Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်မာကု 6:41

Judson Bible

ကိုယ်​တော်​သည် မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​ကို​ယူ၍၊ ကောင်း​ကင်​သို့ ကြည့်​မျှော်​လျက် ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍ လူ​များ​တို့​ရှေ့၌​ထည့်​စေ​ခြင်း​ငှာ တ​ပည့်​တော်​တို့​အား ပေး​တော်​မူ၏။ ငါး​နှစ်​ကောင်​ကို​လည်း လူ​အ​ပေါင်း​တို့​အား ဝေ​ငှ​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​ကို​လည်း​ယူ၍ ကောင်း​ကင်​သို့ ကြည့်​မျှော်​လျက်၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​နှင့် ငါး​ကို​ဖဲ့၍ တ​ပည့်​တော်​တို့​အား ပေး​တော်​မူ၏။-

မုန့်​ခု​နစ်​လုံး​နှင့် ငါး​တို့​ကို​လည်း​ယူ၍ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ၊ မုန့်​နှင့်​ငါး​ကို​ဖဲ့၍ တ​ပည့်​တော်​တို့​အား ပေး​တော်​မူ၏။ တ​ပည့်​တော်​တို့​လည်း လူ​အ​ပေါင်း​တို့​အား ပေး​ကြ၏။-

ထို​အ​ခါ စား​လျက်​နေ​ကြ​စဉ်​တွင်၊ ယေ​ရှု​သည် မုန့်​ကို​ယူ၍ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍၊ ဤ​မုန့်​ကား ငါ၏​ကိုယ်​ဖြစ်၏။ ယူ၍​စား​ကြ​လော့​ဟု မိန့်​တော်​မူ​လျက်၊ တ​ပည့်​တော်​တို့​အား ပေး​တော်​မူ၏။-

ထို​အ​ခါ စား​လျက်​နေ​ကြ​စဉ်​တွင် ယေ​ရှု​သည်​မုန့်​ကို​ယူ၍၊ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍၊ ဤ​မုန့်​ကား ငါ၏​ကိုယ်​ဖြစ်၏။ ယူ၍​စား​ကြ​လော့​ဟု မိန့်​တော်​မူ​လျက် တ​ပည့်​တော်​တို့​အား ပေး​တော်​မူ၏။-

သူ​တို့​သည် တစ်​ရာ​တစ်​စု၊ ငါး​ဆယ်​တစ်​စု၊ အ​စု​စု​လျောင်း​ကြ​လျှင်၊-

လူ​အ​ပေါင်း​တို့​သည် စား၍ ဝ​ကြ​ပြီး​မှ၊-

ထို​နောက် ကောင်း​ကင်​သို့ ကြည့်​မျှော်၍ ညည်း​တွား​သံ​ကို​ပြု​လျက်၊ ဧ​ဖ​သ​ဟု မိန့်​တော်​မူ၏။ အ​နက်​ကား၊ ပွင့်​စေ​ဟု ဆို​လို​သ​တည်း။-

မုန့်​ငါး​လုံး​ကို လူ​ငါး​ထောင်​အား ငါ​ဖဲ့​သော​အ​ခါ အ​ကျိုး​အ​ပဲ့​ဘယ်​နှစ်​တောင်း ကောက်​သိမ်း​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ တစ်​ဆယ်​နှစ်​တောင်း ကောက်​သိမ်း​ပါ​သည်​ဟု လျှောက်​ကြ၏။-

စား​ပွဲ၌ သူ​တို့​နှင့်​အ​တူ လျောင်း​တော်​မူ​စဉ်၊ မုန့်​ကို​ယူ၍ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍ သူ​တို့​အား ပေး​တော်​မူ​သည်​တွင်၊-

ယေ​ရှု​သည် မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​ကို​ယူ၍ ကောင်း​ကင်​သို့​ကြည့်​မျှော်​လျက်၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍ လူ​များ​ရှေ့၌ ထည့်​စေ​ခြင်း​ငှာ တ​ပည့်​တော်​တို့​အား ပေး​တော်​မူ၏။-

ထို​အ​ခါ သေ​လွန်​သော​သူ၏​သင်္ချိုင်း​မှ ကျောက်​ကို ရွှေ့​ကြ၏။ ယေ​ရှု​သည်​လည်း အ​ထက်​သို့​ကြည့်​မျှော်​လျက်၊ အ​ဘ၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​စ​ကား​ကို နား​ထောင်​တော်​မူ​သော​ကြောင့် ကျေး​ဇူး​တော်​ကြီး​လှ​ပါ၏။-

ထို​သို့ မိန့်​တော်​မူ​ပြီး​မှ ယေ​ရှု​သည် ကောင်း​ကင်​သို့​ကြည့်​မျှော်၍၊ အို အ​ဘ၊ အ​ကျွန်ုပ်​အ​ချိန်​ရောက်​ပါ​ပြီ။-

ယေ​ရှု​သည်​မုန့်​ကို​ယူ၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​မှ တ​ပည့်​တော်​တို့​အား ဝေ​ငှ​တော်​မူ၍၊ တ​ပည့်​တော်​တို့​သည် လျောင်း​သော​သူ​တို့​အား ဝေ​ငှ​ပြန်၏။ ထို​နည်း​တူ ငါး​နှစ်​ကောင်​ကို လူ​များ​လို​ချင်​သ​မျှ ဝေ​ငှ​ကြ၏။-

အ​ထက်​က​သ​ခင်​ဘု​ရား​သည် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​မှ၊ လူ​များ​သည် မုန့်​ကို​စား​ကြ​ရာ​အ​ရပ်​နှင့် အ​နီး၊ တိ​ဗေ​ရိ​မြို့​မှ အ​ခြား​သော​လှေ​ငယ်​များ​လာ​သော်​လည်း၊ မ​နေ့၌ တ​ပည့်​တော်​တို့​ဝင်​သော လှေ​မှ​တစ်​ပါး အ​ဘယ်​လှေ​မျှ မ​ရှိ​သည်​ကို​လည်း​ကောင်း၊ ယေ​ရှု​သည် ထို​လှေ​ထဲ​သို့ တ​ပည့်​တော်​တို့ နှင့်​အ​တူ ဝင်​တော်​မ​မူ​ဘဲ​လျက်၊ တ​ပည့်​တော်​တို့​သာ သွား​သည်​ကို​လည်း​ကောင်း မြင်​ကြ၍၊-

သင်​တို့​ဆံ​ခြည်​တစ်​ပင်​မျှ မ​ပျက်​စီး​ရ​ဟု​ဆို​ပြီး​လျှင်၊ ပေါ​လု​သည် မုန့်​ကို​ယူ၍ ထို​သူ​များ​ရှေ့၌ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍ စား​လေ၏။-

နေ့​ရက်​ကို​စောင့်​သော​သူ​သည် သ​ခင်​ဘု​ရား​ကို ထောက်၍ စောင့်၏။ နေ့​ရက်​ကို မ​စောင့်​သော​သူ​သည်​လည်း၊ သ​ခင်​ဘု​ရား​ကို ထောက်၍ မ​စောင့်​ဘဲ​နေ၏။ စား​သော​သူ​သည် သ​ခင်​ဘု​ရား​ကို ထောက်​သော​စိတ်​နှင့် စား၍ ကျေး​ဇူး​တော်​ရှိ​သည်​ဟု ဝန်​ခံ၏။ မ​စား​သော​သူ​သည်​လည်း၊ သ​ခင်​ဘု​ရား​ကို ထောက်​သော​စိတ်​နှင့် မ​စား​ဘဲ​နေ၍၊ ကျေး​ဇူး​တော်​ရှိ​သည်​ဟု ဝန်​ခံ၏။-

သင်​တို့​သည် စား​သော်​လည်း​ကောင်း၊ သောက်​သော်​လည်း​ကောင်း၊ မည်​သည့်​အ​မှု​ကို ပြု​သော်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ ဘုန်း​တော်​ကို ထောက်၍ ခပ်​သိမ်း​သော​အ​မှု​ကိ​စ္စ​ကို ပြု​ကြ​လော့။-

ထို​ကောင်း​မွန်​သော​ပြည်​ကို ပေး​သ​နား​တော်​မူ​သည်​ဖြစ်၍၊ သင်​သည် ဝ​စွာ​စား​ရ​သော​အ​ခါ၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ရ​မည်။

စ​ကား​ပြော​သော်​လည်း​ကောင်း၊ အ​မှု​ဆောင်​ရွက်​သော်​လည်း​ကောင်း၊ သ​ခင်​ယေ​ရှု၏ နာ​မ​တော်​ကို​ထောက်၍ ခပ်​သိမ်း​သော​အ​မှု​တို့​ကို ပြု​မူ​လျက်၊ ကျေး​ဇူး​တော်​ကြီး​လှ​ပါ၏​ဟု ထို​သ​ခင်​ကို အ​မှီ​ပြု၍ ခ​မည်း​တော်​ဘု​ရား​သ​ခင့်​ရှေ့၌ ဝန်​ခံ​ကြ​လော့။

ဆ​ရာ​သည် မြင့်​သော​အ​ရပ်၌ ယဇ်​သား​ကို​စား​အံ့​သော​ငှာ မ​တက်​မီ သင်​တို့​သည် မြို့​ထဲ​သို့​ဝင်​လျှင် ချက်​ချင်း​တွေ့​လိမ့်​မည်။ သူ​မ​ရောက်​မီ လူ​များ​တို့​သည် မ​စား​တတ်​ကြ။ သူ​သည် ယဇ်​ပွဲ၌ ဘု​ရား​ဝတ်​ကို ပြု​တတ်၏။ ဝတ်​ပြု​ပြီး​မှ ခေါ်​ဖိတ်​သော သူ​တို့​သည် စား​တတ်​ကြ၏။ ယ​ခု​မှာ သွား​လျှင် တွေ့​ကြ​လိမ့်​မည်​ဟု ပြန်​ပြော​သည်​နှင့်​အ​ညီ၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ