Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်မာကု 3:5

Judson Bible

ထို​အ​ခါ အ​မျက်​တော်​နှင့် သူ​တို့​ကို ပတ်​လည်​ကြည့်​ရှု၍ သူ​တို့​စိတ်​နှ​လုံး မိုက်​သော​ကြောင့် ဝမ်း​နည်း​တော်​မူ​ခြင်း​ရှိ​လျက်၊ သင်၏​လက်​ကို​ဆန့်​လော့​ဟု ထို​သူ​အား မိန့်​တော်​မူ၍ သူ​သည် မိ​မိ​လက်​ကို​ဆန့်​လျှင်၊ ထို​လက်​သည် လက်​တစ်​ဖက်​ကဲ့​သို့ ပ​က​တိ​ဖြစ်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

29 ပူးပေါင်းရင်းမြစ်များ  

မြေ​ကြီး​ပေါ်​မှာ လူ​ကို​ဖန်​ဆင်း​တော်​မူ​သည်​ကို နောင်​တ​ရ၍၊ နှ​လုံး​တော်​ပူ​ပန်​လျက် ရှိ​တော်​မူ၏။

ရှင်​ဘု​ရင်​က​လည်း၊ ငါ့​လက်၌ ရောက်​သော​ရော​ဂါ​ကို ပျောက်​စေ​မည်​အ​ကြောင်း၊ ငါ့​အ​တွက်​ပ​တ္ထ​နာ​ပြု၍ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တောင်း​ပန်​ပါ​လော့​ဟု ဘု​ရား​သ​ခင်၏​လူ​ကို​ပြော​ဆို၏။ ဘု​ရား​သ​ခင်၏​လူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို တောင်း​ပန်​သ​ဖြင့်၊ ရှင်​ဘု​ရင်​လက်​သည် ရော​ဂါ​ပျောက်၍ ပ​က​တိ​အ​တိုင်း​ဖြစ်​လေ၏။

ထို​အ​ခါ ငါ​သည် အ​လွန်​နာ​ကြင်​သော​စိတ် ရှိ၍ တော​ဘိ​ဥ​စ္စာ ပ​ရိ​ကံ​ရှိ​သ​မျှ​ကို အ​ခန်း​ထဲ​က ထုတ်​ပစ်​ပြီး​မှ၊

ထို​လူ​မျိုး​ကို ငါ​ရွံ​သည်​ဖြစ်၍၊ သူ​တို့​သည် စိတ်​သ​ဘော မှား​ယွင်း​တတ်​သော​လူ​မျိုး​ဖြစ်​ကြ၏။ ငါ၏​အ​လေ့​အ​လာ​တို့​ကို နား​မ​လည်​ကြ​ဟု ငါ​ဆို​ရ၏။

ထို​သူ​အား၊ သင်၏​လက်​ကို ဆန့်​လော့​ဟု မိန့်​တော်​မူ၍၊ သူ​သည် မိ​မိ​လက်​ကို​ဆန့်​လျှင် ထို​လက်​သည် လက်​တစ်​ဖက်​ကဲ့​သို့ ပ​က​တိ​ဖြစ်​လေ၏။-

ဥ​ပုသ်​နေ့၌ ကျေး​ဇူး​ပြု​အပ်​သ​လော၊ သူ့​အ​ကျိုး​ကို ဖျက်​ဆီး​အပ်​သ​လော၊ အ​သက်​ကို ကယ်​အပ်​သ​လော၊ သတ်​အပ်​သ​လော​ဟု ပ​ရိ​သတ်​တို့​အား မေး​တော်​မူ​လျှင်၊ ထို​သူ​တို့​သည် တိတ်​ဆိတ်​စွာ​နေ​ကြ၏။-

သ​ခင်​ဘု​ရား​က​လည်း၊ လျှို့​ဝှက်​သော​သူ၊ သင်​တို့​ရှိ​သ​မျှ​သည် ဥ​ပုသ်​နေ့၌ မြင်း၊ နွား​ကို တင်း​ကုပ်​မှ လွှတ်၍ ရေ​တိုက်​ခြင်း​ငှာ ဆောင်​သွား​တတ်​သည် မ​ဟုတ်​လော။-

ယေ​ရှု​သည် မြင်​တော်​မူ​လျှင်၊ သင်​တို့​သည် ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​သွား၍ ကိုယ်​ကို​ပြ​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ သူ​တို့​သည် သွား​စဉ်​တွင် သန့်​ရှင်း​ခြင်း​သို့ ရောက်​ကြ၏။-

ထို​သူ​အ​ပေါင်း​တို့​ကို ပတ်​လည်​ကြည့်​ရှု​လျက်၊ သင်၏​လက်​ကို ဆန့်​လော့​ဟု ထို​သူ​အား​မိန့်​တော်​မူ၍ သူ​သည် မိ​မိ​လက်​ကို​ဆန့်​လျှင်၊ ထို​လက်​သည် လက်​တစ်​ဖက်​ကဲ့​သို့ ပ​က​တိ​ဖြစ်​လေ၏။-

သင်​သွား​လော့။ ရှိ​လောင်​ရေ​ကန်၌ မျက်​စိ​ကို​ဆေး​လော့​ဟု မိန့်​တော်​မူ၏။ ရှိ​လောင်​အ​နက်​ကား စေ​လွှတ်​သည်​ဟု ဆို​လို​သ​တည်း။ ထို​သူ​သည် သွား၍​ဆေး​ပြီး​မှ၊ မျက်​စိ​မြင်​လျက်​ပြန်​လေ၏။

ညီ​အစ်​ကို​တို့၊ သင်​တို့​သည် ဝါ​ကြွား​သော​စိတ် မ​ရှိ​စေ​မည်​အ​ကြောင်း၊ တစ်​ပါး​အ​မျိုး​သား​အ​ပေါင်း​တို့​သည် မ​ဝင်​မီ​တိုင်​အောင်၊ ဣ​သ​ရေ​လ​လူ​အ​ချို့​တို့​ကို မှောင်​မိုက်​ဖုံး​လွှမ်း​ခြင်း​အ​ကြောင်း​တည်း ဟူ​သော နက်​နဲ​သော​အ​ရာ​ကို မ​သိ​ဘဲ​နေ​စေ​ခြင်း​ငှာ ငါ​အ​လို​မ​ရှိ။-

သူ​တို့​စိတ်​နှ​လုံး​သည် မိုက်​မဲ​လျက်​ရှိ၍၊ ယ​ခု​တိုင်​အောင် ဓ​မ္မ​ဟောင်း​ကျမ်း​စာ​ကို ဖတ်​ကြ​သော​အ​ခါ အ​နက်​အ​ဓိ​ပ္ပာယ်​သည် ဖုံး​အုပ်​လျက်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်​အား​ဖြင့်​သာ ထို​ဖုံး​အုပ်​ခြင်း အ​ကြောင်း​ကို ပယ်​ရှင်း​ရ၏။

ထို​သူ​တို့​သည် ဉာဏ်​အ​လင်း​ကွယ်​သည်​ဖြစ်၍၊ စိတ်​နှ​လုံး မိုက်​မဲ​သော​အား​ဖြင့် အ​လျှင်း​မ​သိ သော​ကြောင့်၊ ဘု​ရား​သ​ခင်၏​အ​သက်​နှင့် ကွာ​ရှင်း​လျက်​ရှိ​ကြ၏။-

အ​မျက်​ထွက်​ရာ​တွင် အ​ပြစ်​မ​ရှိ​စေ​နှင့်။-

ရွေး​နုတ်​ခြင်း နေ့​ရက်​တိုင်​အောင် သင်​တို့​ကို တံ​ဆိပ်​ခတ်​တော်​မူ​သော ဘု​ရား​သ​ခင်၏ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ကို စိတ်​မ​နာ​စေ​ကြ​နှင့်။-

ထို​လူ​မျိုး​ကို ငါ​ရွံ​သည်​ဖြစ်၍၊ သူ​တို့​သည် အ​စဉ်​စိတ်​သ​ဘော မှား​ယွင်း​တတ်​ကြ၏။ ငါ၏ အ​လေ့​အ​လာ​တို့​ကို နား​မ​လည်​ကြ​ဟု ငါ​ဆို​ရ၏။-

အ​နှစ်​လေး​ဆယ်​ပတ်​လုံး နှစ်​သက်​တော်​မ​မူ​သော သူ​တို့​ကား၊ အ​ဘယ်​သူ​နည်း။ ဒု​စ​ရိုက်​အ​ပြစ်​ကို ပြု​သော​ကြောင့် တော၌​လဲ၍ သေ​သော​သူ​ပင် မ​ဟုတ်​လော။-

ထို​သို့ စုံ​လင်​ခြင်း​သို့​ရောက်​ပြီး​မှ၊ ယုံ​ကြည်​နား​ထောင်​သော သူ​အ​ပေါင်း​တို့​အား ထာ​ဝ​ရ​ကယ်​တင်​ခြင်း ကျေး​ဇူး​ကို ပြု​သော​သူ​ဖြစ်​တော်​မူ၍။-

ငါ​တို့​အ​ပေါ်​သို့ ကျ​ကြ​ပါ။ ပ​လ္လင်​ပေါ်​မှာ ထိုင်​တော်​မူ​သော​သူ၏ မျက်​နှာ​နှင့် သိုး​သ​ငယ်၏ အ​မျက်​တော်​ကို ကွယ်​ကာ၍၊ ငါ​တို့​ကို​ဖုံး​အုပ်​ကြ​ပါ။-

တစ်​ပါး​အ​မျိုး​သား​ကိုး​ကွယ်​သော ဘု​ရား​တို့​ကို​ပယ်၍ ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​ပြု​ကြ၏။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ခံ​ရ​သော ဒု​က္ခ​ဆင်း​ရဲ​ကြောင့် နာ​ကျင်​သော​စိတ်​နှ​လုံး​ရှိ​တော်​မူ၏။

အ​မျက်​ထွက်၍၊ ထို​လ​ဆန်း​နှစ်​ရက်​နေ့၌ အ​စာ​မ​စား​ဘဲ ထ​သွား၏။ မိ​မိ​အ​ဘ​သည် ဒါ​ဝိဒ်​ကို အ​ရှက်​ခွဲ​သော​ကြောင့် ဒါ​ဝိဒ်​အ​တွက် ညှိုး​ငယ်​သော​စိတ်​ရှိ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ