်​သို့​နည်း။ ငါ​တို့​သည် ဘု​ရား​သ​ခင်၏​လက်​တော်​မှ သု​ခ​ချမ်း​သာ​ကို ခံ​ယူ​သည်​ဖြစ်၍၊ ဒု​က္ခ​ဆင်း​ရဲ​ကို မ​ခံ​မ​ယူ​ရာ​သ​လော​ဟု ဆို၏။ ယော​ဘ​သည် ဤ​အ​မှု​များ​နှင့် တွေ့​ကြုံ​သော်​လည်း နှုတ်​ဖြင့်​မျှ မ​မှား​ယွင်း။

ဖြောင့်​မတ်​သော​သူ​သည် အ​ကျွန်ုပ်​ကို ဒဏ်​ခတ်​ပါ​စေ​သော၊ ကျေး​ဇူး​ရှိ​ပါ​လိမ့်​မည်။ ဆုံး​မ​ပါ​စေ​သော၊ အ​ကျွန်ုပ်​ဦး​ခေါင်း​ကို လိမ်း​သော​ဆီ​ဖြစ်​ပါ​လိမ့်​မည်။ ထပ်၍ ပြု​သော်​လည်း အ​ကျွန်ုပ်​မ​ငြင်း​ပါ။ ယ​ခု​မူ​ကား၊ သူ​တစ်​ပါး​ပြု​သော အ​ဓ​မ္မ​အ​မှု​တစ်​ဖက်၌ ဆု​တောင်း​ရ​ပါ၏။

သင်၏​ညီ​အစ်​ကို​ကို စိတ်​အ​ခု​အ​ခံ​မ​ရှိ​ရ။ ကိုယ်​နှင့် စပ်​ဆိုင်​သော​သူ၌​ရှိ​သော​အ​ပြစ်​ကို တတ်​တိုင်း​မ​ရှိ​စေ​ဘဲ၊ သူ့​ကို​အ​မှန်​ဆုံး​မ​ရ​မည်။

တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်၍၊ ထို​မိန်း​မ ပြန်​သွား​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ။ ငါ​တို့​နောက်​သို့ လိုက်၍ ဟစ်​ကြော်​လျက်​နေ​ပါ​သည်​ဟု တောင်း​လျှောက်​ကြ၏။-

ကိုယ်​တော်​သည် မျက်​နှာ​တော်​ကို​လှည့်၍ အ​ချင်း​ရန်​သူ၊ ငါ့​နောက်​သို့​ဆုတ်​လော့။ သင်​သည် ငါ​တိုက်​မိ၍ လဲ​စ​ရာ​အ​ကြောင်း ဖြစ်၏။ သင်​သည် ဘု​ရား​သ​ခင်၏​အ​ရာ​ကို စိတ်​မ​စွဲ​လမ်း၊ လူ​တို့၏​အ​ရာ​ကို​သာ စွဲ​လမ်း​သည်​ဟု မိန့်​တော်​မူ၏။

ယေ​ရှု​က​လည်း အ​ချင်း​စာ​တန်၊ ငါ့​နောက်​သို့ ဆုတ်​လော့။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ရ​မည်။ ထို​ဘု​ရား​သ​ခင်​ကို​သာ ဝတ်​ပြု​ရ​မည် ကျမ်း​စာ​လာ​သည်​ဟု မိန့်​တော်​မူ၏။-

ခြံ​ရံ​လျက်​ထိုင်​သော​သူ​တို့​ကို ပတ်​လည်​ကြည့်​ရှု၍၊ ဤ​သူ​တို့​သည် ငါ့​အ​မိ၊ ငါ့​ညီ​ပေ​တည်း။-

ထို​အ​ခါ အ​မျက်​တော်​နှင့် သူ​တို့​ကို ပတ်​လည်​ကြည့်​ရှု၍ သူ​တို့​စိတ်​နှ​လုံး မိုက်​သော​ကြောင့် ဝမ်း​နည်း​တော်​မူ​ခြင်း​ရှိ​လျက်၊ သင်၏​လက်​ကို​ဆန့်​လော့​ဟု ထို​သူ​အား မိန့်​တော်​မူ၍ သူ​သည် မိ​မိ​လက်​ကို​ဆန့်​လျှင်၊ ထို​လက်​သည် လက်​တစ်​ဖက်​ကဲ့​သို့ ပ​က​တိ​ဖြစ်​လေ၏။-

ထို​အ​ခါ သ​ခင်​ဘု​ရား​သည်​လှည့်၍ ပေ​တ​ရု​ကို ကြည့်​တော်​မူ၏။ ကြက်​မ​တွန်​မီ သင်​သည် သုံး​ကြိမ်​မြောက်​အောင် ငါ့​ကို ငြင်း​ပယ်​လိမ့်​မည်​ဟု မိန့်​တော်​မူ​သော​စ​ကား​ကို ပေ​တ​ရု​သည် သ​တိ​ရ​သ​ဖြင့်၊-

ယေ​ရှု​က​လည်း၊ အ​ချင်း​စာ​တန်၊ ငါ့​နောက်​သို့​ဆုတ်​လော့။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ရ​မည်။ ထို​ဘု​ရား​သ​ခင်​ကို​သာ ဝတ်​ပြု​ရ​မည် ကျမ်း​စာ​လာ​သည်​ဟု ပြန်​ပြော​တော်​မူ၏။

ယေ​ရှု​သည် လှည့်​ကြည့်၍၊ သင်​တို့​သည် ကိုယ်​စိတ်​သ​ဘော​ကို ကိုယ်​မ​သိ​ကြ၊ လူ​သား​သည်​လူ​တို့၏ အ​သက်​ကို သတ်​အံ့​သော​ငှာ ကြွ​လာ​သည်​မ​ဟုတ်။ ကယ်​တင်​အံ့​သော​ငှာ ကြွ​လာ​သည်​ဟု ဆုံး​မ​တော်​မူ​ပြီး​မှ၊-

ထို​သူ၏​ဝိ​ညာဉ်​သည် ယေ​ရှု​ခ​ရစ်၏​နေ့​ရက်၌ ကယ်​တင်​ခြင်း​သို့ ရောက်​မည်​အ​ကြောင်း၊ သူ၏​ကိုယ်​ခ​န္ဓာ​ပျက်​စီး​ဖို့​ရာ သူ့​ကို​စာ​တန်​လက်​သို့ အပ်​နှံ​ကြ​စေ​ဟု ငါ​စီ​ရင်၏။-

ထို​သူ​တို့​သည် ပျက်​စီး​ခြင်း၌ လမ်း​ဆုံး​တတ်​ကြ၏။ သူ​တို့၏ ဘု​ရား​မူ​ကား၊ မိ​မိ​တို့​ဝမ်း​ပေ​တည်း။ မိ​မိ​တို့ ရှက်​ကြောက်​ဖွယ်​သော အ​ကျင့်၌​သာ မိ​မိ​တို့​ဝါ​ကြွား​ကြ၏။ လော​ကီ​အ​ရာ​တို့​ကို​သာ စိတ်​စွဲ​လမ်း​ခြင်း​ရှိ​ကြ၏။-

ကြွင်း​သော​သူ​တို့​သည် ကြောက်​စေ​ခြင်း​ငှာ အ​ပြစ်​ရှိ​သော သူ​တို့​ကို လူ​အ​ပေါင်း​တို့​ရှေ့​မှာ အ​ပြစ်​တင်၍ ဆုံး​မ​လော့။-

ဤ​သက်​သေ မှန်၏။ ထို​ကြောင့်၊ သူ​တို့​သည် ယု​ဒ​ဒ​ဏ္ဏာ​ရီ​စ​ကား​ကို​လည်း​ကောင်း၊ သ​မ္မာ​တ​ရား​ကို​စွန့်​သော လူ​တို့၏ ပ​ညတ်​တို့​ကို​လည်း​ကောင်း၊ အ​မှု​မ​ထား​ဘဲ ယုံ​ကြည်​ခြင်း​အ​မှု၌ စင်​ကြယ်​စေ​ခြင်း​ငှာ၊ သူ​တို့​ကို ကျပ်​တည်း​စွာ ဆုံး​မ​ပြစ်​တင်​လော့။-

ထို​သို့​ခ​ရစ်​တော်​သည် ကိုယ်​ခ​န္ဓာ​တော်၌ ငါ​တို့​အ​တွက် ခံ​တော်​မူ​သည်​မှန်​သော​ကြောင့်၊ သင်​တို့​လည်း ထို​သို့​သော​သ​ဘော​ကို လက်​နက်​ပြု၍ သုံး​စွဲ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ကိုယ်​ခ​န္ဓာ၌​ခံ​သော​သူ​သည် ဒု​စ​ရိုက်​တို့​နှင့် လွတ်​ငြိမ်း​သည်​ဖြစ်၍၊-

လော​က​ကို​လည်း​ကောင်း၊ လော​က၌​ရှိ​သော​အ​ရာ​တို့​ကို​လည်း​ကောင်း၊ မ​ချစ်​ကြ​နှင့်။ လော​က​ကို ချစ်​သော​သူ​မည်​သည်​ကား၊ ခ​မည်း​တော်​ကို ချစ်​ခြင်း​မေ​တ္တာ​မ​ရှိ။-

ငါ​ချစ်​သ​မျှ​သော သူ​တို့၏​အ​ပြစ်​ကို ငါ​စစ်​ဆေး၍ သူ​တို့​ကို​ဆုံး​မ​တတ်၏။ ထို​ကြောင့် ကိုယ်​စိတ်​ကို ကိုယ်​နှိုး​ဆော်​လော့။ နောင်​တ​ရ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ