Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်မာကု 4:32

Judson Bible

မြက်​ပင်​တ​ကာ​တို့​ထက် ကြီး​ပွား​သ​ဖြင့်၊ မိုး​ကောင်း​ကင်​ငှက်​တို့​သည် အ​ရိပ်​ခို၍ နား​နေ​လောက်​သော အ​ကိုင်း​အ​ခက်​ကြီး​တို့​ကို ဖြစ်​စေ​တတ်​သည်​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ထို​ရေ​အ​နား​မှာ မိုး​ကောင်း​ကင်​ငှက်​တို့​သည် နေ​ရာ​ကျ၍၊ သစ်​ပင်​အ​ခက်​အ​လက်​တို့​တွင် ကြွေး​ကြော်​ကြ၏။

အ​မြင့်​ဆုံး​သော​ဘု​ရား၏ ကွယ်​ကာ​ရာ​ဌာ​န​တော်၌ နေ​သော​သူ​သည် အ​န​န္တ​တန်​ခိုး​ရှင်၏ အ​ရိပ်​ကို​ခို​ရ​လိမ့်​မည်။

ဖြောင့်​မတ်​သော​သူ​တို့၏​လမ်း​သည် တက်​သော​အ​ရုဏ်​ကဲ့​သို့​ဖြစ်၍၊ နေ​ထွက်​သည်​တိုင်​အောင် တိုး​ပွား​ထွန်း​လင်း​တတ်၏။

တော​ပင်​စု​ထဲ​မှာ ရှောက်​ချို​ပင်​ကဲ့​သို့ ငါ​ချစ်​ရာ​သ​ခင်​သည် လူ​မျိုး​သား​စု​ထဲ​မှာ ဖြစ်​တော်​မူ၏။ ငါ​သည် သူ၏​အ​ရိပ်​ဝယ် ပျော်​မွေ့​နေ​ထိုင်၍၊ မြိန်​စွာ​သော​အ​သီး​ကို စား​ရ၏။

ငါ၏​သန့်​ရှင်း​သော တောင်​တစ်​ပြင်​လုံး၌ အ​ချင်း​ချင်း​ညှဉ်း​ဆဲ​ခြင်း၊ ဖျက်​ဆီး​ခြင်း​ကို မ​ပြု​ရ​ကြ။ အ​ကြောင်း​မူ​ကား၊ ပင်​လယ်​ရေ​သည် မိ​မိ​နေ​ရာ​ကို လွှမ်း​မိုး​သ​ကဲ့​သို့၊ မြေ​ကြီး​သည် ထာ​ဝ​ရ​ဘု​ရား​ကို သိ​ကျွမ်း​ခြင်း​ပ​ညာ​နှင့် ပြည့်​စုံ​လိမ့်​မည်။

ထို​မင်း​တို့​သည် လေ​လုံ၍ မိုး​သက်​မုန်​တိုင်း ကွယ်​ရာ​အ​ရပ်​ကဲ့​သို့​လည်း​ကောင်း၊ သွေ့​ခြောက်​သော​မြေ၌ စီး​သော ချောင်း​ကဲ့​သို့​လည်း​ကောင်း၊ နေ​ပူ​သော​အ​ရပ်၌ ကျောက်​လုံး​ကြီး အ​ရိပ်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​လိမ့်​မည်။

ငါ​တို့ ထွက်​သက်​ဝင်​သက်​တည်း​ဟူ​သော၊ ထာ​ဝ​ရ​ဘု​ရား​သည်​ပေး​တော်​မူ၍ ဘိ​သိက်​ခံ​သော​အ​ရှင်​ကို သူ​တို့​သည် မြေ​တွင်း၌ ဖမ်း​မိ​ကြ​ပြီ။ ထို​အ​ရှင်၏ ဘုန်း​တော်​ကို​ခို​လှုံ၍၊ ငါ​တို့​သည် သာ​သ​နာ​ပ​လူ​တို့​တွင် အ​သက်​ချမ်း​သာ​ရ​လိမ့်​မည်​ဟု အ​ထက်​က​ဆို​တတ်​ကြ၏။

အ​မြင့်​ဆုံး​သော ဣ​သ​ရေ​လ​တောင်​ပေါ်​မှာ ငါ​စိုက်​ပျိုး​ပြီး​မှ၊ အ​ခက်​အ​လက်​နှင့်​ပြည့်​စုံ၍ အ​သီး​ကို​သီး​သ​ဖြင့်၊ ကောင်း​မွန်​သော စ​ပျစ်​နွယ်​ပင် ဖြစ်​လိမ့်​မည်။ ထို​အ​ပင်​အောက်၌​လည်း​ကောင်း၊ အ​ခက်​အ​လက်​အ​ရိပ်၌​လည်း​ကောင်း၊ ငှက်​မျိုး​အ​ပေါင်း​တို့​သည် နေ​ရာ​ကျ​ကြ​လိမ့်​မည်။

မုန်​ညင်း​စေ့​သည် အ​စေ့​တ​ကာ​တို့​ထက် ငယ်​သော်​လည်း၊ ကြီး​ပွား​သော​အ​ခါ မြက်​ပင်​တ​ကာ​တို့​ထက် ကြီး​သ​ဖြင့် မိုး​ကောင်း​ကင်​ငှက်​တို့​သည် လာ၍ အ​ကိုင်း​အ​ခက်​တို့၌ နား​နေ မှီ​ခို​လောက်​သော​အ​ပင် ဖြစ်​တတ်​သည်​ဟု မိန့်​တော်​မူ၏။

မုန်​ညင်း​စေ့​နှင့် တူ၏။ မုန်​ညင်း​စေ့​သည် မြေ၌​စိုက်​သော​အ​ခါ မြေ၌​ရှိ​သော အ​စေ့​တ​ကာ​တို့​ထက် ငယ်​သော်​လည်း၊ စိုက်​ပြီး​မှ အ​ပင်​ပေါက်၍၊-

ထို​သို့​သော ဥ​ပ​မာ​စ​ကား​များ​အား​ဖြင့် ကိုယ်​တော်​သည် ပ​ရိ​သတ်​များ နား​ထောင်​နိုင်​သည်​အ​တိုင်း တ​ရား​ဟော​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ