Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်မာကု 8:26

Judson Bible

ကိုယ်​တော်​က​လည်း၊ မြို့​ထဲ​သို့​မ​ဝင်​နှင့်။ မြို့၌ အ​ဘယ်​သူ​ကို​မျှ မ​ပြော​နှင့်​ဟု မိန့်​တော်​မူ၍ သူ့​ကို မိ​မိ​နေ​ရာ​သို့ လွှတ်​လိုက်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​တို့​သည် သ​တင်း​တော်​ကို မ​ဖွင့်​ရ​မည်​အ​ကြောင်း ပ​ညတ်​တော်​မူ၏။-

ယေ​ရှု​က​လည်း သင်​သ​တိ​ပြု။ ဤ​အ​ကြောင်း​ကို အ​ဘယ်​သူ​အား​မျှ မ​ပြော​နှင့်။ ယဇ်​ပု​ရော​ဟိတ်​ထံ​သို့ သွား၍ ကိုယ်​ကို​ပြ​လော့။ သူ​တစ်​ပါး၌ သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ မော​ရှေ​စီ​ရင်​မှာ​ထား​သော ပူ​ဇော်​သ​ကာ​ကို ဆက်​လော့​ဟု မိန့်​တော်​မူ၏။-

သူ​တို့​သည် မျက်​စိ​ပွင့်​လင်း​လေ၏။ ယေ​ရှု​က​လည်း၊ အ​ဘယ်​သူ​မျှ မ​သိ​စေ​ခြင်း​ငှာ သ​တိ​ပြု​ကြ​လော့​ဟု မြစ်​တား​တော်​မူ၏။-

ထို​အ​မှု​အ​ရာ​ကို အ​ဘယ်​သူ​မျှ မ​သိ​စေ​မည်​အ​ကြောင်း၊ ထို​သူ​တို့​ကို ကျပ်​တည်း​စွာ ပ​ညတ်​တော်​မူ၍၊ သူ့​အား စား​စ​ရာ​ပေး​လော့​ဟု မိန့်​တော်​မူ၏။

ထို​အ​ကြောင်း​ကို အ​ဘယ်​သူ​အား​မျှ မ​ပြော​စေ​ခြင်း​ငှာ သူ​တို့​ကို ပ​ညတ်​တော်​မူ၏။ ပ​ညတ်​တော်​မူ​သော်​လည်း သူ​တို့​သည် သာ၍ အ​လွန်​သ​တင်း ကြား​ပြော​ကြ၏။-

ကိုယ်​တော်​သည် လူ​ကန်း​ကို​လက်​ဆွဲ၍ မြို့​ပြင်​သို့ ထွက်​ပြီး​မှ၊ သူ၏​မျက်​စိ​ကို တံ​တွေး​နှင့်​ထွေး၍ သူ့​အ​ပေါ်​မှာ လက်​တော်​ကို​တင်​လျက်၊ သင်​သည် တစ်​စုံ​တစ်​ခု​ကို မြင်​သ​လော​ဟု မေး​တော်​မူ၏။-

နောက်​တစ်​ဖန် သူ၏​မျက်​စိ​ပေါ်​မှာ လက်​တော်​ကို​တင်၍ ကြည့်​မျှော်​စေ​တော်​မူ​လျှင်၊ သူ​သည် ပ​က​တိ​အ​ဖြစ်​သို့ ရောက်၍ အ​လုံး​စုံ​တို့​ကို ရှင်း​လင်း​စွာ​မြင်​လေ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ