Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်မာကု 4:26

Judson Bible

ထို​မှ​တစ်​ပါး လူ​သည် လယ်၌ မျိုး​စေ့​ကြဲ​ပြီး​မှ နောက်​တစ်​ဖန် မိ​မိ​မ​ကြည့်​မ​မှတ်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

မ​တ​ရား​သော​သူ​ပြု​သော​အ​မှု​သည် အ​မြဲ​မ​တည်​တတ်။ ဖြောင့်​မတ်​ခြင်း​တ​ရား​မျိုး​စေ့​ကို ကြဲ​သော​သူ​မူ​ကား၊ မြဲ​မြံ​သော အ​ကျိုး​ကို ခံ​ရ​လိမ့်​မည်။

လေ​ကို မှတ်​တတ်​သော​သူ​သည် မျိုး​စေ့​ကို​မ​ကြဲ။ မိုး​တိမ်​တို့​ကို ပ​မာ​ဏ​ပြု​တတ်​သော သူ​သည်​လည်း စ​ပါး​ကို​မ​ရိပ်​ရာ။

နံ​နက်​အ​ချိန်၌ မျိုး​စေ့​ကို​ကြဲ​လော့။ ညဉ့်​ဦး​အ​ချိန်၌​လည်း မ​ကြဲ​ဘဲ​မ​နေ​နှင့်။ အ​ကြောင်း​မူ​ကား၊ အ​ဘယ်​အ​ရာ​သည် အ​ကျိုး​ရှိ​မည်​ကို​လည်း​ကောင်း၊ နှစ်​ပါး​စ​လုံး​တို့​သည် အ​ညီ​အ​မျှ​အ​ကျိုး​ရှိ​မည်​ကို​လည်း​ကောင်း မ​သိ​နိုင်။

ရေ​ရှိ​ရာ​အ​ရပ်​ရပ်​တို့၌ မျိုး​စေ့​ကို​ကြဲ၍၊ နွား​ခြေ​နှင့် မြည်း​ခြေ​တို့​ကို လွှတ်​တတ်​သော သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။

ကိုယ်​တော်​က၊ သင်​တို့​သည် ကောင်း​ကင်​နိုင်​ငံ​တော်၏ နက်​နဲ​သော အ​ရာ​တို့​ကို သိ​ရ​သော​အ​ခွင့် ရှိ​ကြ၏။ ထို​သူ​တို့​မူ​ကား အ​ခွင့်​မ​ရှိ​ကြ၊-

အ​ခြား​သော ဥ​ပ​မာ​စ​ကား​ကို မိန့်​မြွက်​တော်​မူ​သည်​ကား၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် ကောင်း​သော​မျိုး​စေ့​ကို လယ်၌​ကြဲ​သော​သူ​နှင့် တူ၏။-

ထို​အ​ခါ ဥ​ပ​မာ​စ​ကား​များ​တို့​ကို မြွက်​ဆို​တော်​မူ​သည်​မှာ၊ မျိုး​စေ့​ကြဲ​သော​သူ​သည် မျိုး​စေ့​ကို​ကြဲ​ခြင်း​ငှာ ထွက်​သွား၏။-

အ​ခြား​သော​ဥ​ပ​မာ​စ​ကား​ကို မိန့်​မြွက်​တော်​မူ​သည်​ကား၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် လယ်၌​စိုက်​သော မုန်​ညင်း​စေ့​နှင့်​တူ၏။-

အ​ခြား​သော​ဥ​ပ​မာ​စ​ကား​ကို မိန့်​မြွက်​တော်​မူ​သည်​ကား၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် တ​ဆေး​နှင့်​တူ၏။ မိန်း​မ​သည် တ​ဆေး​ကို​ယူ၍ မုန့်​ညက်​သုံး​တင်း၌​ထည့်​သ​ဖြင့်၊ မုန့်​ညက်​ရှိ​သ​မျှ​ကို ဖောင်း​ကြွ​စေ​တတ်​သည်​ဟု မိန့်​တော်​မူ၏။

ထို​ကြောင့် နောင်​တ​ရ​ကြ​လော့​ဟု ယု​ဒ​တော၌ ဟော​လေ၏။

ထို​အ​ခါ​မှ​စ၍ ယေ​ရှု​က၊ နောင်​တ​ရ​ကြ​လော့။ ကောင်း​ကင်​နိုင်​ငံ​တော်​သည် တည်​လု​နီး​ပြီ ဟူ​သော တ​ရား​ကို ဟော​စ​ပြု​တော်​မူ၏။-

အ​ကြင်​သူ​သည် ရ​တတ်၏၊ ထို​သူ​အား ပေး​ဦး​မည်။ အ​ကြင်​သူ​သည် ဆင်း​ရဲ၏၊ ထို​သူ၌ ရှိ​သ​မျှ​ကို​ပင်​နုတ်​လိမ့်​မည်။

ည၊ နေ့၊ အိပ်​လျက်၊ နိုး​လျက်​နေ​သော်​လည်း အ​ပင်​ပေါက်၍ ကြီး​ပွား​သည်​နှင့် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော် တူ၏။-

တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သည် အ​ဘယ်​အ​ရာ​နှင့် တူ​သ​နည်း။ အ​ဘယ်​သို့ ပုံ​ပြ​ရ​အံ့​နည်း။-

ထို​ဥ​ပ​မာ အ​နက်​အ​ဓိ​ပ္ပာယ်​ကား မျိုး​စေ့​သည် ဘု​ရား​သ​ခင်၏​တ​ရား​စ​ကား ဖြစ်၏။-

မျိုး​စေ့​ကြဲ​သော​သူ​သည် မျိုး​စေ့​ကို​ကြဲ​ခြင်း​ငှာ ထွက်​သွား၏။ အ​စေ့​ကို ကြဲ​သည်​တွင် အ​ချို့​သော​အ​စေ့​တို့​သည် လမ်း၌​ကျ​သ​ဖြင့် ကျော်​နင်း​ခြင်း​ကို ခံ​ရ၍ မိုး​ကောင်း​ကင်​ငှက်​တို့​သည် ကောက်​စား​ကြ၏။-

ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ မြေ၌​ကျ​သော​စ​ပါး​စေ့​သည် မ​ပျက်​လျှင် တစ်​ခု​တည်း​နေ၏။ ပျက်​လျှင်​မူ​ကား များ​စွာ​သော​အ​သီး​ကို သီး​တတ်၏။-

အ​သင့်​အ​တင့်​နေ​ခြင်း​ငှာ​ပြု​စု​တတ်​သော သူ​တို့​သည် ဖြောင့်​မတ်​ခြင်း​တ​ရား၏ မျိုး​စေ့​ကို ငြိမ်​သက်​စွာ ကြဲ​တတ်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ