Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်မာကု 5:7

Judson Bible

အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင်၏ သား​တော်​ယေ​ရှု၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​နှင့်​အ​ဘယ်​သို့ ဆိုင်​သ​နည်း။ အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​တော်​မ​မူ​မည်​အ​ကြောင်း ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု၍ အ​ကျွန်ုပ် တောင်း​ပန်​ပါ​သည်​ဟု ကြီး​သော​အ​သံ​နှင့် အော်​ဟစ်၍ လျှောက်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

29 ပူးပေါင်းရင်းမြစ်များ  

သင်​နှင့် မိန်း​မ​ကို​လည်း​ကောင်း၊ သင်၏​အ​မျိုး​အ​နွယ်​နှင့် မိန်း​မ၏​အ​မျိုး​အ​နွယ်​ကို​လည်း​ကောင်း၊ ငါ​သည်​ရန်​ငြိုး​ဖွဲ့​စေ​မည်။ သူ​သည် သင်၏​ခေါင်း​ကို ကြိတ်​လိမ့်​မည်၊ သင်​သည် သူ၏​ဖ​နောင့်​ကို ကြိတ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ရှင်​ဘု​ရင်​က​လည်း၊ မှန်​သော​စ​ကား​မှ​တစ်​ပါး အ​ခြား​သော​စ​ကား​ကို ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် သင်​သည် ငါ့​အား​မ​ဟော​မည်​အ​ကြောင်း၊ ငါ​သည် ဘယ်​နှစ်​ကြိမ်​တိုင်​အောင် သင့်​အား​အ​ကျိန်​ပေး​ရ​မည်​နည်း​ဟု မေး​သော်၊

ငါ​သည် နောက်​တစ်​ဖန် ရုပ်​တု​ဆင်း​တု​တို့​နှင့် အ​ဘယ်​သို့ ဆိုင်​ရ​သ​နည်း​ဟု ဧ​ဖ​ရိမ်​သည် ပြော​လိမ့်​မည်။ သူ၏​စ​ကား​ကို​လည်း ငါ​နား​ထောင်၍ သူ့​ကို ကြည့်​ရှု​မည်။ စိမ်း​သော​ထင်း​ရှူး​ပင်​ကဲ့​သို့ ဖြစ်၍၊ သင်​သည် ငါ့​ကျေး​ဇူး​ကြောင့် အ​သီး​နှင့် ပြည့်​စုံ​လိမ့်​မည်။

ရှိ​မုန်​ပေ​တ​ရု​က၊ ကိုယ်​တော်​သည် ခ​ရစ်​တော်​တည်း​ဟူ​သော အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ​သည်​ဟု လျှောက်​လေ၏။-

ယေ​ရှု​သည် တိတ်​ဆိတ်​စွာ​နေ​တော်​မူ၏။ ယဇ်​ပု​ရော​ဟိတ်​မင်း​က​လည်း သင်​သည် ခ​ရစ်​တော်​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏​သား​တော် မှန်​သည် မ​မှန်​သည်​ကို ငါ​တို့​အား ပြော​စေ​ခြင်း​ငှာ၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ငါ​တိုင်​တည်၍ သင့်​ကို ကျိန်​ဆို​စေ၏​ဟု ဆို​လျှင်၊-

ထို​အ​ခါ စုံ​စမ်း​သွေး​ဆောင်​သော​သူ​သည် ချဉ်း​ကပ်၍၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏​သား​တော်​မှန်​လျှင်၊ ဤ​ကျောက်​ခဲ​တို့​ကို မုန့် ဖြစ်​စေ​ခြင်း​ငှာ အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု လျှောက်​လေ၏။-

ဘု​ရား​သ​ခင်၏ သား​တော်​ယေ​ရှု၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ အ​ချိန်​မ​ရောက်​မီ အ​ကျွန်ုပ်​တို့​ကို ညှဉ်း​ဆဲ​ခြင်း​ငှာ ကြွ​လာ​တော်​မူ​သ​လော​ဟု အော်​ဟစ်၍​လျှောက်​ကြ၏။-

ဪ နာ​ဇ​ရက်​မြို့​သား​ယေ​ရှု၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ အ​ကျွန်ုပ်​တို့​ကို ဖျက်​ဆီး​ခြင်း​ငှာ လာ​သ​လော။ ကိုယ်​တော်​သည် အ​ဘယ်​သူ​ဖြစ်​သည်​ကို အ​ကျွန်ုပ်​သိ​ပါ၏။ ဘု​ရား​သ​ခင်၏ သန့်​ရှင်း​တော်​မူ​သော​သူ ဖြစ်​ပါ​သည်​ဟု ဟစ်​ကြော်​လေ၏။-

ကိုယ်​တော်​သည် တစ်​ခွန်း​မျှ​ပြန်​ပြော​တော်​မ​မူ​ဘဲ တိတ်​ဆိတ်​စွာ​နေ၏။ တစ်​ဖန် ယဇ်​ပု​ရော​ဟိတ်​မင်း​က၊ သင်​သည် ခ​ရစ်​တော်​တည်း​ဟူ​သော မင်္ဂ​လာ​ရှိ​သော ဘု​ရား​သ​ခင်၏​သား​တော် မှန်​သ​လော​ဟု မေး​ပြန်​လျှင်၊-

ညစ်​ညူး​သော​နတ်​တို့​သည်​လည်း ကိုယ်​တော်​ကို မြင်​သော​အ​ခါ ပျပ်​ဝပ်၍၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏ သား​တော်​ဖြစ်​တော်​မူ​သည်​ဟု ဟစ်​ကြော်​ကြ၏။-

ယေ​ရှု​ကို အ​ဝေး​က​မြင်​လျှင်၊ အ​ထံ​တော်​သို့ ပြေး​လာ၍ ပျပ်​ဝပ်​လျက်၊-

လျှောက်​သည်​အ​ကြောင်း​ကား၊ ညစ်​ညူး​သော​နတ်၊ ထို​လူ​မှ​ထွက်​သွား​လော့​ဟု မိန့်​တော်​မူ​ခဲ့​ပြီ။-

ထို​သား​သည်​ကား၊ ကြီး​မြတ်​သော​သူ ဖြစ်​လိမ့်​မည်။ အ​မြင့်​ဆုံး​သော ဘု​ရား၏​သား​တော်​ဟု ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ သူ့​အ​ဘ​ဒါ​ဝိဒ်၏ ရာ​ဇ​ပ​လ္လင်​ကို ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် သူ့​အား​ပေး​တော်​မူ​မည်။-

ဪ နာ​ဇ​ရက်​မြို့​သား​ယေ​ရှု ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ အ​ကျွန်ုပ်​တို့​ကို ဖျက်​ဆီး​ခြင်း​ငှာ လာ​သ​လော။ ကိုယ်​တော်​သည် အ​ဘယ်​သူ​ဖြစ်​သည်​ကို အ​ကျွန်ုပ်​သိ​ပါ၏၊ ဘု​ရား​သ​ခင်၏ သန့်​ရှင်း​တော်​မူ​သော​သူ ဖြစ်​ပါ​သည်​ဟု ကြီး​သော​အ​သံ​နှင့် ဟစ်​ကြော်​လေ၏။-

သင်​တို့​မူ​ကား ရန်​သူ​တို့​ကို​ချစ်​ကြ​လော့။ ကျေး​ဇူး​ပြု​ကြ​လော့။ တစ်​စုံ​တစ်​ခု​ကို​ရ​မည်​ဟု မျှော်​လင့်​ခြင်း​မ​ရှိ​ဘဲ ချေး​ငှား​ကြ​လော့။ ထို​သို့​ပြု​လျှင် သင်​တို့​အ​ကျိုး​ကြီး​လိမ့်​မည်။ အ​မြင့်​ဆုံ​သော​ဘု​ရား၏​သား ဖြစ်​ကြ​လိမ့်​မည်။-

ကိုယ်​တော်​ကို​မြင်​လျှင် ပျပ်​ဝပ်၍၊ အ​မြင့်​ဆုံး​သော​ဘု​ရား​သ​ခင်၏ သား​တော်​ယေ​ရှု၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​နှင့် အ​ဘယ်​သို့ ဆိုင်​သ​နည်း။ အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​တော်​မ​မူ​မည်​အ​ကြောင်း အ​ကျွန်ုပ်​တောင်း​ပန်​ပါ​သည်​ဟု ကြီး​သော​အ​သံ​နှင့် အော်​ဟစ်၍ လျှောက်​လေ၏။-

ယေ​ရှု​သည် ခ​ရစ်​တော်​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ​သည်​ကို သင်​တို့​သည် ယုံ​မည်​အ​ကြောင်း၊ ထို​သို့​ယုံ၍ နာ​မ​တော်​အား​ဖြင့် အ​သက်​ကို​ရ​မည်​အ​ကြောင်း၊ ဤ​မျှ​လောက် ရေး​ထား​လျက် ရှိ​သ​တည်း။

ထို​မိန်း​မ​ငယ်​သည် ပေါ​လု​နှင့် ငါ​တို့​နောက်​သို့​လိုက်၍၊ ဤ​သူ​တို့​ကား အ​ကျွတ်​တ​ရား​လမ်း​ကို ငါ​တို့​အား ဟော​ပြော​ပြ​သ​သော အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင်၏​ကျွန်​ဖြစ်​ကြ၏​ဟု ဟစ်​ကြော်​လေ၏။-

ထို​အ​ခါ အ​ရပ်​ရပ်​သို့​လှည့်​လည်၍ ဓိ​ဋ္ဌာန်​သ​စ္စာ​ပေး​တတ်​သော ယု​ဒ​လူ​အ​ချို့​တို့​က၊ ပေါ​လု​ဟော​ပြော​သော ယေ​ရှု​ကို ငါ​တိုင်​တည်၍ သင်​တို့​ကို ဓိ​ဋ္ဌာန်​သ​စ္စာ​ပေး၏​ဟု ဆို​လျက်၊ နတ်​ဆိုး​စွဲ​သော သူ​တို့၏​အ​ပေါ်၌ သ​ခင်​ယေ​ရှု၏​နာ​မ​တော်​ကို မြွက်​စမ်း​ကြ၏။-

ထို​သို့​လမ်း၌​သွား​ကြ​စဉ် ရေ​ရှိ​ရာ​သို့​ရောက်၍၊ အ​မတ်​က​လည်း ဤ​အ​ရပ်​တွင်​ရေ​ရှိ​ပါ၏။ အ​ကျွန်ုပ်​ကို ဗ​တ္တိ​ဇံ​မ​ခံ​စေ​ခြင်း​ငှာ မည်​သည့်​အ​ကြောင်း ဆီး​တား​ပါ​သ​နည်း​ဟု ပြော​ဆို​လျှင်၊-

ငြိမ်​သက်​ခြင်း​အ​ရှင် ဘု​ရား​သ​ခင်​သည် မ​ကြာ​မ​မြင့်​မီ စာ​တန်​ကို သင်​တို့​ခြေ​အောက်၌ နှိပ်​စက်​တော်​မူ​မည်။ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ကျေး​ဇူး​တော်​သည် သင်​တို့၌ ရှိ​ပါ​စေ​သော။-

ထို​သူ​ငယ်​တို့​သည် အ​သွေး​အ​သား​နှင့် ဆက်​ဆံ​ကြ​သော​ကြောင့်၊ ခ​ရစ်​တော်​သည် အ​သေ​ခံ​တော်​မူ​သော​အား​ဖြင့်၊ သေ​ခြင်း​တ​ရား​ကို အ​စိုး​ရ​သော​သူ​တည်း​ဟူ​သော မာရ်​နတ်၏​တန်​ခိုး​ကို ချိုး​ဖဲ့​ဖျက်​ဆီး​ခြင်း​ငှာ​လည်း​ကောင်း၊ သေ​ဘေး​ကို​ကြောက်၍ တစ်​သက်​လုံး ကျွန်​ခံ​ရ​သော သူ​တို့​ကို ကယ်​လွှတ်​ခြင်း​ငှာ​လည်း​ကောင်း၊ ထို​သူ​ငယ်​တို့၏ နည်း​တူ အ​သွေး​အ​သား​ကို ဆောင်​ယူ​တော်​မူ၏။-

မင်း​ကြီး​များ​ကို လုပ်​ကြံ​ရာ​မှ ပြန်​လာ​သော အာ​ဗြ​ဟံ​ကို ခ​ရီး​ဦး​ကြို​ပြု၍ ကောင်း​ချီး​ပေး​ပြီး​လျှင်၊-

ဘု​ရား​သ​ခင်​တစ်​ဆူ​တည်း​ရှိ​သည်​ဟု သင်​သည်​ယုံ၏။ ကောင်း​ပေ၏။ နတ်​ဆိုး​တို့​သည် ယုံ၍ ကြောက်​ရွံ့​တုန်​လှုပ်​ကြ၏။

အ​ကြောင်း​မူ​ကား၊ ပြစ်​မှား​သော ကောင်း​ကင်​တ​မန်​တို့​ကို ဘု​ရား​သ​ခင်​သည် နှ​မြော​တော်​မ​မူ၊ င​ရဲ​ထဲ​သို့ ချ​လိုက်​ပြီး​မှ စစ်​ကြော​စီ​ရင်​ခြင်း​အ​လို့​ငှာ ချုပ်​ထား၍၊ မှောင်​မိုက်​သံ​ကြိုး​နှင့် ချည်​နှောင်​တော်​မူ၏။-

မာရ်​နတ်​သည် ရှေ့​ဦး​စွာ​မှ​စ၍ ဒု​စ​ရိုက်​ကို​ပြု​သော​သူ ဖြစ်​သော​ကြောင့်၊ အ​ကြင်​သူ​သည် ဒု​စ​ရိုက်​ကို ပြု၏။ ထို​သူ​သည် မာရ်​နတ်​နှင့် ဆိုင်၏။ မာရ်​နတ်​အ​မှု​တို့​ကို ပယ်​ဖျက်​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်၏ သား​တော်​သည် ထင်​ရှား​ပေါ်​ထွန်း​တော်​မူ၏။-

ထို​မှ​တစ်​ပါး၊ မိ​မိ​တို့​အ​ခွင့်​အ​ရာ​ကို မ​စောင့်၊ မိ​မိ​တို့ နေ​ရာ​အ​ရပ်​ကို စွန့်​ပစ်​သော ကောင်း​ကင်​တ​မန်​တို့​ကို၊ ကြီး​စွာ​သော​နေ့၌ စစ်​ကြော​စီ​ရင်​ခြင်း​အ​လို​ငှာ၊ ထာ​ဝ​ရ​ချည်​နှောင်​ခြင်း​အား​ဖြင့် မှောင်​မိုက်​ထဲ​မှာ ချုပ်​ထား​တော်​မူ၏။-

ထို​ကြောင့် ကောင်း​ကင်​နှင့် ကောင်း​ကင်​သား​တို့ ရွှင်​လန်း​ကြ​လော့။ မြေ​ကြီး​နှင့် ပင်​လယ်​သည် အ​မင်္ဂ​လာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ မာရ်​နတ်​သည် မိ​မိ​ကာ​လ တစ်​ခ​ဏ​သာ​ရှိ​သည်​ကို သိ၍၊ ပြင်း​စွာ​သော ဒေါ​သ​အ​မျက်​နှင့်​တ​ကွ သင်​တို့​ရှိ​ရာ​သို့ ဆင်း​လေ​ပြီ​ဟု ဆို​ကြ​သည်​ကို ငါ​ကြား၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ