Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်မာကု 4:15

Judson Bible

တ​ရား​စ​ကား​ကို လမ်း၌​ကြဲ​ခြင်း​အ​ကြောင်း​အ​ရာ​ကား၊ တ​ရား​စ​ကား​ကို ကြား​သည်​ရှိ​သော်၊ စာ​တန်​သည် ချက်​ချင်း​လာ၍ နှ​လုံး၌​ကြဲ​သော တ​ရား​စ​ကား​ကို နုတ်​ယူ​တတ်​သည်​ဟု ဆို​လို​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

28 ပူးပေါင်းရင်းမြစ်များ  

လော​တ​ထွက်​၍၊ သ​မီး​နှင့်​စုံ​ဖက်​သော​သူ၊ မိ​မိ​သ​မက်​တို့​အား ထ​ကြ၊ ဤ​အ​ရပ်​မှ​ထွက်​သွား​ကြ၊ ဤ​မြို့​ကို ထာ​ဝ​ရ​ဘု​ရား​ဖျက်​ဆီး​တော်​မူ​မည်​ဟု​ဆို​သော်​လည်း၊ ကျီ​စား​ဟန်​ရှိ​သည်​ဟု သ​မက်​တို့​ထင်​ကြ၏။

ငါ​တို့​ဟော​ပြော​သော သ​တင်း​စ​ကား​ကို အ​ဘယ်​သူ ယုံ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား၏ လက်​တော်​သည် အ​ဘယ်​သူ​အား ထင်​ရှား​တော်​မူ​သ​နည်း။

ယဇ်​ပု​ရော​ဟိတ်​မင်း ယော​ရှု​သည် ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​ရှေ့၌ ရပ်​နေ​သည်​ကို​လည်း​ကောင်း၊ စာ​တန် သည် ရန်​ဘက်​ပြု၍ သူ၏​လက်​ယာ​ဘက်၌ ရပ်​နေ​သည်​ကို​လည်း​ကောင်း ငါ့​အား​ပြ​တော်​မူ၏။

လမ်း၌ အ​စေ့​ကို​ကြဲ​ခြင်း အ​ကြောင်း​အ​ရာ​ကား၊ နိုင်​ငံ​တော်၏ တ​ရား​စ​ကား​ကို​ကြား၍ နှ​လုံး​မ​သွင်း​သည် ရှိ​သော်၊ နတ်​ဆိုး​လာ၍ နှ​လုံး၌​ကြဲ​သော​အ​စေ့​ကို နုတ်​ယူ​တတ်​သည်​ဟု ဆို​လို​သ​တည်း။-

သို့​သော်​လည်း ထို​သူ​တို့​သည် နား​မ​ထောင်​ဘဲ အ​ချို့​တို့​သည် မိ​မိ​လယ်​သို့ သွား​ကြ၏။ အ​ချို့​တို့​သည် ကုန်​သွယ်​ရာ​သို့ သွား​ကြ၏။-

ယေ​ရှု​က​လည်း အ​ချင်း​စာ​တန်၊ ငါ့​နောက်​သို့ ဆုတ်​လော့။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ရ​မည်။ ထို​ဘု​ရား​သ​ခင်​ကို​သာ ဝတ်​ပြု​ရ​မည် ကျမ်း​စာ​လာ​သည်​ဟု မိန့်​တော်​မူ၏။-

မျိုး​စေ့​ကြဲ​သော​သူ​သည် တ​ရား​စ​ကား​ကို ကြဲ၏။-

ကျောက်​ပေါ​သော​အ​ရပ်၌ ကြဲ​ခြင်း​အ​ကြောင်း​အ​ရာ​ကား၊ တ​ရား​စ​ကား​ကို​ကြား၍ ဝမ်း​မြောက်​သော​စိတ်​နှင့် ချက်​ချင်း ခံ​ယူ​သော်​လည်း၊-

အ​စေ့​ကို ကြဲ​သည်​တွင် အ​ချို့​သော​အ​စေ့​တို့​သည် လမ်း၌​ကျ​သ​ဖြင့်၊ မိုး​ကောင်း​ကင်​ငှက်​တို့​သည် လာ၍ ကောက်​စား​ကြ၏။-

လမ်း၌​ရှိ​သော​သူ​ကား၊ တ​ရား​စ​ကား​ကို ကြား​သည်​ရှိ​သော်၊ ယုံ​ကြည်​ခြင်း၊ ကယ်​တင်​ခြင်း​သို့ မ​ရောက်​စေ​ခြင်း​ငှာ၊ မာရ်​နတ်​သည် လာ၍ တ​ရား​စ​ကား​ကို နှ​လုံး​ထဲ​မှ နုတ်​ယူ​သော​သူ​ကို ဆို​လို​သ​တည်း။-

သေ​သော​သူ​တို့၏ ထ​မြောက်​ခြင်း​အ​ကြောင်း​ကို ကြား​ရ​လျှင်၊ အ​ချို့​တို့​သည် ကဲ့​ရဲ့​ကြ၏။ အ​ချို့​တို့​က၊ ဤ​အ​မှု​မှာ သင်၏​စ​ကား​ကို ငါ​တို့​သည် နောက်​တစ်​ဖန် နား​ထောင်​ဦး​မည်​ဟု ဆို​ကြ၏။-

ပေ​တ​ရု​က​လည်း၊ အာ​န​နိ၊ သင်​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို လှည့်​စား၍၊ မြေ​ကို​ရောင်း​သော အ​ဖိုး၏​တစ်​ဖို့​ကို ထိမ်​ဝှက်​မည်​အ​ကြောင်း၊ စာ​တန်​သည် သင်၏​စိတ်​နှ​လုံး​ကို အ​ဘယ်​ကြောင့် ပြည့်​စေ​ရ​သ​နည်း။-

သို့​မ​ဟုတ်​လျှင်၊ စာ​တန်​သည် ငါ​တို့​ကို​နိုင်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။ သူ၏​အ​ကြံ​အ​စည်​များ​ကို ငါ​တို့​သိ​ကြ၏။

ထို​အ​ဓ​မ္မ​လူ၏ လာ​ခြင်း​အ​ကြောင်း​ဟူ​မူ​ကား၊ စာ​တန်​ပြု​ပြင်​သော​အား​ဖြင့် မု​သား​နှင့် စပ်​ဆိုင်​သော ထူး​ဆန်း​သော​တန်​ခိုး၊ နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု အ​မျိုး​မျိုး​နှင့်​လည်း​ကောင်း၊-

မ​တ​ရား​သော မေ​ထုန်၌​မှီ​ဝဲ​သော​သူ မ​ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ တစ်​နပ်​စာ​အ​ဖိုး​နှင့် သား​ဦး​အ​ရာ​ကို ရောင်း​သော ဧ​သော​ကဲ့​သို့ ဘု​ရား​တ​ရား​ကို မ​ရို မ​သေ​ပြု​သော​သူ မ​ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သ​တိ​နှင့် ကြည့်​ရှု​ကြ​လော့။-

ထို​ကြောင့်၊ ငါ​တို့​သည် ကြား​ရ​သော ဒေ​သ​နာ​တော်​ကို မ​မေ့​မ​လျော့​မည်​အ​ကြောင်း၊ စိတ်​နှ​လုံး၌​သာ၍​မှတ်​မိ​စွဲ​လမ်း​ခြင်း ရှိ​ရ​ကြ​မည်။-

သ​မ္မာ​သ​တိ​ရှိ​လျက် မ​အိပ်​ဘဲ​စောင့်​နေ​ကြ​လော့။ သင်​တို့၏ ရန်​သူ​တည်း​ဟူ​သော မာရ်​နတ်​သည်၊ ဟောက်​သော​ခြင်္သေ့​ကဲ့​သို့ အ​ဘယ်​သူ​ကို မျို​ရ​မည်​နည်း​ဟူ၍ လှည့်​လည်​ရှာ​ဖွေ​လျက်​ရှိ၏။-

သူ​တို့​ကို​လှည့်​ဖြား​သော မာရ်​နတ်​ကို​လည်း၊ သား​ရဲ​နှင့် မိ​စ္ဆာ​ပ​ရော​ဖက်​ရှိ​ရာ၊ ကန့်​နှင့်​ရော​နှော​သော မီး​အိုင်​ထဲ​သို့ ချ​ပစ်​လျှင်၊ သူ​တို့​သည် နေ့​ည​မ​ပြတ် က​မ္ဘာ​အ​ဆက်​ဆက် ပြင်း​စွာ​သော ဝေ​ဒ​နာ​ကို ခံ​ရ​ကြ​လ​တ္တံ့။

ထို​အ​နှစ်​တစ်​ထောင်​ကုန်​ပြီး​မှ၊ စာ​တန်​သည် ထောင်​ထဲ​က လွှတ်​သော​အ​ခွင့်​ကို ရ၍၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ