ထိုသူသည် သွား၍၊ ယေရှုသည် အဘယ်မျှလောက် ကျေးဇူးပြုတော်မူသည်ကို၊ ဒေကာပေါလိပြည်တွင် သတင်းကြားပြောသည်ဖြစ်၍၊ ခပ်သိမ်းသောသူတို့သည် အံ့ဩခြင်းရှိကြ၏။
ဘုရားသခင်ကို ကြောက်ရွံ့သောသူအပေါင်းတို့၊ လာ၍ နားထောင်ကြလော့။ ငါ့ဝိညာဉ်အဖို့ အဘယ်သို့ ကျေးဇူးပြုတော်မူသည်ကို ငါကြားပြောမည်။
ဂါလိလဲပြည်၊ ဒေကပေါလိပြည်၊ ယေရှုရှလင်မြို့မှစသော ယုဒပြည်၊ ယော်ဒန်မြစ်တစ်ဖက်မှ လာသော လူများအပေါင်းတို့သည် နောက်တော်သို့လိုက်ကြ၏။
ထိုစကားကို ယေရှုသည်ကြားလျှင် အံ့ဩခြင်းရှိ၍၊ ငါအမှန်ဆိုသည်ကား၊ ဤမျှလောက်သော ယုံကြည်ခြင်းကို ဣသရေလအမျိုး၌ပင် ငါမတွေ့ဖူးသေး။-
တစ်ဖန် ကိုယ်တော်သည် တုရုမြို့နှင့် ဇိဒုန်မြို့၏ ကျေးလက်မှထွက်၍ ဒေကာပေါလိပြည်နယ်ကို လျှောက်သွားသဖြင့်၊ ဂါလိလဲအိုင်သို့ ရောက်တော်မူ၏။-