Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်မာကု 8:15

Judson Bible

ကိုယ်​တော်​က​လည်း၊ ဖာ​ရိ​ရှဲ​တို့၏ တ​ဆေး​ကို​လည်း​ကောင်း၊ ဟေ​ရုဒ်၏ တ​ဆေး​ကို​လည်း​ကောင်း၊ သ​တိ​နှင့် ကြဉ်​ရှောင်​ကြ​ဟု ပ​ညတ်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

သား​တော်​ရှော​လ​မုန်​အား​လည်း၊ သင်​သည် အား​ယူ၍ ရဲ​ရင့်​သော​စိတ်​နှင့် လုပ်​ဆောင်​လော့။ မ​စိုး​ရိမ်​နှင့်။ စိတ်​မ​ပျက်​နှင့်။ ငါ၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် သင်​နှင့်​အ​တူ ရှိ​တော်​မူ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​မှု​ကို ဆောင်​ရွက်​ရာ​ဖို့ လုပ်​ဆောင်၍ လက်​စ​မ​သတ်​မီ​တိုင်​အောင် သင့်​ကို စွန့်​တော်​မ​မူ။ ပစ်​ထား​တော်​မ​မူ။

ငါ့​သား၊ ပ​ညာ​တ​ရား​ကို ပယ်​စေ​ခြင်း​ငှာ၊ သွန်​သင်​သော​သူ၏​စ​ကား​ကို နား​မ​ထောင်​နှင့်။

ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၌ တ​ဆေး​မ​ပါ​ရ။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပူ​ဇော်​သ​ကာ​ပြု​သော​အ​ခါ၊ တ​ဆေး​ကို​မီး​မ​ရှို့​ရ။ ပျား​ရည်​ကို​လည်း​မ​ရှို့​ရ။

ထို​အ​ခါ စော်​ဘွား​ဟေ​ရုဒ်​သည် ယေ​ရှု၏ သ​တင်း​တော်​ကို​ကြား​လျှင်၊-

အ​ထက်​က ဟေ​ရုဒ်​သည် မိ​မိ​ညီ​ဖိ​လိ​ပ္ပု၏​ခင်​ပွန်း ဟေ​ရော​ဒိ​အ​ကြောင်း​ကြောင့်၊ ယော​ဟန်​ကို ဖမ်း​ဆီး​ချည်​နှောင်၍ ထောင်​ထဲ​မှာ လှောင်​ထား၏။-

ထို​နောက်​မှ ဟေ​ရုဒ်​ကို ဖွား​သော​နေ့​ရက်၌ နှစ်​စဉ်​ပွဲ​ခံ​စဉ်​တွင်၊ ဟေ​ရော​ဒိ၏​သ​မီး​သည် ပွဲ​သ​ဘင်၌ က​သ​ဖြင့် ဟေ​ရုဒ်​သည် နူး​ညွတ်​သော​စိတ်​ရှိ​လျှင်၊-

ယေ​ရှု​က​လည်း၊ ဖာ​ရိ​ရှဲ​နှင့် ဇ​ဒ္ဒု​ကဲ​တို့၏​တ​ဆေး​ကို သ​တိ​နှင့် ကြဉ်​ရှောင်​ကြ​ဟု မိန့်​တော်​မူ၏။-

တစ်​ဖန် စ​ကား​တော်​ကို ချောင်း​မြောင်း၍ အ​ပြစ်​ပြု​ခွင့်​ကို​ရ​ခြင်း​ငှာ ဖာ​ရိ​ရှဲ​တို့​နှင့် ဟေ​ရုဒ်​တ​ပည့်​အ​ချို့​တို့​ကို အ​ထံ​တော်​သို့ စေ​လွှတ်​ကြ၏။-

တ​ပည့်​တော်​တို့​သည် မုန့်​ကို​ယူ​ခြင်း​ငှာ မေ့​လျော့​ကြ​သ​ဖြင့်၊ လှေ​ပေါ်​မှာ သူ​တို့၌ မုန့်​တစ်​လုံး​တည်း​သာ ရှိ၏။-

တ​ပည့်​တော်​တို့​ကို​လည်း၊ ငါ​တို့၌ မုန့်​မ​ပါ​သော​ကြောင့် ဤ​စ​ကား​ကို မိန့်​တော်​မူ​သည်​ဟု အ​ချင်း​ချင်း ဆွေး​နွေး​ပြော​ဆို​ကြ၏။-

ထို​မှ​တစ်​ပါး လော​ဘ​လွန်​ကျူး​ခြင်း​ကို သ​တိ​နှင့် ကြဉ်​ရှောင်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ စည်း​စိမ်​ရှိ​သော်​လည်း စည်း​စိမ်၌ အ​သက်​မ​တည်​ဟု မိန့်​တော်​မူ၏။

ရှေ့​မ​ဆွ​က​မ​စီ​ရင်၊ ငဲ့​ကွက်​သော​စိတ်​နှင့် အ​လျှင်း​မ​ပြု​ဘဲ၊ ဤ​ပ​ညတ်​များ​ကို စောင့်​ရှောက်​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​နှင့် သ​ခင်​ယေ​ရှု​ခ​ရစ်​ရှေ့​မှာ​လည်း​ကောင်း၊ ရွေး​ကောက်​တော်​မူ​သော ကောင်း​ကင်​တ​မန်​တို့ ရှေ့​မှာ​လည်း​ကောင်း၊ ငါ​သည် သင့်​ကို သ​စ္စာ​ပေး၏။

ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ် ထင်​ရှား​ပေါ်​ထွန်း​တော်​မူ​သည်​တိုင်​အောင်၊ သင်​သည်​အ​ညစ်​အ​ကြေး​နှင့် ကင်း​စင်၍ အ​ပြစ်​တင်​ခွင့် မ​ရှိ​ဘဲ​လျက်၊ ပ​ညတ်​တော်​ကို စောင့်​ရှောက်​မည်​အ​ကြောင်း၊-

ဤ​အ​ကြောင်း​အ​ရာ​များ​ကို သူ​တစ်​ပါး​တို့​အား သ​တိ​ပေး​လော့။ အ​ဘယ်​အ​ကျိုး​ကို​မျှ မ​ပြု​စု၊ ကြား​နာ​သော​သူ​တို့၏ စိတ်​ကို​မှောက်​လှန်​လို​သော​ငှာ၊ စ​ကား​ကြောင့်​သာ ငြင်း​ခုံ​ခြင်း​ကို မ​ပြု​မည်​အ​ကြောင်း၊ သ​ခင်​ဘု​ရား​ရှေ့၌ သ​စ္စာ​ပေး​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ