ကိုယ်တော်က၊ ငါ့အမိ၊ ငါ့ညီကား အဘယ်သူနည်းဟု မေးတော်မူ၍၊-
ကိုယ်တော်၏ အဆွေအမျိုးတို့သည်ကြားလျှင်၊ သူသည် အရူးဖြစ်၏ဟုဆို၍ ကိုယ်တော်ကို ဖမ်းဆီးခြင်းငှာ ထွက်သွားကြ၏။-
ခြံရံလျက် ထိုင်သောသူများတို့က၊ မယ်တော်နှင့် ညီတော်တို့သည် ကိုယ်တော်ကိုရှာလျက် ပြင်မှာရှိကြပါ၏ဟု လျှောက်လျှင်၊-
ခြံရံလျက်ထိုင်သောသူတို့ကို ပတ်လည်ကြည့်ရှု၍၊ ဤသူတို့သည် ငါ့အမိ၊ ငါ့ညီပေတည်း။-
သူသည် လက်သမားမဟုတ်လော။ မာရိ၏သား မဟုတ်လော။ ယာကုပ်၊ ယောသေ၊ ယုဒ၊ ရှိမုန်တို့၏ အစ်ကိုမဟုတ်လော။ သူ့နှမများသည်လည်း ငါတို့နှင့် အနီးအပါးနေကြသည်မဟုတ်လောဟု ပြောဆိုလျက် စေတနာစိတ် ပျက်ကြ၏။-
ယေရှုက၊ မိဘသည် အဘယ်ကြောင့် အကျွန်ုပ်ကို ရှာရပါသနည်း။ အကျွန်ုပ်သည် အဘ၏အိမ်၌ နေရသည်ကို မသိပါသလောဟု ပြောဆိုလျှင်၊-
ယေရှုကလည်း၊ အချင်းမိန်းမ၊ သင်သည် ငါနှင့် အဘယ်သို့ဆိုင်သနည်း။ ငါ့အချိန်မရောက်သေးဟု မိန့်တော်မူ၏။-
သို့ဖြစ်လျှင်၊ ယခုမှစ၍ ငါတို့သည် ဇာတိအမျိုးကိုထောက်၍ အဘယ်သူကိုမျှ မသိမမှတ်။ ဇာတိအမျိုးကိုထောက်၍ ခရစ်တော်ကို အထက်က သိမှတ်သော်လည်း၊ ယခုမှစ၍ ထိုသို့သောသိမှတ်ခြင်း မရှိ။
ထိုသူသည် ကိုယ်မိဘဖြစ်သော်လည်း ငါမတွေ့မမြင်ဟု ဆိုတတ်၏။ ကိုယ်ညီအစ်ကိုကိုလည်း မမှတ်တတ်။ ကိုယ်သားသမီးကိုလည်း မသိတတ်။ အကြောင်းမူကား၊ စကားတော်ကိုနားထောင်၍ ပဋိညာဉ်တရားတော်ကို စောင့်ရှောက်တတ်၏။