ထိုမိန်းမသည် မိမိအိမ်သို့ပြန်၍ နတ်ဆိုး ထွက်သွားသည်ကိုလည်းကောင်း၊ သမီးသည် အိပ်ရာ၌ အိပ်လျက်ရှိသည်ကိုလည်းကောင်း တွေ့၏။
ကိုယ်တော်က၊ ထိုစကားကြောင့် သင်သွားလော့။ နတ်ဆိုးသည် သင်၏သမီးထဲမှ ထွက်သွားပြီဟု မိန့်တော်မူ၏။-
တစ်ဖန် ကိုယ်တော်သည် တုရုမြို့နှင့် ဇိဒုန်မြို့၏ ကျေးလက်မှထွက်၍ ဒေကာပေါလိပြည်နယ်ကို လျှောက်သွားသဖြင့်၊ ဂါလိလဲအိုင်သို့ ရောက်တော်မူ၏။-
မာရ်နတ်သည် ရှေ့ဦးစွာမှစ၍ ဒုစရိုက်ကိုပြုသောသူ ဖြစ်သောကြောင့်၊ အကြင်သူသည် ဒုစရိုက်ကို ပြု၏။ ထိုသူသည် မာရ်နတ်နှင့် ဆိုင်၏။ မာရ်နတ်အမှုတို့ကို ပယ်ဖျက်ခြင်းငှာ၊ ဘုရားသခင်၏ သားတော်သည် ထင်ရှားပေါ်ထွန်းတော်မူ၏။-