Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်မာကု 5:17

Judson Bible

မိ​မိ​တို့​ပြည်​က ထွက်​သွား​တော်​မူ​မည်​အ​ကြောင်း တောင်း​ပန်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

အ​ဘိ​မ​လက်​မင်း​က​လည်း၊ သင်​သည် ငါ​တို့​ထက်​တန်​ခိုး​ကြီး၏။ ငါ​တို့​ထံ​မှ​ထွက်​သွား​လော့​ဟု၊ ဣ​ဇာက်​ကို​အ​မိန့်​ရှိ​သော​ကြောင့်၊

မိန်း​မ​က​လည်း၊ အို ဘု​ရား​သ​ခင်၏​လူ၊ ကိုယ်​တော်​သည် ကျွန်​မ​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ ကျွန်​မ​အ​ပြစ်​တို့​ကို အောက်​မေ့​စေ၍၊ ကျွန်​မ​သား​ကို သတ်​အံ့​သော​ငှာ ကျွန်​မ​ဆီ​သို့ ကြွ​လာ​တော်​မူ​သ​လော​ဟု ဧ​လိ​ယ​အား​ဆို​သော်၊

တစ်​မြို့​လုံး​လည်း ယေ​ရှု​ကို​တွေ့​အံ့​သော​ငှာ ထွက်​လာ​ကြ၏။ ကိုယ်​တော်​ကို​တွေ့​မြင်​လျှင် မိ​မိ​တို့​ပြည်​က ထွက်​သွား​တော်​မူ​မည်​အ​ကြောင်း တောင်း​ပန်​ကြ၏။-

ဪ နာ​ဇ​ရက်​မြို့​သား​ယေ​ရှု၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ အ​ကျွန်ုပ်​တို့​ကို ဖျက်​ဆီး​ခြင်း​ငှာ လာ​သ​လော။ ကိုယ်​တော်​သည် အ​ဘယ်​သူ​ဖြစ်​သည်​ကို အ​ကျွန်ုပ်​သိ​ပါ၏။ ဘု​ရား​သ​ခင်၏ သန့်​ရှင်း​တော်​မူ​သော​သူ ဖြစ်​ပါ​သည်​ဟု ဟစ်​ကြော်​လေ၏။-

အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင်၏ သား​တော်​ယေ​ရှု၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​နှင့်​အ​ဘယ်​သို့ ဆိုင်​သ​နည်း။ အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​တော်​မ​မူ​မည်​အ​ကြောင်း ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု၍ အ​ကျွန်ုပ် တောင်း​ပန်​ပါ​သည်​ဟု ကြီး​သော​အ​သံ​နှင့် အော်​ဟစ်၍ လျှောက်​လေ၏။-

ရှိ​မုန်​ပေ​တ​ရု​သည် မြင်​လျှင်၊ ယေ​ရှု၏ ပု​ဆစ်​တော်​ကို ဦး​တိုက်၍၊ သ​ခင်၊ အ​ကျွန်ုပ်​သည် အ​ပြစ်​များ​သော​သူ ဖြစ်​ပါ၏။ အ​ကျွန်ုပ်​ဆီ​မှ ကြွ​သွား​တော်​မူ​ပါ​ဟု လျှောက်​လေ၏။-

ဂါ​ဒ​ရ​ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​သည် အ​လွန်​ကြောက်​လန့်​သော​စိတ်​စွဲ၍၊ မိ​မိ​တို့​ပြည်​က ထွက်​သွား​တော်​မူ​မည်​အ​ကြောင်း တောင်း​ပန်​ကြ​လျှင်၊ ကိုယ်​တော်​သည် လှေ​ထဲ​သို့ ဝင်၍​ပြန်​တော်​မူ၏။

ကိုယ်​တိုင်​လာ​ပြီး​လျှင် ချော့​မော့​သော​စ​ကား​နှင့် သူ​တို့​ကို နုတ်​ယူ၍၊ ထို​မြို့​မှ ထွက်​သွား​ပါ​မည်​အ​ကြောင်း တောင်း​ပန်​ကြ၏။-

အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​ကြောင့် ယ​ခု​သေ​ရ​ပါ​မည်​နည်း။ ဤ​ကြီး​စွာ​သော​မီး​ဖြင့် အ​ကျွန်ုပ်​တို့​သည် ဆုံး​ရှုံး​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​အ​သံ​တော်​ကို တစ်​ဖန်​ကြား​ရ​လျှင် သေ​ရ​ပါ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ