Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်မာကု 6:11

Judson Bible

အ​ကြင်​သူ​တို့​သည် သင်​တို့​ကို လက်​မ​ခံ၊ သင်​တို့၏ စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ၏။ ထို​သူ​တို့​နေ​ရာ အ​ရပ်​မှ ထွက်​သွား​စဉ်၊ သူ​တို့​တစ်​ဖက်၌ သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ သင်​တို့၏​ခြေ​ဖ​ဝါး​မှ မြေ​မှုန့်​ကို ခါ​လိုက်​ကြ​လော့။ ငါ​အ​မှန်​ဆို​သည်​ကား၊ တ​ရား​ဆုံး​ဖြတ်​သော​နေ့၌ ထို​မြို့​သည် သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​ထက် သာ၍ ခံ​ရ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​ခါး​ပိုက်​ကို ခါ​လျက်၊ က​တိ​ပျက်​သော သူ​အ​ပေါင်း​တို့​ကို ဘု​ရား​သ​ခင်​သည် အိမ်​တော်၊ အ​မှု​တော်​ထဲ​က ဤ​သို့ ခါ​လိုက်​တော်​မူ​ပါ​စေ​သော။ သူ​တို့​သည် ဤ​သို့ ခါ​ပစ်​လိုက်​ခြင်း​ကို ခံ​ရ​ကြ​ပါ​စေ​သော​ဟု​ဆို၍ စည်း​ဝေး​သော​သူ​အ​ပေါင်း​တို့​သည် အာ​မင်​ဟု ဝန်​ခံ၍ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ၏။ လူ​များ​တို့​သည်​လည်း၊ က​တိ​ထား​သည်​အ​တိုင်း ပြု​ကြ၏။

ငါ​ဆို​သည်​ကား၊ လူ​တို့​သည် အ​ကျိုး​မဲ့​သော​စ​ကား​ကို ပြော​သ​မျှ​အ​တွက်၊ တ​ရား​ဆုံး​ဖြတ်​သော​နေ့၌ စစ်​ကြော​ခြင်း​ကို ခံ​ရ​ကြ​လ​တ္တံ့။ သင့်​စ​ကား​များ​အား​ဖြင့် သင်​သည် အ​ပြစ်​လွတ်​လိမ့်​မည်။-

ထို​မှ​တစ်​ပါး သင်​တို့​သည် မည်​သည်​အိမ်​သို့​ဝင်​လျှင်၊ ထို​အိမ်​တွင် ထို​အ​ရပ်​မှ မ​ထွက်​မ​သွား​မီ​တိုင်​အောင် နေ​ကြ​လော့။-

ထို​သူ​တို့​နေ​ရာ​မြို့​မှ ထွက်​သွား​စဉ်၊ သူ​တို့​တစ်​ဖက်၌ သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ သင်​တို့၏​ခြေ​ဖ​ဝါး​မှ မြေ​မှုန့်​ကို ခါ​လိုက်​ကြ​လော့​ဟု မိန့်​တော်​မူ၏။-

ယု​ဒ​လူ​တို့​သည် ငြင်း​ခုံ​ဆဲ​ရေး​ခြင်း​ကို ပြု​သည်​ရှိ​သော်၊ ပေါ​လု​သည် မိ​မိ​အ​ဝတ်​ကို​ခါ​လိုက်​လျက်၊ သင်​တို့၏ အ​သွေး​သည် သင်​တို့၏ ခေါင်း​ပေါ်၌​တည်​စေ။ ငါ​မူ​ကား ကင်း​လွတ်၏။ ယ​ခု​မှ​စ၍ တစ်​ပါး​အ​မျိုး​သား​တို့​ဆီ​သို့ သွား​မည်​ဟု ဆို​ပြီး​လျှင်၊-

ငါ​ဟော​ပြော​သော ဧ​ဝံ​ဂေ​လိ​တ​ရား​အ​တိုင်း၊ ဘု​ရား​သ​ခင်​သည် ယေ​ရှု​ခ​ရစ်​အား​ဖြင့် လူ​တို့၏ မ​ထင်​ရှား​သော အ​မှု​အ​ရာ​တို့​ကို စစ်​ကြော စီ​ရင်​တော်​မူ​သော​နေ့၌ ထို​သို့​စီ​ရင်​တော်​မူ​လ​တ္တံ့။

ထို​သို့​ပြု​လျှင် စိတ်​ခိုင်​မာ၍ နောင်​တ​မ​ရ​သည်​နှင့်​အ​ညီ ဒေါ​သ​နေ့​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏ တ​ရား​တော်​ထင်​ရှား​သော​နေ့၌ ကိုယ်​ခံ​စ​ရာ​ဖို့ အ​မျက်​ဒေါ​သ​ကို ဆည်း​ပူး​သ​လော။-

သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​တို့​ကို မီး​ရှို့၍ ဖျက်​ဆီး​ရာ၊ ဒဏ်​စီ​ရင်​တော်​မူ​သ​ဖြင့် နောင်၌ မ​တ​ရား​သော အ​ကျင့်​ကို ကျင့်​အံ့​သော​သူ​တို့​အား ပုံ​သက်​သေ​ကို ထား​တော်​မူ၏။-

ဘု​ရား​ဝတ်၌ မွေ့​လျော်​သော သူ​တို့​ကို စုံ​စမ်း​နှောင့်​ယှက်​ခြင်း​အ​ထဲ​က ကယ်​နုတ်​ခြင်း​ငှာ​လည်း​ကောင်း၊ မ​တ​ရား​သော​သူ​တို့​ကို ဒဏ်​ခံ​စေ​မည် အ​ကြောင်း၊ ညစ်​ညူး​သော တပ်​မက်​ခြင်း ကိ​လေ​သာ​နှင့်​တ​ကွ၊ ကာ​မ​ဂုဏ်​အ​လို​သို့​လိုက်၍၊ အာ​ဏာ​စက်​ကို မ​ထီ​မဲ့​မြင်​ပြု​သော သူ​တို့​ကို အ​ထူး​သ​ဖြင့် ဒဏ်​ခံ​စေ​မည်​အ​ကြောင်း၊ တ​ရား​ဆုံး​ဖြတ်​သော​နေ့​အ​ဖို့ ချုပ်​ထား​ခြင်း​ငှာ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် တတ်​နိုင်​တော်​မူ၏။ ထို​သူ​တို့​သည် ရဲ​ရင့်​သော​သူ၊ ကိုယ်​အ​လို​သို့ လိုက်​တတ်​သော​သူ​ဖြစ်၍၊ ဘုန်း​တန်​ခိုး​ကြီး​သော​သူ​တို့​ကို ကဲ့​ရဲ့​ဝံ့​ကြ၏။-

ယ​ခု​ရှိ​သော မိုး​ကောင်း​ကင်​နှင့် မြေ​ကြီး​မူ​ကား၊ တ​ရား​ဆုံး​ဖြတ်၍ အ​ဓ​မ္မ​လူ​တို့​ကို ဖျက်​ဆီး​သော နေ့​ရက်​တိုင်​အောင်၊ ထို​နှုတ်​က​ပတ် တော်​အား​ဖြင့် သို​ထား​လျက်​ရှိ၍၊ မီး​ရှို့​ခြင်း​အ​ဖို့​အ​လို​ငှာ နေ​ရစ်​သ​တည်း။

ထို​သို့​ငါ​တို့​သည် ချစ်​ခြင်း​မေ​တ္တာ​နှင့် ပြည့်​စုံ​သော​အား​ဖြင့်၊ တ​ရား​ဆုံး​ဖြတ်​တော်​မူ​သော​နေ့၌ ရဲ​ရင့်​ရ​သော​အ​ခွင့် ရှိ​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် ကိုယ်​တော်၏​နည်း​တူ ဤ​လော​က၌​ဖြစ်​ကြ၏။-

ထို​နည်း​တူ၊ သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​မှ​စ၍ ပတ်​ဝန်း​ကျင်၌​ရှိ​သော မြို့​တို့​သည်၊ အ​ထက်​က ဆို​ခဲ့​ပြီး​သော လူ​ဆိုး​ကဲ့​သို့ မ​တ​ရား​သော မေ​ထုန်​ကို​အ​လွန်​ပြု၍ ကိုယ်​ခင်​ပွန်း​မ​ဟုတ်​သော သူ​တို့​နှင့် မှား​ယွင်း​ခြင်း​အ​မှု၌ ကျင်​လည်​သော​ကြောင့်၊ ထာ​ဝ​ရ​မီး​နှင့် ကျွမ်း​လောင်​ခြင်း​ဒဏ်​ကို ခံ​ရ၍ ပုံ​သက်​သေ​ထင်​ရှား​လျက် ရှိ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ