Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်မာကု 7:24

Judson Bible

ကိုယ်​တော်​သည် ထို​အ​ရပ်​မှ​ထ၍ တု​ရု​မြို့​နှင့် ဇိ​ဒုန်​မြို့၏ ကျေး​လက်​သို့ ကြွ​တော်​မူ​ပြီး​လျှင် အိမ်​သို့​ဝင်၍ အ​ဘယ်​သူ​မျှ မ​သိ​စေ​ခြင်း​ငှာ အ​လို​တော်​ရှိ​သော်​လည်း ပုန်း​ရှောင်၍ နေ​တော်​မ​မူ​နိုင်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ခါ​နာန်​သား​အ​ကြီး​ကား၊ ဇိ​ဒုန်။ ထို​နောက် ဟေ​သ။

ခါ​နာန်​အ​မျိုး​သား​နေ​ရာ​ပြည်​နယ်​သည် ဇိ​ဒုန်​မြို့​မှ ဂေ​ရာ​မြို့၊ ဂါ​ဇ​မြို့​တိုင်​အောင်​လည်း​ကောင်း၊ တစ်​ဖန်​သော​ဒုံ​မြို့၊ ဂေါ​မော​ရ​မြို့၊ အာ​ဒ​မာ​မြို့၊ ဇေ​ဘိုင်​မြို့​ကို​လွန်၍ လာ​ရှ​မြို့​တိုင်​အောင်​လည်း​ကောင်း ရှိ​သ​တည်း။

ဇာ​ဗု​လုန်​သည် ပင်လယ်ကမ်း​နား​မှာ​နေ၍၊ သင်္ဘော​ဆိပ်​ဖြစ်​လိမ့်​မည်။ သူ၏​နယ်​သည် ဇိ​ဒုန်​မြို့​တိုင်​အောင် ကျယ်​ဝန်း​လိမ့်​မည်။

ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​သော​က​ညာ၊ ဇိ​ဒုန်​မြို့၏​သ​မီး၊ သင်​သည် နောက်​တစ်​ဖန် ရွှင်​လန်း​ခြင်း​မ​ရှိ​ရ။ ထ​လော့။ ခိ​တ္တိမ်​ပြည်​သို့ ကူး​သွား​လော့။ ထို​အ​ရပ်၌​လည်း ငြိမ်​သက်​ခြင်း​မ​ရှိ​ရ​ဟု မိန့်​တော်​မူ၏။

အော်​ဟစ်​ခြင်း၊ ကြွေး​ကြော်​ခြင်း​ကို မ​ပြု​မူ၍၊ လမ်း​ခ​ရီး၌ သူ၏​အ​သံ​ကို အ​ဘယ်​သူ​မျှ မ​ကြား​စေ​ရ။

အ​ချင်း​လူ​သား၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို တု​ရု​ရှင်​ဘု​ရင်​အား ဆင့်​ဆို​ရ​မည်​မှာ၊ သင်​သည် ကိုယ်​ကို​ဘု​ရား​သ​ခင်​ကဲ့​သို့ ထင်​မှတ်​သော်​လည်း ဘု​ရား​သ​ခင်​မ​ဟုတ်၊ လူ​သက်​သက်​ဖြစ်​လျက်​နှင့် ငါ​သည် ဘု​ရား​ဖြစ်၏။ ပင်​လယ်​အ​လယ်၌ ဘု​ရား​ပ​လ္လင်​ပေါ်​မှာ ငါ​ထိုင်​သည်​ဟု ဝါ​ကြွား​သော​စိတ်​နှင့် ဆို​သည်​ဖြစ်၍၊

အို ခေါ​ရာ​ဇိန်​မြို့၊ သင်​သည် အ​မင်္ဂ​လာ​ရှိ၏။ အို ဗက်​ဇဲ​ဒ​မြို့၊ သင်​သည် အ​မင်္ဂ​လာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​တွင်​ပြ​သော တန်​ခိုး​ကို တု​ရု​မြို့​နှင့် ဇိ​ဒုန်​မြို့​တို့​တွင်​ပြ​ဖူး​လျှင်၊ ထို​မြို့​တို့​သည် ရှေး​ကာ​လ၌ လျှော်​တေ​အ​ဝတ်​ကို ဝတ်၍၊ ပြာ​နှင့်​လူး​လျက် နောင်​တ ရ​ကြ​လိမ့်​မည်။-

အိမ်​သို့ ဝင်​တော်​မူ​လျှင်၊ မျက်​စိ​ကန်း​သော​သူ​တို့​သည် အ​ထံ​တော်​သို့ ချဉ်း​ကပ်​ကြ၏။ ကိုယ်​တော်​က​လည်း၊ ဤ​အ​မှု​ကို ငါ​တတ်​နိုင်​သည်​ကို ယုံ​သ​လော​ဟု မေး​တော်​မူ​လျှင်၊ ယုံ​ပါ၏​သ​ခင်​ဟု လျှောက်​ကြ၏။-

နောက်​တစ်​နေ့​သ၌ ကိုယ်​တော်​သည် က​ပေ​ရ​နောင်​မြို့​သို့ ဝင်​ပြန်၍ အိမ်၌​ရှိ​တော်​မူ​သည်​ကို ကြား​ကြ​လျှင်၊-

ဤ​ဆိုး​ညစ်​သော အ​ရာ​များ​တို့​သည် အ​တွင်း​မှ​ထွက်​လာ၍ လူ​ကို ညစ်​ညူး​စေ​ကြ​သည်​ဟု မိန့်​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ ညစ်​ညူး​သော​နတ်​စွဲ​သော မိန်း​မ​ငယ်၏ အ​မိ​သည် သ​တင်း​တော်​ကို ကြား​သ​ဖြင့်၊ လာ၍​ခြေ​တော်​ရင်း၌ ပျပ်​ဝပ်​လျက်၊-

တစ်​ဖန် ကိုယ်​တော်​သည် တု​ရု​မြို့​နှင့် ဇိ​ဒုန်​မြို့၏ ကျေး​လက်​မှ​ထွက်၍ ဒေ​ကာ​ပေါ​လိ​ပြည်​နယ်​ကို လျှောက်​သွား​သ​ဖြင့်၊ ဂါ​လိ​လဲ​အိုင်​သို့ ရောက်​တော်​မူ၏။-

ထို​နည်း​တူ၊ အ​ချို့​သော​သူ​တို့၏ သု​စ​ရိုက်​သည် ထင်​ရှား​နှင့်​တတ်၏။ မ​ထင်​ရှား​သေး​သော သု​စ​ရိုက်​ကို​လည်း ဝှက်၍​မ​ထား​နိုင်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ